မြန်မာငလျင်ဘေးအတွက်ဥရောပသမဂ္ဂမှ အရေးပေါ် ယူရို ၂.၅သန်း အကူအညီပေးအပ်

 3543

NP News မတ်လ (၂၉)ရက်
ဥရောပသမဂ္ဂသည် ငလျင်ဒဏ် ထိခိုက်နေသော မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ယင်းအထောက်အပံဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ် ကြောင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ တွင် နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာငလ်င္ေဘးအတြက္ဥေရာပသမဂၢမွ အေရးေပၚ ယူ႐ို ၂.၅သန္း အကူအညီေပးအပ္
NP News မတ္လ (၂၉)ရက္
ဥေရာပသမဂၢသည္ ငလ်င္ဒဏ္ ထိခိုက္ေနေသာ ျမန္မာႏိုင္ငံအတြက္ ကနဦး အေရးေပၚအကူအညီအျဖစ္ ယူ႐ို ၂.၅ သန္း ကူညီပံ့ပိုးရန္ ဆုံးျဖတ္လိုက္ေၾကာင္းသိရသည္။
ယင္းအေထာက္အပံျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ခြဲေဝခ်ထားေပးမႈသည္ ျမန္မာႏိုင္ငံရွိ အထိခိုက္လြယ္ဆုံးသူမ်ား၏ အေရးေပၚလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္ႏွင့္ အသက္မ်ားကို ကယ္တင္ရန္အတြက္ အေထာက္အကူျဖစ္ေစမည္ ျဖစ္ ေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖၚျပထားသည္။
ဥေရာပသမဂၢသည္ ေနာက္ထပ္အကူအညီမ်ား ေပးအပ္ပံ့ပိုးႏိုင္ရန္အတြက္ ေျမျပင္အေျခအေနႏွင့္ လိုအပ္ခ်က္မ်ားကို အကဲျဖတ္စုံစမ္းစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။
ယခုခြဲေဝခ်ထားေပးမႈသည္ ၂၀၂၅ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံအတြက္ ေထာက္ပံ့ထားေသာ ဥေရာပသမဂၢ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ စုစုေပါင္း ယူ႐ို ၃၅ သန္းအထိ ေရာက္ရွိသြားၿပီ ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။
ျမန္မာႏိုင္ငံ တြင္ ေနာက္ဆုံးေကာက္ယူရရွိေသာ စာရင္းမ်ားအရ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ငလ်င္ဒဏ္သင့္ခဲ့ရသည့္ ေဒသမ်ားအားလုံး၌ ငလ်င္ေဘးဒဏ္ေၾကာင့္ ေသဆုံးခဲ့ရသူစုစုေပါင္း ၁၀၀၇ ဦး၊ ဒဏ္ရာရရွိသူစုစုေပါင္း ၂၃၈၉ ဦး၊ ေပ်ာက္ဆုံးေနသူ ၃၀ ဦးျဖစ္ကာ အေသးစိတ္ စာရင္းမ်ားအား ဆက္လက္ေကာက္ယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.