နိုင်ငံအလိုက်စေလွှတ်မည့် လုပ်သားအရေအတွက်ကို ကန့်သတ်မည်ဟု သတင်းထွက်ပေါ်

 1161

ယွန်း ( NP News ) မတ်-၂၃
နိုင်ငံအလိုက်စေလွှတ်မည့် လုပ်သားအရေ အတွက်ကို ကန့်သတ်သွားမည်ဟု သတင်းများထွက် ပေါ်နေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်ထုတ်ပေးမှုကို ပြီးခဲ့သည့် ‌ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရာ မတ်လ(၂၀)ရက်တွင် အဆိုပါကတ်များကို စိစစ်ပြီး ပြန်လည်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။ လတ် တလောသတင်းများအရ မတ်လ(၂၂)ရက်မှစ၍ အေဂျင်စီများ၏ လုပ်သားစေလွှတ်ခွင့်ကို နိုင်ငံအလိုက် လုပ်သားအရေအတွက်ကန့်သတ်သွားမည်ဖြစ် ကြောင်း သိရသည်။
“(၂၂) ရက်မှာ အေဂျင်စီတွေကို နိုင်ငံအလိုက် လူဦးရေကန့်သတ်မယ်လို့ကြားတယ်။ လုပ် သားအရေအတွက် ကန့်သတ်မယ်လို့ကြားတယ်။ နိုင်ငံအလိုက်၊ အေဂျင်စီအလိုက် ထုတ်ပြန်မယ်လို့တော့ ပြောတယ်။ လက်ရှိ တယ်လီ ဂရမ်မှာ ထုတ်ပြန်နေတာ တွေကတော့ အရင်ခွင့်ပြုချက်ရပြီးသားတွေပေါ့။ ကျန်တာတွေတော့မပြောသေးဘူး။ လုပ်သား ကတော့ အရေအတွက်ကို ကန့်သတ်တာ။ ဥပမာ- တစ်လကိုလူတစ်သောင်းသတ်မှတ်မယ်ဆိုရင် ဘယ်နိုင်ငံကိုတော့ ဘယ်‌လောက်ခွင့်ပြုမယ်။ ဘယ်အေဂျင်စီကတော့ ဘယ်လောက်ခွင့်ပြုမယ်။ အဲဒီလိုမျိုးသတ်မှတ်ချက်။ လူဦးရေကို ထိန်းချုပ်သလို အလုပ်အကိုင် အမျိုးအစားကိုလည်း ထိန်းချုပ်မယ်လို့ထင်တယ်။ ပြီးရင် စာချုပ်ချုပ်မယ့်နေရာတွေ ပြောင်းသွားမယ်။ အရင်တုန်းက စာချုပ်ချုပ်တာကတော့ မြို့နယ်အလိုက် လေဘာရုံးတွေမှာ သွားချုပ်လို့ရတယ်။ အခုကတော့ သူတို့သတ်မှတ်နေရာစီစဉ်ပေးမယ်”ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအစီအစဉ်ကို ထိုင်းနိုင်ငံသို့စေ လွှတ်မည့်လုပ်သားများကို စတင်ဆောင်ရွက်မည်ဖြစ် ပြီး အဓိကအားဖြင့် အလုပ်ပုံစံကိုစိစစ်၍ ကန့်သတ် မည့် သဘောမျိုးဖြစ်နိုင်ကြောင်း သိရသည်။
“အရင်လုပ်သားတွေကိုစေလွှတ်ပြီးမှနောက် Demand တွေကိုခွင့်ပြုမယ်ဆိုတာမျိုးပေါ့။ ဂျပန်နိုင်ငံကျတော့ ဂျပန်နိုင်ငံက COE ကျပြီဆိုရင် သုံးလအတွင်းစေလွှတ်ရတယ်။ သက်တမ်းသုံးလပဲရ တယ်။ အဲဒီအချိန်မှာ ဒီဘက်ကခွင့် ပြုချက်ကလည်းရဖို့လိုတယ်။ ဒီဘက်ကလုပ်ငန်းစဉ်တွေကလည်း မြန်မြန်ဆန်ဆန်ပြီးဖို့လိုတယ်။ အဲဒါမှ ကျွန်တော် တို့ကအချိန်ကိုက်လုပ်လို့ရမှာ။ အဲဒီခွင့်ပြုချက်မရသေးဘူး ဟိုဘက်ကသက်တမ်းကုန်လို့ သက်တမ်းပြန်တိုးရမယ် ဆို ဒီဘက်မှာက အခက်အခဲဆက်ဖြစ်ဦးမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားအရေအတွက်ထိန်းချုပ်နိုင်ရေးအတွက် (၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကျွမ်းကျင်လုပ်သားများကို ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခွင့် ပြုရန်စီစဉ်နေခဲ့ကြောင်း ကိုလည်း အေဂျင်စီအချို့က NP News ထံ အသိပေးပြောဆိုမှုများ ရှိခဲ့ဖူးသည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာလုပ်သားများအတွက် လုပ်ခလစာများလာနိုင်သည့် အပြင် ပြည်ပ နိုင်ငံများသို့ တရားမဝင်သွားရောက်နေသည့် လုပ်သားအရေအတွက်ကိုလည်း ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သောအလုပ်သမားများပြားရာ နိုင်ငံတစ်ခုဖြစ်သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်းစတင်ဖြစ်ပွားပြီး‌ နောက်ပိုင်း ကာလများတွင် စီးပွားရေးအဆင်မပြေမှုများ၊ လုပ်ခ လစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့်ပမာဏ ပိုမိုများပြားလာ ခဲ့သည်။

