လုပ်သားဦးရေ ကန့်သတ်ထားသော်လည်း အလုပ်ခေါ်စာများကို အစောင်ရေ ကန့်သတ်ချက်မရှိ ခွင့်ပြုသင့်ဟုဆို

 162

ယွန်း (NP News) - မတ် ၂၉

လုပ်သားဦးရေကန့်သတ်သော်လည်း အလုပ်ခေါ်စာများကို အစောင်ရေကန့်သတ်ချက်မရှိခွင့်ပြုသင့်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့်မလေးရှားနိုင်ငံတို့မှလွဲပြီး ကျန်နိုင်ငံများအတွက် အလုပ်ခေါ်စာကို အေဂျင်စီ တစ်ခုလျှင် တစ်လလျှင်အလုပ်သမား(၁၀) ဦးသာ ခွင့်ပြုမည်ဖြစ်ကြောင်း မတ်(၂၇)ရက်တွင် အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၂၂)ရက်မှစပြီး နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်များကို ထုတ်ပြန်ကြေညာခဲ့ ပြီး ထိုင်းနိုင်ငံအတွက် (၅၀)ဦး၊ ဂျပန်နိုင်ငံအတွက် (၁၅)ဦး၊ ကိုရီးယားနိုင်ငံအတွက် (၁၀)ဦး၊ စင်ကာပူအတွက် လုပ်သား(၅)ဦး၊ မလေးရှားအတွက်လုပ်သား (၂၀)ဦး နှင့် အခြားနိုင်ငံများကို (၁၀)ဦးသာခွင့်ပြုကြောင်း အသိပေး ထားခဲ့သည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ခေါ်စာနှင့်ပတ်သက်၍ နေ့စဥ်သတင်းစာတွင် ထုတ်ပြန် လျက်ရှိသော်လည်း အဆိုပါထုတ်ပြန်ချက်များ၌ အသက်အရွယ်ကန့်သတ်ချက်များ နှင့် အလုပ်ခေါ်စာ အစောင်‌ရေ ကန့်သတ်ချက်များကို ထည့်သွင်းဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။

