နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို ဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ကြရန် "ဝ" တောင်းဆို

 367

သုတကျော် (NP News) - မတ် ၂၉
နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို ဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ကြရန် UWSA က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းတောင်းဆိုလိုက်သည်။
“ဝ”အနေဖြင့် အဘက်ဘက်တို့အား သဘာဝဘေးသင့် ပြည်သူများနှင့်အတူ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြရန် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြီး ငလျင်ဘေးသင့်ဒေသများအတွက် အလှူငွေ ကျပ်သန်းပေါင်း(၂၀၀၀)တိတိ လှူဒါန်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငလျင်ဘေးသင့် ဒေသများကို ကယ်ဆယ်ရန် သက်ဆိုင်ရာဌာနများမှ တောင်းဆိုလာပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ရန် အသင့်ဖွဲ့စည်းပြင်ဆင်ထားကြောင်း လည်း ရေးသားထားသည်။
ယခုကဲ့သို့ ပြင်းထန်သော သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် အချိန်ကာလတွင် သဘောထားအမြင်ကွဲလွဲနေကြသည့် အဘက်ဘက်များအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို ဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ကြရန် ရေးသားထားသည်။
စစ်ပွဲဒဏ်သာမက သဘာဝဘေးအန္တရာယ်ဒဏ်ပါခံစားနေရသည့် ပြည်သူများကို အချိန်မီကယ်ဆယ်နိုင်ရန် အဟန့်အထားမရှိသော ကူညီပံ့ပိုးမှုနှင့် သဘာဝဘေး အန္တရာယ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျှော်လင့်သည်ဟုလည်း ဆိုထားသည်။

Zawgyi Version:
ႏိုင္ငံေရးႏွင့္ စစ္ေရးျပႆနာမ်ားကို ေဘးဖယ္ထားၿပီး လူသားခ်င္းစာနာေထာက္ထားေသာ စိတ္ဓါတ္ျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အင္တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ ၾကရန္ ဝ ေတာင္းဆို
သုတေက်ာ္ (NP News) - မတ္ ၂၉
ႏိုင္ငံေရးႏွင့္ စစ္ေရးျပႆနာမ်ားကို ေဘးဖယ္ထားၿပီး လူသားခ်င္းစာနာေထာက္ထားေသာ စိတ္ဓါတ္ျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အင္တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ ၾကရန္ UWSA က ထုတ္ျပန္ခ်က္အတြင္း ထည့္သြင္းေတာင္းဆိုလိုက္သည္။
“ဝ”အေနျဖင့္ အဘက္ဘက္တို႔အား သဘာဝေဘးသင့္ ျပည္သူမ်ားႏွင့္အတူ အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ၾကရန္ အေရးေပၚ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ၾကပါရန္ တိုက္တြန္းၿပီး ငလ်င္ေဘးသင့္ေဒသမ်ားအတြက္ အလႉေငြ က်ပ္သန္းေပါင္း(၂၀၀၀)တိတိ လႉဒါန္း သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ငလ်င္ေဘးသင့္ ေဒသမ်ားကို ကယ္ဆယ္ရန္ သက္ဆိုင္ရာဌာနမ်ားမွ ေတာင္းဆိုလာပါက အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကို ေစလႊတ္ရန္ အသင့္ဖြဲ႕စည္းျပင္ဆင္ထားေၾကာင္း လည္း ေရးသားထားသည္။
ယခုကဲ့သို႔ ျပင္းထန္ေသာ သဘာဝေဘးအႏၲရာယ္ႏွင့္ ႀကဳံေတြ႕ေနရသည့္ အခ်ိန္ကာလတြင္ သေဘာထားအျမင္ကြဲလြဲေနၾကသည့္ အဘက္ဘက္မ်ားအေနျဖင့္ ႏိုင္ငံေရးႏွင့္ စစ္ေရးျပႆနာမ်ားကို ေဘးဖယ္ထားၿပီး လူသားခ်င္းစာနာေထာက္ထားေသာ စိတ္ဓါတ္ျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အင္တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ ၾကရန္ ေရးသားထားသည္။
စစ္ပြဲဒဏ္သာမက သဘာဝေဘးအႏၲရာယ္ဒဏ္ပါခံစားေနရသည့္ ျပည္သူမ်ားကို အခ်ိန္မီကယ္ဆယ္ႏိုင္ရန္ အဟန႔္အထားမရွိေသာ ကူညီပံ့ပိုးမႈႏွင့္ သဘာဝေဘး အႏၲရာယ္ၿပီးေနာက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ေမွ်ာ္လင့္သည္ဟုလည္း ဆိုထားသည္။

Related news

© 2021. All rights reserved.