တိန့်ရှိန်ရွှေဆိုင်ကို ဓားပြတိုက်သူများမှာ အသက် ၂ဝ အောက် လူငယ်များဖြစ်နေ

2535

ပီယ (NP News) - မတ် ၂၃
ရန်ကုန်မြို့လယ်က တိတ်ရှိန် ရွှေဆိုင်ကို ယနေ့ (မတ်လ ၂၃ ရက်) နံနက်က ကော်သေနတ်ဖြင့် ဓားပြတိုက်သူများ မှာ အသက် ၁၈ နှစ် မှ ၂၀ အတွင်း လူငယ်များ ဖြစ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည်။
မတ်လ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်၌ ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်း အမျိုးသမီး ၇ ဦးတို့နှင့်အတူ ရှိနေစဉ် Mask များ တပ်ဆင်ထားသည့် အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ ၄ ဦးအနက် ၁ ဦးက သေနတ်အတို ၁ လက် အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်း မျိုးစုံ(၂၀) ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး အခင်း ဖြစ်ရပ်မှတ်တမ်းများ ရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူ တရားခံများ သည် YGN-42 AA-1938 နံပါတ်တပ်ဆင် ထားသည့် Toyota Corolla အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော် မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းဖြစ်သူ စည်သူကျော်(၄၃)နှစ် အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ယာဉ်မောင်းဖြစ်သူ စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူ တရားခံများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေ(၄၀၀၀) ကျပ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ပတ္တမြားရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ် (ဘ)ဦးသိန်းထွန်း၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေ သက်ထူးဇင်(၂၀)နှစ် (ဘ)ဦးအောင်မျိုးဆက်၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ် (ဘ)ဦးကျော်သူရ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေ မင်းခန့်ကို(ခ)ဖိုးကာ(၁၉)နှစ် (ဘ)ဦးနိုင်ထူးတို့ ၄ ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်(၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ တရားခံ လင်းသန့်အောင်ပါ ၄ ဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် မတ်လ ၂၀ ရက်နေ့တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍ အခြေအနေကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီး နောက် “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှု ကျူးလွန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော် သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် တရားခံ လင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု စာတွင် ဖော်ပြထားသည်။
ဖြစ်စဉ်တွင် “တိတ်ရှိန်"ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သူများဖြစ်သည့် လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့ ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ၆ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တိန႔္ရွိန္ေ႐ႊဆိုင္ကို ဓားျပတိုက္သူမ်ားမွာ အသက္ ၂ဝ ေအာက္ လူငယ္မ်ားျဖစ္ေန
ပီယ (NP News) - မတ္ ၂၃
ရန္ကုန္ၿမိဳ႕လယ္က တိတ္ရွိန္ ေ႐ႊဆိုင္ကို ယေန႔ (မတ္လ ၂၃ ရက္) နံနက္က ေကာ္ေသနတ္ျဖင့္ ဓားျပတိုက္သူမ်ား မွာ အသက္ ၁၈ ႏွစ္ မွ ၂၀ အတြင္း လူငယ္မ်ား ျဖစ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ ခ်က္အရ သိရသည္။
မတ္လ ၂၃ ရက္ နံနက္ ၈ နာရီ ၄၅ မိနစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ (၂၉)လမ္းႏွင့္ (၃၀)လမ္းၾကား၊ မဟာဗႏၶဳလလမ္းေပၚရွိ“တိတ္ရွိန္”ေ႐ႊဆိုင္၌ ဆိုင္ပိုင္ရွင္၏သမီးျဖစ္သူ မျမတ္သၪၨာမိုး(၂၃)ႏွစ္သည္ ဆိုင္ဝန္ထမ္း အမ်ိဳးသမီး ၇ ဦးတို႔ႏွင့္အတူ ရွိေနစဥ္ Mask မ်ား တပ္ဆင္ထားသည့္ အမ်ိဳးသား ၄ ဦး(စိစစ္ဆဲ)သည္ ဆိုင္အတြင္း ဝင္ေရာက္လာၿပီး ၎တို႔ ၄ ဦးအနက္ ၁ ဦးက ေသနတ္အတို ၁ လက္ အား ကိုင္ေဆာင္ကာ ေသနတ္ျပ ၿခိမ္းေျခာက္ၿပီး မွန္ေကာင္တာအတြင္းရွိ ေ႐ႊထည္ပစၥည္း မ်ိဳးစုံ(၂၀) က်ပ္သားခန႔္ (တန္ဖိုးေငြက်ပ္သိန္း ၁၂၀၀ ခန႔္)အား လုယက္ယူေဆာင္ ထြက္ေျပးသြားခဲ့ျခင္း ျဖစ္သည္။
