၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထား

 291

ပီယ (NP News) - မတ် ၂၅

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားသည်။

အဆိုပါ စကားကို မတ်လ ၂၄ ရက် က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသောဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ထည့်ငွက်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ဆက်သွယ်ရေးကိစ္စရပ်များနှင့် ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးအစရှိသည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒအရ သုံးစွဲရမည့်အသုံးစရိတ်များ၊ ပြည်သူအတွက် အရေးတကြီးဆောင်ရွက်ပေးရန်လိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုသည့်အသုံးစရိတ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်နိုင်မည့် အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ဘဏ္ဍာရေးနှစ်အလိုက်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရငွေရရှိမှု ၇၁ ဒသမ ၇၈ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၇၇ ဒသမ ၀၆ ရာခိုင်နှုန်း၊၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၆ ဒသမ ၁၀ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၈၄ ဒသမ၂၅ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၁၀၄ ဒသမ ၉၆ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၉၀ ဒသမ ၇၈ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၈၉ ဒသမ ၃၂ ရာခိုင်နှုန်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ရငွေရရှိမှု ၇၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၅၉ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း ပြောကြားသည်။

နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေ တည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေးတိုးတက်မှုရရှိစေရေး လိုငွေနှင့် ဂျီဒီပီအချိုးကို သင့်တင့်သည့်ပမာဏအတွင်း ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန်လိုကြောင်း ပြောကြားသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ နစကစီဥက္ကဋ္ဌက ဘဏ္ဍာငွေများကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အသုံးစရိတ်များ တိုးမြှင့်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ပေးခြင်းမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပါက နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘက်ဂျက်များလျာထားရာတွင် အမှန်တကယ် အသုံးပြုနိုင်မည့် ပမာဏများကို လျာထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဘက်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေများကို အမှန်တကယ်အကျိုးရှိသည့် နေရာများတွင်သာ အသုံးပြုရန်လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ စွမ်းရည်နှင့်စွမ်းအားမြှင့်တင်နိုင်ရေးအတွက်လည်း ဘက်ဂျက်ငွေများသုံးစွဲရခြင်းများရှိကြောင်း၊ နိုင်ငံတကာတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ​လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများသည် အချိန်တိုအတွင်း ဆောင်ရွက်၍မရဘဲ အချိန်ယူတည်ဆောက်ရသည့်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် တည်ဆောက်ဆဲစီမံကိန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ပုဂ္ဂလိက တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်ဘက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဝိုင်းဝန်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

zawgyi version

၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ ဂ်ီဒီပီ ကို က်ပ္ ၁၇၁,၄၉၈ ဘီလီယံႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကို ၃ ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထား

ပီယ (NP News) - မတ္ ၂၅

၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ တစ္မ်ိဳးသားလုံး၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုး (ဂ်ီဒီပီ)ကို က်ပ္ ၁၇၁,၄၉၈ ဘီလီယံရရွိရန္ ေမွ်ာ္မွန္းထားၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကိုလည္း ၃ ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း ဘ႑ာေရးဆိုင္ရာေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ထည့္သြင္းေျပာၾကားသည္။

အဆိုပါ စကားကို မတ္လ ၂၄ ရက္ က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေသာဘ႑ာေရးဆိုင္ရာေကာ္မရွင္အစည္းအေဝးတြင္ ထည့္ငြက္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။


ဌာန၊ အဖြဲ႕အစည္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္၏ဘ႑ာရန္ပုံေငြကို ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုက္႐ိုက္အေထာက္အကူျပဳႏိုင္သည့္ အသုံးစရိတ္မ်ားျဖစ္ေသာ အေျခခံအေဆာက္အအုံဆိုင္ရာ လမ္းတံတား၊ လွ်ပ္စစ္ဓာတ္အားရရွိေရး၊ ပို႔ေဆာင္ဆက္သြယ္ေရးကိစၥရပ္မ်ားႏွင့္ ပို႔ကုန္ျမႇင့္တင္ေရး၊ သြင္းကုန္အစားထိုးေရး၊ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေရးအစရွိသည့္ အသုံးစရိတ္မ်ားကို ဦးစားေပးသုံးစြဲရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏မူဝါဒအရ သုံးစြဲရမည့္အသုံးစရိတ္မ်ား၊ ျပည္သူအတြက္ အေရးတႀကီးေဆာင္႐ြက္ေပးရန္လိုအပ္သည့္ အသုံးစရိတ္မ်ား၊ ႏိုင္ငံ့စီးပြားျမႇင့္တင္ႏိုင္ေရး၊ အလုပ္အကိုင္အခြင့္အလမ္းေပါမ်ားေစေရးႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရးတို႔ကို အေထာက္အကူျပဳသည့္အသုံးစရိတ္မ်ား၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အားေပးျမႇင့္တင္ႏိုင္မည့္ အသုံးစရိတ္မ်ားကို လိုအပ္ခ်က္ႏွင့္အညီ ႏိုင္ငံေတာ္က ႏွစ္စဥ္ခြင့္ျပဳေပးလ်က္ရွိေၾကာင္း အဖြင့္မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသည္။

