‌နွေရာသီ လျှပ်စစ်မီးပျက်ချိန်ကြောင့် အိမ်သုံးလျှပ်စစ်ပစ္စည်းဝယ်ယူသူ နည်းပါး

 180

ပြည့်ဖြိုး (NP News) - မတ် ၂၉

ရန်ကုန်တွင် မီးပျက်ချိန်ကြာမြင့်လာမှုကြောင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အရောင်းအဝယ်လျှော့ကျလာ‌ကြောင်း အိမ်သုံးလျှပ်စစ်ပစ္စည်း တင်သွင်းရောင်းချသူများထံမှ သိရသည်။
“အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအကုန်လုံး အရောင်းအဝယ်အေးနေတာပါ။ အရင်နှစ်ကထက်ဆိုရင် ထက်ဝက် လောက်အရောင်းကျဆင်းသွားပါတယ်။‌ နွေရာသီရောက်တာတောင် ပန်ကာ၊ Air Cooler နဲ့ အဲယာကွန်းလေအေး ပေးစက်တွေ အရောင်းအဝယ်ရပ်နေပါတယ်။ မီး မလာတာကြောင့် ပိုဆိုးသွားတာပါ” ဟု မရမ်းကုန်းမြို့နယ်ရှိ အောင်ချို လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ပြောကြားသည်။
ရန်ကုန်ဈေးကွက်တစ်ခုလုံးတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဈေးကွက်အတွင်း ဆိုလာစွမ်းအင်သုံး မီးသီးများနှင့် အားသွင်းသုံး လျှပ်စစ်ကုန်စည်များမှာမှု ဈေးများမြင့်တက်လာနေကြောင်း သိရသည်။
“ရန်ကုန်မှာ တစ်ရက်မီးလာချိန်က ရှစ်နာရီ လောက်ဘဲရှိမယ်လို့ သက်ဆိုင်ရာကကြေငြာချက် ထွက်လာကတည်း က ဘတ္ထရီ အားသွင်း လျှပ်စစ်ပစ္စည်းတွေ ဈေးတက်ကုန်တာဘဲ၊ လျှပ်စစ်ပစ္စည်းတွေဈေးက အရင်နှစ်ကထက် နှစ်ဆ၊ သုံးဆကျော်လောက်မြင့်တက်လာတော့ ဝယ်သုံးတဲ့သူ နည်းသွားတာဘဲ” ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
လက်ရှိနွေရာသီတွင် အပူချိန်မြင့်တက်လာသော်လည်း အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူသူနည်းပါးသွားသည့် အပြင် ပြည်ပမှတင်သွင်းမှုများလည်းလျှော့ချထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
“ချီကို တစ်ကောင်ခွဲတစ်လုံးကို မြန်မာငွေ ၁၅ သိန်းလောက် ပေါက်ဈေးရှိနေတော့ ဝယ်သုံးတဲ့သူနည်းသွားတယ်။ အဲကွန်းတပ်ဆင်တဲ့သူအခုနှစ်မှာ အရမ်းရှားသွားပြီ။ မီးပျက်တာကြောင့်လည်း ပါပါတယ်။ တခြားအိမ်သုံးလျှပ်စစ် ပစ္စည်းတွေဖြစ်တဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်ကနေ ဒယ်နီအထိ အရောင်းကျဆင်းနေပါတယ်” ဟု လေအေးပေးစက် တပ်ဆင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ရန်ကုန် အပါအဝင် မြို့ကြီးများတွင် အချိန်ပိုင်းအလိုက်မီးပေးမှုပြောင်းလဲမည်ဖြစ်ရာ လေးနာရီ မီးလာပြီး ရှစ်နာရီခန့် မီးပျက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
‌ေႏြရာသီ လွ်ပ္စစ္မီးပ်က္ခ်ိန္ေၾကာင့္ အိမ္သုံးလွ်ပ္စစ္ပစၥည္းဝယ္ယူသူ နည္းပါး
ျပည့္ၿဖိဳး (NP News) - မတ္ ၂၉

