ယူကရိန်းက ၎င်းရဲ့ကိုယ်ပိုင်စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးလို့ ရုရှားအစိုးရပြော

1508

Pika (NP News) - မတ် ၂၉
ယူကရိန်းတပ်ဖွဲ့တွေဟာ ၎င်းရဲ့နိုင်ငံရေးခေါင်းဆောင်တွေဆီကနေ အမိန့်တွေကိုနာခံဖို့ ငြင်းဆန်နေပုံပေါ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လူသိရှင်ကြား ထောက်ခံခဲ့ပေမယ့်လည်း ရုရှားအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုရှားစစ်တပ်ကို မတ်လ(၁၈)ရက်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီမစ်ထရီပက်စကော့ဗ်က ”စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေမလုပ်ဆောင်ဖို့ ယူကရိန်း အစိုးရက အမိန့်ထုတ်ခဲ့ပေမယ့်လည်း ယူကရိန်းတပ်ဖွဲ့တွေဟာ အဲဒီအမိန့်အတိုင်း လိုက်နာလုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး။ အဲဒါက ယူကရိန်းဟာ ၎င်းရဲ့တပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်တာမျိုး မရှိဘူးဆိုတာကို ပြသနေတာမျိုးပဲ ဖြစ်ပါတယ်။ ရုရှားရဲ့စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်ဖို့ကြိုးပမ်းမှုတွေက နေ့စဉ်နေ့တိုင်း ဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပစ်မှတ်ထားမှုတွေ မလုပ်ဆောင်သင့်တဲ့ စွမ်းအင်အခြေခံအဆောက်အဦးစာရင်းကို ရုရှားနဲ့ အမေရိကန်တို့က ယခုသီတင်းပတ်အစောပိုင်းမှာ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီစာရင်းထဲမှာ နျူကလီးယားဓါတ်အားပေးစက်ရုံတွေ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့စက်ရုံတွေနဲ့ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းက ၎ရဲ႕ကိုယ္ပိုင္စစ္တပ္ကို မထိန္းခ်ဳပ္ႏိုင္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂၉
ယူကရိန္းတပ္ဖြဲ႕ေတြဟာ ၎ရဲ႕ႏိုင္ငံေရးေခါင္းေဆာင္ေတြဆီကေန အမိန႔္ေတြကိုနာခံဖို႔ ျငင္းဆန္ေနပုံေပၚတယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းအစိုးရဟာ အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လူသိရွင္ၾကား ေထာက္ခံခဲ့ေပမယ့္လည္း ႐ုရွားအေပၚ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္ခဲ့တယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ဖုန္းေခၚဆိုမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားသမၼတပူတင္ဟာ ယူကရိန္းရဲ႕ စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔ ႐ုရွားစစ္တပ္ကို မတ္လ(၁၈)ရက္က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ဒီမစ္ထရီပက္စေကာ့ဗ္က ”စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြမလုပ္ေဆာင္ဖို႔ ယူကရိန္း အစိုးရက အမိန႔္ထုတ္ခဲ့ေပမယ့္လည္း ယူကရိန္းတပ္ဖြဲ႕ေတြဟာ အဲဒီအမိန႔္အတိုင္း လိုက္နာလုပ္ေဆာင္တာမ်ိဳး မရွိခဲ့ပါဘူး။ အဲဒါက ယူကရိန္းဟာ ၎ရဲ႕တပ္ဖြဲ႕ေတြကို ထိန္းခ်ဳပ္ႏိုင္တာမ်ိဳး မရွိဘူးဆိုတာကို ျပသေနတာမ်ိဳးပဲ ျဖစ္ပါတယ္။ ႐ုရွားရဲ႕စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္ဖို႔ႀကိဳးပမ္းမႈေတြက ေန႔စဥ္ေန႔တိုင္း ျဖစ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပစ္မွတ္ထားမႈေတြ မလုပ္ေဆာင္သင့္တဲ့ စြမ္းအင္အေျခခံအေဆာက္အဦးစာရင္းကို ႐ုရွားနဲ႔ အေမရိကန္တို႔က ယခုသီတင္းပတ္အေစာပိုင္းမွာ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ အဲဒီစာရင္းထဲမွာ န်ဴကလီးယားဓါတ္အားေပးစက္႐ုံေတြ၊ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕စက္႐ုံေတြနဲ႔ ေရအားလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံေတြ ပါဝင္တယ္လို႔ သိရပါတယ္။