ယင္းေနာက္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး အခင္း ျဖစ္ရပ္မွတ္တမ္းမ်ား ရယူျခင္း၊ နယ္ေျမအတြင္း သတင္းရယူစုံစမ္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ အခင္းျဖစ္ ပတ္ဝန္းက်င္ရွိ တာဝန္သိ ျပည္သူမ်ား၏ သတင္းေပးခ်က္အရ လုယက္မႈက်ဴးလြန္သူ တရားခံမ်ား သည္ YGN-42 AA-1938 နံပါတ္တပ္ဆင္ ထားသည့္ Toyota Corolla အမ်ိဳးအစား အျဖဴေရာင္ အငွားယာဥ္ျဖင့္ ပန္းဆိုးတန္းလမ္းဘက္သို႔ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရွိရသျဖင့္ အဆိုပါ အငွားယာဥ္အား စုံစမ္းရွာေဖြခဲ့ရာ နံနက္ ၁၁ နာရီတြင္ လမ္းမေတာ္ ၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ဝါးတန္းလမ္းႏွင့္ အေနာ္ရထာလမ္းဆုံတြင္ ယာဥ္ႏွင့္အတူ ယာဥ္ေမာင္းျဖစ္သူ စည္သူေက်ာ္(၄၃)ႏွစ္ အား ေတြ႕ရွိရသျဖင့္ သက္ဆိုင္ရာသို႔ ထိန္းသိမ္းေခၚယူစစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။
ယာဥ္ေမာင္းျဖစ္သူ စည္သူေက်ာ္၏ ထြက္ဆိုခ်က္အရ ၎သည္ လုယက္မႈက်ဴးလြန္သူ တရားခံမ်ားအား ေက်ာက္တံတားၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္၊ ကမ္းနားလမ္းႏွင့္ ဗိုလ္ေအာင္ေက်ာ္ လမ္းဆုံသို႔ ေငြ(၄၀၀၀) က်ပ္ျဖင့္ လိုက္ပါပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ဆက္လက္ စုံစမ္းစစ္ေဆးခဲ့ရာ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ဗိုလ္ေအာင္ေက်ာ္လမ္း၊ အမွတ္(၁၁၄/၁၁၆)ရွိ Casa Myanmar Hotel ၊ အခန္းအမွတ္(၃၀၁)၌ “တိတ္ရွိန္”ေ႐ႊဆိုင္အား လုယက္မႈက်ဴးလြန္သူ တရားခံမ်ားျဖစ္ၾကသည့္ မြန္ျပည္နယ္၊ က်ိဳက္ထို ၿမိဳ႕နယ္၊ ပတၱျမားရပ္ကြက္ေန လင္းသန႔္ေအာင္(၁၈)ႏွစ္ (ဘ)ဦးသိန္းထြန္း၊ သထုံၿမိဳ႕နယ္၊ ေပၚေတာ္မူေက်း႐ြာေန သက္ထူးဇင္(၂၀)ႏွစ္ (ဘ)ဦးေအာင္မ်ိဳးဆက္၊ ေ႐ႊျပည္သာၿမိဳ႕ နယ္၊ အမွတ္(၁၉)ရပ္ကြက္ေန ေကာင္းခန႔္သူရ(ခ)ဝသုန္(၁၉)ႏွစ္ (ဘ)ဦးေက်ာ္သူရ၊ ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕ နယ္၊ စစ္ဗိုလ္ႀကီး ေက်း႐ြာေန မင္းခန႔္ကို(ခ)ဖိုးကာ(၁၉)ႏွစ္ (ဘ)ဦးႏိုင္ထူးတို႔ ၄ ဦးအား လုယက္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ အနက္ေရာင္ေကာ္ေသနတ္(၁)လက္၊ သံျဖတ္လႊ(၃)ေခ်ာင္း၊ လုယက္ယူေဆာင္ရာမွ ရရွိသည့္ ေ႐ႊလက္ေကာက္မ်ိဳးစုံ(၅၁)ကြင္း၊ ေ႐ႊလက္စြပ္မ်ိဳးစုံ(၃၇)ကြင္းႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရ မိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူ တရားခံ လင္းသန႔္ေအာင္ပါ ၄ ဦးအား ဆက္လက္စစ္ေဆးခ်က္အရ ၎တို႔ ၄ ဦးသည္ မတ္လ ၂၀ ရက္ေန႔တြင္ Casa Myanmar Hotel သို႔ ေရာက္ရွိတည္းခိုခဲ့ၿပီး ေငြေၾကး လိုအပ္ခ်က္အရ မဟာဗႏၶဳလလမ္းေပၚရွိ ေ႐ႊဆိုင္မ်ားအား လုယက္မႈက်ဴးလြန္ရန္အတြက္ လိုက္လံ၍ အေျခအေနၾကည့္ရႈခဲ့ၾကေၾကာင္း၊ ထိုသို႔ၾကည့္ရႈၿပီး ေနာက္ “တိတ္ရွိန္”ေ႐ႊဆိုင္အား လုယက္မႈ က်ဴးလြန္ရန္ ေ႐ြးခ်ယ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ လုယက္ရာတြင္ အသုံးျပဳခဲ့သည့္ အနက္ေရာင္ေကာ္ ေသနတ္အား ဆူးေလဘုရားအနီး၊ မဟာဗႏၶဳလလမ္းေပၚရွိ စတိုးဆိုင္တစ္ဆိုင္မွ ဝယ္ယူခဲ့ျခင္းျဖစ္ ေၾကာင္းႏွင့္ လုယက္မႈက်ဴးလြန္ရာတြင္ တရားခံ လင္းသန႔္ေအာင္မွ အဆိုပါေကာ္ေသနတ္အား ကိုင္ေဆာင္အသုံးျပဳကာ ဦးေဆာင္၍ လုယက္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု စာတြင္ ေဖာ္ျပထားသည္။
ျဖစ္စဥ္တြင္ “တိတ္ရွိန္"ေ႐ႊဆိုင္အား ေသနတ္ျပၿခိမ္းေျခာက္၍ ေ႐ႊထည္ပစၥည္းမ်ားအား လုယက္မႈက်ဴးလြန္ခဲ့သူမ်ားျဖစ္သည့္ လင္းသန႔္ေအာင္၊ ေကာင္းခန႔္သူရ(ခ)ဝသုန္၊ မင္းခန႔္ကို(ခ) ဖိုးကာႏွင့္ သက္ထူးဇင္တို႔ ၄ ဦးအား သက္ေသခံေ႐ႊထည္ပစၥည္းမ်ားႏွင့္အတူ ျဖစ္စဥ္ျဖစ္ပြားသည့္ အခ်ိန္မွ ၆ နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။