Zawgyi Version:
ႏိုင္ငံအလိုက္ ေစလႊတ္မည့္ လုပ္သားအေရအတြက္ကို ကန႔္သတ္မည္ဟု
သတင္းထြက္ေပၚ
ယြန္း ( NP News ) မတ္-၂၃
ႏိုင္ငံအလိုက္ေစလႊတ္မည့္ လုပ္သားအေရ အတြက္ကို ကန႔္သတ္သြားမည္ဟု သတင္းမ်ားထြက္ ေပၚေနေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ျပည္ပသို႔အလုပ္ျဖင့္ထြက္ခြာရန္ အဓိကက်သည့္ OWIC ကတ္ထုတ္ေပးမႈကို ၿပီးခဲ့သည့္ ‌ေဖေဖာ္ဝါရီ(၁၄) ရက္မွစ၍ ယာယီရပ္ဆိုင္းထားခဲ့ရာ မတ္လ(၂၀)ရက္တြင္ အဆိုပါကတ္မ်ားကို စိစစ္ၿပီး ျပန္လည္ထုတ္ေပးလ်က္ရွိ ေၾကာင္း သိရသည္။ လတ္ တေလာသတင္းမ်ားအရ မတ္လ(၂၂)ရက္မွစ၍ ေအဂ်င္စီမ်ား၏ လုပ္သားေစလႊတ္ခြင့္ကို ႏိုင္ငံအလိုက္ လုပ္သားအေရအတြက္ကန႔္သတ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
“(၂၂) ရက္မွာ ေအဂ်င္စီေတြကို ႏိုင္ငံအလိုက္ လူဦးေရကန႔္သတ္မယ္လို႔ၾကားတယ္။ လုပ္ သားအေရအတြက္ ကန႔္သတ္မယ္လို႔ၾကားတယ္။ ႏိုင္ငံအလိုက္၊ ေအဂ်င္စီအလိုက္ ထုတ္ျပန္မယ္လို႔ေတာ့ ေျပာတယ္။ လက္ရွိ တယ္လီ ဂရမ္မွာ ထုတ္ျပန္ေနတာ ေတြကေတာ့ အရင္ခြင့္ျပဳခ်က္ရၿပီးသားေတြေပါ့။ က်န္တာေတြေတာ့မေျပာေသးဘူး။ လုပ္သား ကေတာ့ အေရအတြက္ကို ကန႔္သတ္တာ။ ဥပမာ- တစ္လကိုလူတစ္ေသာင္းသတ္မွတ္မယ္ဆိုရင္ ဘယ္ႏိုင္ငံကိုေတာ့ ဘယ္‌ေလာက္ခြင့္ျပဳမယ္။ ဘယ္ေအဂ်င္စီကေတာ့ ဘယ္ေလာက္ခြင့္ျပဳမယ္။ အဲဒီလိုမ်ိဳးသတ္မွတ္ခ်က္။ လူဦးေရကို ထိန္းခ်ဳပ္သလို အလုပ္အကိုင္ အမ်ိဳးအစားကိုလည္း ထိန္းခ်ဳပ္မယ္လို႔ထင္တယ္။ ၿပီးရင္ စာခ်ဳပ္ခ်ဳပ္မယ့္ေနရာေတြ ေျပာင္းသြားမယ္။ အရင္တုန္းက စာခ်ဳပ္ခ်ဳပ္တာကေတာ့ ၿမိဳ႕နယ္အလိုက္ ေလဘာ႐ုံးေတြမွာ သြားခ်ဳပ္လို႔ရတယ္။ အခုကေတာ့ သူတို႔သတ္မွတ္ေနရာစီစဥ္ေပးမယ္”ဟု ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါအစီအစဥ္ကို ထိုင္းႏိုင္ငံသို႔ေစ လႊတ္မည့္လုပ္သားမ်ားကို စတင္ေဆာင္႐ြက္မည္ျဖစ္ ၿပီး အဓိကအားျဖင့္ အလုပ္ပုံစံကိုစိစစ္၍ ကန႔္သတ္ မည့္ သေဘာမ်ိဳးျဖစ္ႏိုင္ေၾကာင္း သိရသည္။
