မြန်မာ့ ငလျင်နှင့် ပတ်သက်၍ နစက ဥက္ကဌ ထံ အိန္ဒိယ ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ဆက်သွယ် ပြောကြားခဲ့ပြီး မြန်မာ ပြည်သူများနှင့် အတူ ရပ်တည်နေဟုဆို

538

သုတကျော် (NP News) - မတ် ၂၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း ဆက်သွယ် စကား ပြောကြားခဲ့သည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၎င်း၏ လူမှုကွန်ယက် X စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ မှ ပေးပို့သော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်သည့် ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ရာ စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်သည်။
ထိုပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲတို့သည်လည်း ဤလေယာဉ်ဖြင့်ပင် ပါဝင်လိုက်ပါလာကြောင်း သိရသည်။
“မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းထံသို့ ဆက်သွယ်ပြီး ပြင်းထန်သောငလျင်ကြောင့် အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းရပါကြောင်း သတင်းစကားပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် ဤခက်ခဲသောအချိန်ကာလတွင် မြန်မာပြည်သူများနှင့် အတူညီညွတ်စွာရပ်တည်နေပါသည်။ #OperationBrahma ၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်” ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ရေးသားခဲ့ခြင်း ဖြစ်သည်။

Zawgyi Version:
ျမန္မာ့ ငလ်င္ႏွင့္ ပတ္သက္၍ နစက ဥကၠဌ ထံ အိႏၵိယ ဝန္ႀကီးခ်ဳပ္က ဝမ္းနည္းေၾကာင္း ဆက္သြယ္ ေျပာၾကားခဲ့ၿပီး ျမန္မာ ျပည္သူမ်ားႏွင့္ အတူ ရပ္တည္ေနဟုဆို
သုတေက်ာ္ (NP News) - မတ္ ၂၉
ျမန္မာႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ ဝမ္းနည္းေၾကာင္း ဆက္သြယ္ စကား ေျပာၾကားခဲ့သည္ဟု အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi က ၎၏ လူမႈကြန္ယက္ X စာမ်က္ႏွာထက္တြင္ ေရးသားထားခ်က္အရ သိရသည္။
အိႏၵိယႏိုင္ငံ မွ ေပးပို႔ေသာ အေရးေပၚလူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ပထမအသုတ္သည့္ ယေန႔ (မတ္လ ၂၉ ရက္) နံနက္ပိုင္းတြင္ ေလယာဥ္ျဖင့္ ေရာက္ရွိလာခဲ့ရာ ေစာင္၊ တာေပၚလင္မိုးကာ ၊သန႔္ရွင္းေရးပစၥည္းမ်ား၊ sleeping bags၊ ေနေရာင္ျခည္သုံးမီးအိမ္မ်ား၊ အစားအေသာက္ထုပ္မ်ားႏွင့္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား ပါဝင္သည္။
ထိုျပင္ ရွာေဖြကယ္ဆယ္ေရးအဖြဲႏွင့္ ေဆးဘက္ဆိုင္ရာအဖြဲတို႔သည္လည္း ဤေလယာဥ္ျဖင့္ပင္ ပါဝင္လိုက္ပါလာေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္းထံသို႔ ဆက္သြယ္ၿပီး ျပင္းထန္ေသာငလ်င္ေၾကာင့္ အသက္ဆုံးရႈံးမႈမ်ားအတြက္ ဝမ္းနည္းရပါေၾကာင္း သတင္းစကားေျပာၾကား ခဲ့ပါသည္။ အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ရင္းႏွီးေသာမိတ္ေဆြႏွင့္ အိမ္နီးခ်င္းႏိုင္ငံအေနျဖင့္ ဤခက္ခဲေသာအခ်ိန္ကာလတြင္ ျမန္မာျပည္သူမ်ားႏွင့္ အတူညီၫြတ္စြာရပ္တည္ေနပါသည္။ #OperationBrahma ၏အစိတ္အပိုင္းအေနျဖင့္ ေဘးသင့္ေဒသမ်ားသို႔ ကယ္ဆယ္ေရးပစၥည္းမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားႏွင့္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားကို အျမန္ဆုံးေစလႊတ္ေဆာင္႐ြက္ေပးလ်က္ရွိပါသည္” ဟု အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi က ေရးသားခဲ့ျခင္း ျဖစ္သည္။