ဘ႑ာေရးႏွစ္အလိုက္လ်ာထားခ်က္အေပၚ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မႈအေနျဖင့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ ရေငြရရွိမႈ ၇၁ ဒသမ ၇၈ ရာခိုင္ႏႈန္း၊ သုံးေငြသုံးစြဲမႈ ၇၇ ဒသမ ၀၆ ရာခိုင္ႏႈန္း၊၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္၊ မတ္လအထိ (၆)လ ဘ႑ာေရးႏွစ္မွာ ရေငြရရွိမႈ ၉၆ ဒသမ ၁၀ ရာခိုင္ႏႈန္း၊ သုံးေငြ သုံးစြဲမႈ ၈၄ ဒသမ၂၅ ရာခိုင္ႏႈန္း၊ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္မွာ ရေငြရရွိမႈ ၁၀၄ ဒသမ ၉၆ ရာခိုင္ႏႈန္း၊ သုံးေငြသုံးစြဲမႈ ၉၀ ဒသမ ၇၈ ရာခိုင္ႏႈန္း၊ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္မွာ ရေငြရရွိမႈ ၉၇ ဒသမ ၀၃ ရာခိုင္ႏႈန္း၊ သုံးေငြသုံးစြဲမႈ ၈၉ ဒသမ ၃၂ ရာခိုင္ႏႈန္း၊၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္ ဇန္နဝါရီလအထိ ရေငြရရွိမႈ ၇၁ ဒသမ ၁၁ ရာခိုင္ႏႈန္း၊ သုံးေငြ သုံးစြဲမႈ ၅၉ ဒသမ ၅၅ ရာခိုင္ႏႈန္းျဖစ္သည္ကို ေတြ႕ရေၾကာင္း ေျပာၾကားသည္။

ႏိုင္ငံေတာ္၏ မက္ခ႐ိုစီးပြားေရးအေျခအေန တည္ၿငိမ္မႈႏွင့္ ေရရွည္စီးပြားေရးတိုးတက္မႈရရွိေစေရး လိုေငြႏွင့္ ဂ်ီဒီပီအခ်ိဳးကို သင့္တင့္သည့္ပမာဏအတြင္း ထိန္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ တစ္မ်ိဳးသားလုံး၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုး (ဂ်ီဒီပီ)ကို က်ပ္ ၁၇၁,၄၉၈ ဘီလီယံရရွိရန္ ေမွ်ာ္မွန္းထားၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကိုလည္း ၃ ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း၊ ဌာန၊ အဖြဲ႕အစည္းမ်ားအေနျဖင့္ ျပည္သူ႔ဘ႑ာစီမံခန႔္ခြဲမႈကို တည္ဆဲဥပေဒမ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ အရအသုံးခန႔္မွန္းေျခေငြစာရင္းႏွင့္ ျပည္ေထာင္စု၏ ဘ႑ာေငြအရအသုံးဆိုင္ရာ ဥပေဒၾကမ္းမ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႕က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသို႔ အခ်ိန္မီေပးပို႔တင္ျပႏိုင္ေရးအတြက္ ဘ႑ာေရးဆိုင္ရာေကာ္မရွင္အဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းေဆြးေႏြးအတည္ျပဳေပးၾကရန္လိုေၾကာင္း ေျပာၾကားသည္။

တင္ျပမႈမ်ားႏွင့္စပ္လ်ဥ္း၍ နစကစီဥကၠ႒က ဘ႑ာေငြမ်ားကို ျပည္ထဲေရး၊ ကာကြယ္ေရး၊ က်န္းမာေရးႏွင့္ ပညာေရးက႑မ်ားတြင္ အသုံးစရိတ္မ်ား တိုးျမႇင့္ေပးလ်က္ရွိေၾကာင္း၊ ထိုကဲ့သို႔ တိုးျမႇင့္ေပးျခင္းမွာ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း၊ ေငြေၾကးလည္ပတ္မႈမ်ား ေကာင္းမြန္လာပါက ႏိုင္ငံစီးပြားေရးကို ျမႇင့္တင္ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားအေနျဖင့္ ဘက္ဂ်က္မ်ားလ်ာထားရာတြင္ အမွန္တကယ္ အသုံးျပဳႏိုင္မည့္ ပမာဏမ်ားကို လ်ာထားေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ဘ႑ာေငြမ်ားကို ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ အက်ိဳးရွိမည့္ေနရာမ်ားတြင္ အသုံးခ်ႏိုင္ရန္လိုေၾကာင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ ဘက္ဂ်က္ရေငြမ်ားကို အမွန္တကယ္ရရွိေအာင္ႏွင့္ သုံးေငြမ်ားကို အမွန္တကယ္အက်ိဳးရွိသည့္ ေနရာမ်ားတြင္သာ အသုံးျပဳရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္ရာတြင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ စြမ္းရည္ႏွင့္စြမ္းအားျမႇင့္တင္ႏိုင္ေရးအတြက္လည္း ဘက္ဂ်က္ေငြမ်ားသုံးစြဲရျခင္းမ်ားရွိေၾကာင္း၊ ႏိုင္ငံတကာတြင္လည္း အလားတူပင္ျဖစ္ေၾကာင္း၊ ​လွ်ပ္စစ္ဓာတ္အားထုတ္လုပ္သည့္ စီမံကိန္းမ်ားသည္ အခ်ိန္တိုအတြင္း ေဆာင္႐ြက္၍မရဘဲ အခ်ိန္ယူတည္ေဆာက္ရသည့္လုပ္ငန္းမ်ားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံအတြက္လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ႏိုင္ေရး စီမံကိန္းမ်ားေရးဆြဲအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္ထားရသည့္ တည္ေဆာက္ဆဲစီမံကိန္းမ်ား ျပန္လည္ေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္သည့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈစီမံကိန္းမ်ားကို ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ အလားတူ ပုဂၢလိက တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း မိမိတို႔တတ္ႏိုင္သည့္ဘက္မွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ထိုသို႔ ဝိုင္းဝန္းေဆာင္႐ြက္သြားမည္ဆိုပါက ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို မ်ားစြာအေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.