“အရင္လုပ္သားေတြကိုေစလႊတ္ၿပီးမွေနာက္ Demand ေတြကိုခြင့္ျပဳမယ္ဆိုတာမ်ိဳးေပါ့။ ဂ်ပန္ႏိုင္ငံက်ေတာ့ ဂ်ပန္ႏိုင္ငံက COE က်ၿပီဆိုရင္ သုံးလအတြင္းေစလႊတ္ရတယ္။ သက္တမ္းသုံးလပဲရ တယ္။ အဲဒီအခ်ိန္မွာ ဒီဘက္ကခြင့္ ျပဳခ်က္ကလည္းရဖို႔လိုတယ္။ ဒီဘက္ကလုပ္ငန္းစဥ္ေတြကလည္း ျမန္ျမန္ဆန္ဆန္ၿပီးဖို႔လိုတယ္။ အဲဒါမွ ကြၽန္ေတာ္ တို႔ကအခ်ိန္ကိုက္လုပ္လို႔ရမွာ။ အဲဒီခြင့္ျပဳခ်က္မရေသးဘူး ဟိုဘက္ကသက္တမ္းကုန္လို႔ သက္တမ္းျပန္တိုးရမယ္ ဆို ဒီဘက္မွာက အခက္အခဲဆက္ျဖစ္ဦးမယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ လုပ္သားအေရအတြက္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ (၂၀၂၄)ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ ကြၽမ္းက်င္လုပ္သားမ်ားကို ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္ကိုင္ခြင့္ ျပဳရန္စီစဥ္ေနခဲ့ေၾကာင္း ကိုလည္း ေအဂ်င္စီအခ်ိဳ႕က NP News ထံ အသိေပးေျပာဆိုမႈမ်ား ရွိခဲ့ဖူးသည္။
ထိုသို႔ သတ္မွတ္လိုက္ျခင္းေၾကာင့္ ျမန္မာလုပ္သားမ်ားအတြက္ လုပ္ခလစာမ်ားလာႏိုင္သည့္ အျပင္ ျပည္ပ ႏိုင္ငံမ်ားသို႔ တရားမဝင္သြားေရာက္ေနသည့္ လုပ္သားအေရအတြက္ကိုလည္း ထိန္းခ်ဳပ္ႏိုင္ မည္ျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသည္ ျပည္ပသို႔သြားေရာက္လုပ္ကိုင္ေသာအလုပ္သမားမ်ားျပားရာ ႏိုင္ငံတစ္ခုျဖစ္သည့္အျပင္ ျပည္တြင္း၌ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္းစတင္ျဖစ္ပြားၿပီး‌ ေနာက္ပိုင္း ကာလမ်ားတြင္ စီးပြားေရးအဆင္မေျပမႈမ်ား၊ လုပ္ခ လစာ နည္းပါးမႈမ်ားႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္သည့္ပမာဏ ပိုမိုမ်ားျပားလာ ခဲ့သည္။

Related news

© 2021. All rights reserved.