"သတင်းစာမှာထုတ်ပြန်တာက Demand တစ်စောင်လျှင် ဥပမာ - ဂျပန်ဆိုရင် ၁၅ ဦးထက်မပိုသော အလုပ်‌ခေါ်စာ ကို တစ်လလျှင် တစ်ကြိမ်သာတင်ပြရန်လို့ ရေးထားတယ်။ Demand တစ်စောင်လျှင် ၁၅ ဦးဆိုတော့ တစ်ကြိမ်ထဲ ကို ဘယ်နှ‌စောင်တင်လို့ရလဲဆိုတဲ့အချက်မပါဘူး။ အစောင်‌ရေ ကန့်သတ်ချက်မရှိဘူး။ Demand တစ်စောင်မှာ ၁၅ ဦး နဲ့ ဆယ်စောင်တင်လို့ရတာလား။ အဲဒီအချက်ကမရှင်းလင်းဘူး။ ဒါပေမယ့် နှုတ်အားဖြင့်ကတော့ ကျွန်တော်တို့ ကို ကန့်သတ်ချက်တွေရှိတယ်။ ဥပမာ- ယောင်္ကျားလေး အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အထိ လက်မခံတော့ဘူး။ ဒါပေမယ့် စာမှာကျတော့ အဲဒါတွေမပါဘူး။ ကြားထဲမှာ ကွဲလွဲမှုတွေရှိနေတယ်။ ကွဲလွဲမှုရှိတာတွေက ဘယ်လိုမှက အဆင်မပြေအောင်ကိုဖြစ်နေကြတာ။ နိုင်ငံအကုန်လုံးပဲ အဲဒီလိုဖြစ်နေတာ" ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားဦးရေကိုကန့်သတ်ထားသော်လည်း အလုပ်ခေါ်စာများမှာ အလုပ်ရှင် မတူညီမှု၊ လုပ်ငန်းအမျိုးအစားမတူညီမှု၊ လုပ်ခလစာမတူညီမှု၊ နေရာဒေသမတူညီမှုများကြောင့် Demand တစ်စောင်ထဲ၌ အထက်ပါကဲ့သို့ လုပ်သားဦးရေ သတ်မှတ်ထားခြင်းမှာ အခက်အခဲများရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မတိုင်မီ တင်ပြထားသည့် အလုပ်ခေါ်စာများ၌ အေဂျင်စီတစ်ခုတွင် သတ်မှတ်လူဦးရေ (၁၀)ဦး အထက်ပိုနေပါက ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်သားဦးရေ ကန့်သတ်ထားသော်လည်း အလုပ်ခေါ်စာ အစောင်ရေကို အကန့်အသတ်မရှိ သတ်မှတ်သင့်ပြီး သံရုံးက အတည်ပြုထားပြီးဖြစ်သည့် Demand များကို ပုံမှန်အတိုင်း ဆောင်ရွက်ခွင့်ပြုသင့် ကြောင်း အေဂျင်စီများက အကြံပြုပြောထားသည်။
"Demand တစ်စောင်လျှင် ၁၅ ဦးထက်မပိုသော Demand ကို အစောင်ရေကန့်သတ်ချက်မရှိပဲနဲ့ စေလွှတ်တာမျိုး ဆို ပိုကောင်းတာပေါ့။ ပြီးရင် သံရုံးက အတည်ပြုပြီးတော့ ထုတ်ပြန်တဲ့ Demand တွေကို ပုံမှန်အတိုင်း ဆောင်ရွက် ခွင့်ပြုစေချင်တယ်။ နောက်ကြောင်းပြန်ပြီးတော့ အစကနေ ပြန်လုပ်ရမယ်ဆိုတာက ဟိုဘက်က လုပ်ငန်းရှင် တွေက ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး။ ဒါက ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်။ Demand တစ်စောင်ကို ၁၅ ယောက် ထက်မပိုရဘူးလို့ သတ်မှတ်ရင် အေဂျင်စီအချင်းချင်း ဒီ Demand တွေကို အရောင်းအဝယ်တွေဖြစ်လာတော့မယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ထုတ်ပြန်ထားတဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တော့မယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ကို လည်း ဒီထုတ်ပြန်ချက်က အားပေးသလိုဖြစ်တော့မယ်။ ဒါသေချာပေါက်ဖြစ်မယ့်ကိစ္စ" ဟု အထက်ပါ လုပ်ငန်းရှင် က ဆက်လက်ပြောသည်။

ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာလုပ်သားများအတွက် လုပ်ခလစာများလာနိုင်သည့် အပြင် ပြည်ပနိုင်ငံ များသို့ တရားမဝင်သွားရောက်နေသည့် လုပ်သားအရေအတွက်ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လုပ္သားဦးေရ ကန႔္သတ္ထားေသာ္လည္း အလုပ္ေခၚစာမ်ားကို အေစာင္ေရ ကန႔္သတ္ခ်က္မရွိ ခြင့္ျပဳသင့္ဟုဆို
ယြန္း (NP News) - မတ္ ၂၉

လုပ္သားဦးေရကန႔္သတ္ေသာ္လည္း အလုပ္ေခၚစာမ်ားကို အေစာင္ေရကန႔္သတ္ခ်က္မရွိခြင့္ျပဳသင့္ေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

ထိုင္း၊ ဂ်ပန္၊ ကိုရီးယား၊ စင္ကာပူႏွင့္မေလးရွားႏိုင္ငံတို႔မွလြဲၿပီး က်န္ႏိုင္ငံမ်ားအတြက္ အလုပ္ေခၚစာကို ေအဂ်င္စီ တစ္ခုလွ်င္ တစ္လလွ်င္အလုပ္သမား(၁၀) ဦးသာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း မတ္(၂၇)ရက္တြင္ အလုပ္သမားဝန္ႀကီး ဌာနက ထုတ္ျပန္ခဲ့သည္။

