ရန်ကုန်တွင် ငလျင်ဒဏ်ကြောင့် တစ်ရက်လေးနာရီခန့်သာ လျှပ်စစ်မီးရမည်

1501

NP News မတ်လ (၂၉)ရက်
ငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်းမရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အုပ်စု(၆)ခုဖြင့် တစ်နေ့လျှင် ၄ နာရီနှုန်းခန့်သာ လျှပ်စစ်ဓာတ်အားရရှိမည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန် အသိပေးထား ကြောင်းသိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် YESC မှ ကြိုးပမ်းစီမံဆောင်ရွက်နေပြီး ယင်းသို့ ဆောင်ရွက်နေချိန်၌ ယနေ့ မတ် ၂၉ ရက် နံနက် ၅ နာရီမှစ၍ ၂၄ နာရီအတွင်း အုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု YESC က ကြေငြာထားခြင်းဖြစ်သည် ။
ယမန်နေ့ မတ် ၂၈ ရက် မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အကယ်ဤ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန် လည်ချိတ်ဆက်ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဟုလည်း YESC ကအသိပေးထားသည်။

Zawgyi Version:
ရန္ကုန္တြင္ ငလ်င္ဒဏ္ေၾကာင့္ တစ္ရက္ေလးနာရီခန႔္ သာလွ်ပ္စစ္မီးရမည္။
NP News မတ္လ (၂၉)ရက္
ငလ်င္ဒဏ္ေၾကာင့္ ဓာတ္အားစနစ္မွ ဓာတ္အားခ်ိတ္ဆက္ပို႔လႊတ္ႏိုင္ျခင္းမရွိစဥ္ကာလအတြင္း ရန္ကုန္တိုင္းေဒသႀကီး၌ အုပ္စု(၆)ခုျဖင့္ တစ္ေန႔လွ်င္ ၄ နာရီႏႈန္းခန္႔သာ လွ်ပ္စစ္ဓာတ္အားရရွိမည္ဟု ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC) မွ မတ္လ ၂၉ ရက္ေန႔ မနက္ပိုင္းက ထုတ္ျပန္ အသိေပးထား ေၾကာင္းသိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ Gas Turbine မ်ားမွ ဓာတ္အားထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ရန္ YESC မွ ႀကိဳးပမ္းစီမံေဆာင္႐ြက္ေနၿပီး ယင္းသို႔ ေဆာင္႐ြက္ေနခ်ိန္၌ ယေန႔ မတ္ ၂၉ ရက္ နံနက္ ၅ နာရီမွစ၍ ၂၄ နာရီအတြင္း အုပ္စု(၆)ခုျဖင့္ (၄)နာရီႏႈန္းခန႔္သာ ေရတင္ႏိုင္ရန္အတြက္ ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္မည္ဟု YESC က ေၾကျငာထားျခင္းျဖစ္သည္ ။
ယမန္ေန႔ မတ္ ၂၈ ရက္ မြန္းတည့္ပိုင္းကလႈပ္ခတ္ခဲ့သည့္ အလြန္ျပင္းထန္ေသာငလ်င္ဒဏ္ေၾကာင့္ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္လွ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံ၊ ခြဲ႐ုံႏွင့္ ဓာတ္အားလိုင္းမ်ား၏ ဓာတ္လႊတ္ပစၥည္းမ်ား ခ်ိဳ႕ယြင္းပ်က္စီးမႈျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။
အကယ္ဤ ႏိုင္ငံေတာ္ဓာတ္အားစနစ္မွ ဓာတ္အားျပန္ လည္ခ်ိတ္ဆက္ပို႔လႊတ္ေပးႏိုင္ပါက ပုံမွန္အတိုင္း ဓာတ္အားျပန္လည္ျဖန႔္ျဖဴးေပးႏိုင္မည္ဟုလည္း YESC ကအသိေပးထားသည္။