ဥရောပကိုတိုက်ဖို့ ရုရှားနိုင်ငံလိုလားခြင်းမရှိဟု အမေရိကန်အစိုးရပြော

113

ဂျန်ဇက် (NP News) - မတ် ၂၃
ရုရှားဟာ ဥရောပတိုက်ရှိ အခြားနိုင်ငံတွေကို ကျူးကျော်ဖို့ ဆန္ဒမရှိကြောင်း အမေရိကန်အစိုးရဲ့ အထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က ဥရောပကို ရုရှားနိုင်ငံကျူးကျော်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။ အမေရိကန်အထူးကိုယ်က "ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဆန္ဒမရှိဘူး။ ဂါဇာဒေသကျူးကျော်ခံရမူ အဖြစ်ပျက်ပုံစံမျိုးနဲ့ အလားတူတယ်။ အစ္စရေးဟာ ဂါဇာ ဒေသကို ကျူးကျော်သိမ်းပိုက်ဖို့ ဆန္ဒမရှိဘူး။ အစ္စရေးဟာ တည်ငြိမ်ရေးလိုလားတယ်။ တည်ငြိမ်မှု မရတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တယ်။ ဒီလိုပါပဲ။ ရုရှားကလည်း တည်ငြိမ်မှုလိုချင်ခဲ့တာ" လို့ ပြောပါတယ်
ရုရှား ဟာယူကရိန်းနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ယူကရိန်း ပိုင်နက် ခရိုင်းမီးနီးယား အပါအဝင် ယူကရိန်းပိုင်နက်ဒေ သ ၅ ခုအထိ သိမ်းယူထားပါတယ်။ အမေရိကန်သမ္မတဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ကို အပစ်ခတ်ရပ်စဲ ရေး ရယူနိုင်ဖို့ ကြားဝင်ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အထူးကိူယ်စားလှယ်က ရုရှားသမ္မတပူတင် ကိုယ်တိုင် ငြင်းဆန်ထားလို့ ပြောပါတယ်။ ပူတင်ဟာဥရောပတိုက်ကို တိုက်ခိုက်ဖို့ အမှန်တကယ်ကို ဆန္ဒမရှိ ကြောင်း ပြောထားပါတယ်လို့ အမေရိကန်အထူးကိုယ်စားလှယ်က ထပ်မံ ပြောဆိုထားပါတယ်။

Zawgyi Version
ဥေရာပကိုတိုက္ဖို႔ ႐ုရွားႏိုင္ငံလိုလားျခင္းမရွိဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၃
႐ုရွားဟာ ဥေရာပတိုက္ရွိ အျခားႏိုင္ငံေတြကို က်ဴးေက်ာ္ဖို႔ ဆႏၵမရွိေၾကာင္း အေမရိကန္အစိုးရဲ႕ အထူး ကိုယ္စားလွယ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေရွ႕အလယ္ပိုင္းဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္က ဥေရာပကို ႐ုရွားႏိုင္ငံက်ဴးေက်ာ္မယ္ဆိုတဲ့ စိုးရိမ္မႈေတြကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။ အေမရိကန္အထူးကိုယ္က "႐ုရွားဟာ ယူကရိန္းကို က်ဴးေက်ာ္ဖို႔ ဆႏၵမရွိဘူး။ ဂါဇာေဒသက်ဴးေက်ာ္ခံရမူ အျဖစ္ပ်က္ပုံစံမ်ိဳးနဲ႔ အလားတူတယ္။ အစၥေရးဟာ ဂါဇာ ေဒသကို က်ဴးေက်ာ္သိမ္းပိုက္ဖို႔ ဆႏၵမရွိဘူး။ အစၥေရးဟာ တည္ၿငိမ္ေရးလိုလားတယ္။ တည္ၿငိမ္မႈ မရတဲ့အခ်ိန္မွာ တိုက္ခိုက္ခဲ့တယ္။ ဒီလိုပါပဲ။ ႐ုရွားကလည္း တည္ၿငိမ္မႈလိုခ်င္ခဲ့တာ" လို႔ ေျပာပါတယ္
႐ုရွား ဟာယူကရိန္းနဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ယူကရိန္း ပိုင္နက္ ခ႐ိုင္းမီးနီးယား အပါအဝင္ ယူကရိန္းပိုင္နက္ေဒ သ ၅ ခုအထိ သိမ္းယူထားပါတယ္။ အေမရိကန္သမၼတဟာ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ကို အပစ္ခတ္ရပ္စဲ ေရး ရယူႏိုင္ဖို႔ ၾကားဝင္ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္အထူးကိူယ္စားလွယ္က ႐ုရွားသမၼတပူတင္ ကိုယ္တိုင္ ျငင္းဆန္ထားလို႔ ေျပာပါတယ္။ ပူတင္ဟာဥေရာပတိုက္ကို တိုက္ခိုက္ဖို႔ အမွန္တကယ္ကို ဆႏၵမရွိ ေၾကာင္း ေျပာထားပါတယ္လို႔ အေမရိကန္အထူးကိုယ္စားလွယ္က ထပ္မံ ေျပာဆိုထားပါတယ္။