စစ်ပွဲကို အဆုံးသတ်ဖို့ ယူကရိန်းအတွက် ယာယီအုပ်ချုပ်ရေးကို ရုရှားသမ္မတပူတင် အကြံပြု

 282

Pika (NP News) - မတ် ၂၉

ရွေးကောက်ပွဲအသစ်တွေကျင်းပခွင့်ပြုဖို့နဲ့ စစ်ပွဲအတွင်း ပြေလည်မှုတွေရရှိဖို့အတွက် အဓိကသဘောတူညီချက် တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ ယူကရိန်းအတွက် ယာယီအုပ်ချုပ်ရေးပုံစံကို ရုရှားသမ္မတပူတင်က အကြံပြုထား တယ်လို့ သိရပါတယ်။
ပူတင်ဟာ မြောက်ပိုင်းဆိပ်ကမ်း Murmansk ကို အလည်အပတ်ရောက်ရှိနေစဉ်အချိန်အတွင်း ယခုလို မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်က ရုရှားနဲ့ချိတ်ဆက်မှုတွေ ပြန်လည် ထူထောင်ဖို့အပြင် ရုရှား၊ယူကရိန်းနှစ်ဖက်စလုံးနဲ့ သီးခြားဆွေးနွေးမှုတွေလုပ်ဆောင်ပြီး ပဋိပက္ခကိုပြေလည် အောင်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေရှိနေတဲ့အချိန်မှာပဲ ပူတင်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုတာကို ယုံကြည် တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
(၂၀၂၄)ခုနှစ် မေလမှာ သမ္မတသက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ယူကရိန်းသမ္မတဇီလန်စကီးဟာ စစ်အုပ်ချုပ်ရေးဥပဒေ ပြဌာန်းထားမှုနဲ့အတူ ရွေးကောက်ပွဲတွေလုပ်ဆောင်ဖို့ ငြင်းဆန်ပယ်ချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားအစိုးရဘက်က ဇီလန်စကီးကို တရားဝင်အာဏာမရှိဟု သတ်မှတ်ထားခဲ့မှုနဲ့အတူ ယူကရိန်းအတွက် ယာယီ အုပ်ချုပ်ရေးကို အကြံပြုချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ပူတင်က ”ဒါက ဒီမိုကရေစီရွေးကောက်ပွဲ တွေကျင်းပဖို့နဲ့ ပြည်သူတွေရဲ့ယုံကြည်ချက်ကိုရရှိမယ့် အရည်အချင်းရှိတဲ့ အစိုးရတစ်ရပ်ကိုအာဏာရစေပြီး တော့ ငြိမ်းချမ်းရေးသဘောတူညီမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ဖြစ်ပေါ်လာစေမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
Pika (NP News) - မတ် ၂၉


Related news

© 2021. All rights reserved.