ၿပီးခဲ့သည့္ မတ္လ (၂၂)ရက္မွစၿပီး ႏိုင္ငံအလိုက္ အလုပ္ေခၚစာ လူဦးေရကန႔္သက္ခ်က္မ်ားကို ထုတ္ျပန္ေၾကညာခဲ့ ၿပီး ထိုင္းႏိုင္ငံအတြက္ (၅၀)ဦး၊ ဂ်ပန္ႏိုင္ငံအတြက္ (၁၅)ဦး၊ ကိုရီးယားႏိုင္ငံအတြက္ (၁၀)ဦး၊ စင္ကာပူအတြက္ လုပ္သား(၅)ဦး၊ မေလးရွားအတြက္လုပ္သား (၂၀)ဦး ႏွင့္ အျခားႏိုင္ငံမ်ားကို (၁၀)ဦးသာခြင့္ျပဳေၾကာင္း အသိေပး ထားခဲ့သည္။

လက္ရွိတြင္ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ အလုပ္ေခၚစာႏွင့္ပတ္သက္၍ ေန႔စဥ္သတင္းစာတြင္ ထုတ္ျပန္ လ်က္ရွိေသာ္လည္း အဆိုပါထုတ္ျပန္ခ်က္မ်ား၌ အသက္အ႐ြယ္ကန႔္သတ္ခ်က္မ်ား ႏွင့္ အလုပ္ေခၚစာ အေစာင္‌ေရ ကန႔္သတ္ခ်က္မ်ားကို ထည့္သြင္းေဖာ္ျပျခင္းမရွိေၾကာင္း ေတြ႕ရသည္။