ရန္ကုန္တြင္ မီးပ်က္ခ်ိန္ၾကာျမင့္လာမႈေၾကာင့္ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ား အေရာင္းအဝယ္ေလွ်ာ့က်လာ‌ေၾကာင္း အိမ္သုံးလွ်ပ္စစ္ပစၥည္း တင္သြင္းေရာင္းခ်သူမ်ားထံမွ သိရသည္။
“အိမ္သုံးလွ်ပ္စစ္ပစၥည္းေတြအကုန္လုံး အေရာင္းအဝယ္ေအးေနတာပါ။ အရင္ႏွစ္ကထက္ဆိုရင္ ထက္ဝက္ ေလာက္အေရာင္းက်ဆင္းသြားပါတယ္။‌ ေႏြရာသီေရာက္တာေတာင္ ပန္ကာ၊ Air Cooler နဲ႔ အဲယာကြန္းေလေအး ေပးစက္ေတြ အေရာင္းအဝယ္ရပ္ေနပါတယ္။ မီး မလာတာေၾကာင့္ ပိုဆိုးသြားတာပါ” ဟု မရမ္းကုန္းၿမိဳ႕နယ္ရွိ ေအာင္ခ်ိဳ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္က ေျပာၾကားသည္။
ရန္ကုန္ေဈးကြက္တစ္ခုလုံးတြင္ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ား ေဈးကြက္အတြင္း ဆိုလာစြမ္းအင္သုံး မီးသီးမ်ားႏွင့္ အားသြင္းသုံး လွ်ပ္စစ္ကုန္စည္မ်ားမွာမႈ ေဈးမ်ားျမင့္တက္လာေနေၾကာင္း သိရသည္။
“ရန္ကုန္မွာ တစ္ရက္မီးလာခ်ိန္က ရွစ္နာရီ ေလာက္ဘဲရွိမယ္လို႔ သက္ဆိုင္ရာကေၾကျငာခ်က္ ထြက္လာကတည္း က ဘတၳရီ အားသြင္း လွ်ပ္စစ္ပစၥည္းေတြ ေဈးတက္ကုန္တာဘဲ၊ လွ်ပ္စစ္ပစၥည္းေတြေဈးက အရင္ႏွစ္ကထက္ ႏွစ္ဆ၊ သုံးဆေက်ာ္ေလာက္ျမင့္တက္လာေတာ့ ဝယ္သုံးတဲ့သူ နည္းသြားတာဘဲ” ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္မွ အိမ္ရွင္မတစ္ဦးက ေျပာသည္။
လက္ရွိေႏြရာသီတြင္ အပူခ်ိန္ျမင့္တက္လာေသာ္လည္း အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ား ဝယ္ယူသူနည္းပါးသြားသည့္ အျပင္ ျပည္ပမွတင္သြင္းမႈမ်ားလည္းေလွ်ာ့ခ်ထားေၾကာင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“ခ်ီကို တစ္ေကာင္ခြဲတစ္လုံးကို ျမန္မာေငြ ၁၅ သိန္းေလာက္ ေပါက္ေဈးရွိေနေတာ့ ဝယ္သုံးတဲ့သူနည္းသြားတယ္။ အဲကြန္းတပ္ဆင္တဲ့သူအခုႏွစ္မွာ အရမ္းရွားသြားၿပီ။ မီးပ်က္တာေၾကာင့္လည္း ပါပါတယ္။ တျခားအိမ္သုံးလွ်ပ္စစ္ ပစၥည္းေတြျဖစ္တဲ့ တီဗြီ၊ ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္ကေန ဒယ္နီအထိ အေရာင္းက်ဆင္းေနပါတယ္” ဟု ေလေအးေပးစက္ တပ္ဆင္သူတစ္ဦးက သုံးသပ္ေျပာၾကားသည္။
ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ အခ်ိန္ပိုင္းအလိုက္မီးေပးမႈေျပာင္းလဲမည္ျဖစ္ရာ ေလးနာရီ မီးလာၿပီး ရွစ္နာရီခန႔္ မီးပ်က္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.