"သတင္းစာမွာထုတ္ျပန္တာက Demand တစ္ေစာင္လွ်င္ ဥပမာ - ဂ်ပန္ဆိုရင္ ၁၅ ဦးထက္မပိုေသာ အလုပ္‌ေခၚစာ ကို တစ္လလွ်င္ တစ္ႀကိမ္သာတင္ျပရန္လို႔ ေရးထားတယ္။ Demand တစ္ေစာင္လွ်င္ ၁၅ ဦးဆိုေတာ့ တစ္ႀကိမ္ထဲ ကို ဘယ္ႏွ‌ေစာင္တင္လို႔ရလဲဆိုတဲ့အခ်က္မပါဘူး။ အေစာင္‌ေရ ကန႔္သတ္ခ်က္မရွိဘူး။ Demand တစ္ေစာင္မွာ ၁၅ ဦး နဲ႔ ဆယ္ေစာင္တင္လို႔ရတာလား။ အဲဒီအခ်က္ကမရွင္းလင္းဘူး။ ဒါေပမယ့္ ႏႈတ္အားျဖင့္ကေတာ့ ကြၽန္ေတာ္တို႔ ကို ကန႔္သတ္ခ်က္ေတြရွိတယ္။ ဥပမာ- ေယာက်ၤားေလး အသက္(၁၈)ႏွစ္ကေန (၃၅)ႏွစ္အထိ လက္မခံေတာ့ဘူး။ ဒါေပမယ့္ စာမွာက်ေတာ့ အဲဒါေတြမပါဘူး။ ၾကားထဲမွာ ကြဲလြဲမႈေတြရွိေနတယ္။ ကြဲလြဲမႈရွိတာေတြက ဘယ္လိုမွက အဆင္မေျပေအာင္ကိုျဖစ္ေနၾကတာ။ ႏိုင္ငံအကုန္လုံးပဲ အဲဒီလိုျဖစ္ေနတာ" ဟု ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ လုပ္သားဦးေရကိုကန႔္သတ္ထားေသာ္လည္း အလုပ္ေခၚစာမ်ားမွာ အလုပ္ရွင္ မတူညီမႈ၊ လုပ္ငန္းအမ်ိဳးအစားမတူညီမႈ၊ လုပ္ခလစာမတူညီမႈ၊ ေနရာေဒသမတူညီမႈမ်ားေၾကာင့္ Demand တစ္ေစာင္ထဲ၌ အထက္ပါကဲ့သို႔ လုပ္သားဦးေရ သတ္မွတ္ထားျခင္းမွာ အခက္အခဲမ်ားရွိေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ (၃၀)ရက္မတိုင္မီ တင္ျပထားသည့္ အလုပ္ေခၚစာမ်ား၌ ေအဂ်င္စီတစ္ခုတြင္ သတ္မွတ္လူဦးေရ (၁၀)ဦး အထက္ပိုေနပါက ျပန္လည္တင္ျပရန္လိုအပ္ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထား သည္။
ဝန္ႀကီးဌာနအေနျဖင့္ လုပ္သားဦးေရ ကန႔္သတ္ထားေသာ္လည္း အလုပ္ေခၚစာ အေစာင္ေရကို အကန႔္အသတ္မရွိ သတ္မွတ္သင့္ၿပီး သံ႐ုံးက အတည္ျပဳထားၿပီးျဖစ္သည့္ Demand မ်ားကို ပုံမွန္အတိုင္း ေဆာင္႐ြက္ခြင့္ျပဳသင့္ ေၾကာင္း ေအဂ်င္စီမ်ားက အႀကံျပဳေျပာထားသည္။
"Demand တစ္ေစာင္လွ်င္ ၁၅ ဦးထက္မပိုေသာ Demand ကို အေစာင္ေရကန႔္သတ္ခ်က္မရွိပဲနဲ႔ ေစလႊတ္တာမ်ိဳး ဆို ပိုေကာင္းတာေပါ့။ ၿပီးရင္ သံ႐ုံးက အတည္ျပဳၿပီးေတာ့ ထုတ္ျပန္တဲ့ Demand ေတြကို ပုံမွန္အတိုင္း ေဆာင္႐ြက္ ခြင့္ျပဳေစခ်င္တယ္။ ေနာက္ေၾကာင္းျပန္ၿပီးေတာ့ အစကေန ျပန္လုပ္ရမယ္ဆိုတာက ဟိုဘက္က လုပ္ငန္းရွင္ ေတြက ဘယ္လိုမွလက္ခံမွာမဟုတ္ဘူး။ ဒါက ဂုဏ္သိကၡာနဲ႔လည္းဆိုင္တယ္။ Demand တစ္ေစာင္ကို ၁၅ ေယာက္ ထက္မပိုရဘူးလို႔ သတ္မွတ္ရင္ ေအဂ်င္စီအခ်င္းခ်င္း ဒီ Demand ေတြကို အေရာင္းအဝယ္ေတြျဖစ္လာေတာ့မယ္။ ဒါဆိုရင္ ကြၽန္ေတာ္တို႔ကို ထုတ္ျပန္ထားတဲ့ ဥပေဒကိုခ်ိဳးေဖာက္တာျဖစ္ေတာ့မယ္။ ဒါေပမယ့္ အဲဒီလိုျဖစ္ဖို႔ကို လည္း ဒီထုတ္ျပန္ခ်က္က အားေပးသလိုျဖစ္ေတာ့မယ္။ ဒါေသခ်ာေပါက္ျဖစ္မယ့္ကိစၥ" ဟု အထက္ပါ လုပ္ငန္းရွင္ က ဆက္လက္ေျပာသည္။

ထိုသို႔ သတ္မွတ္လိုက္ျခင္းေၾကာင့္ ျမန္မာလုပ္သားမ်ားအတြက္ လုပ္ခလစာမ်ားလာႏိုင္သည့္ အျပင္ ျပည္ပႏိုင္ငံ မ်ားသို႔ တရားမဝင္သြားေရာက္ေနသည့္ လုပ္သားအေရအတြက္ကိုလည္း ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.