ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ရုရှား အပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးသမားတွေစေလွှတ်ကူညီမယ်

1323

ဂျန်ဇက် (NP News) - မတ် ၂၉
မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ ကူညီကယ်ဆယ်ရေးသမားတွေကိုမတ်လ ၂၉ ရက်မှာ စေလွှတ်ကူညီခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို အဖွဲ့ဝင် ၅၀ ဦးပါဝင်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပြီး မတ်လ ၂၉ ရက်မှာ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံခြားရးဝန်ကြီးဌာနက မလေးရှားကယ်ဆယ်ရေးအဖွဲ့ဟာ မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းကူညီပေးမယ်လို့ ပြောဆိုထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း မတ်လ ၂၉ ရက်မှာ တန်ချိန် ၁၅ တန်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ကူညီပေးခဲ့သလို ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာတွေ့ကြုံခံစားခဲ့ရတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးကူညီပေးနိုင်အောင် ဒရုန်းတွေ၊ ငလျင်ကြိုတင်သတိပေးစနစ်နဲ့ အသက်ကယ်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ရေးပစ္စည်းများ ယူဆောင်လာတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံကလည်း စောင်၊ တာပေါ်လင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ အိပ်ဆောင်အိတ်၊ ဆိုလာမီးအိမ်များ၊ အစားအသောက်ထုပ်များ မီးဖိုချောင်သုံးပစ္စည်းများအပြင် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပံပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံရတဲ့ ဒေသအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့အထောက်အပံ့များ ပေးအပ်အောင် တရုတ်အစိုးရအနေနဲ့ အစွမ်းကုန်လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ရုရှားအစိုးရကလည်း မြန်မာနိုင်ငံမှာ ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရသူတွေအတွက် အကူအညီပေးရေးပစ္စည်းများအပြင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦးကို လေယာဉ်နှစ်စီးနဲ့ စေလွှတ်ကူညီပေးခဲ့တယ်လို့သိရပါတယ်။
ရုရှားနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုက "ရုရှားသမ္မတပူတင်နဲ့ ရုရှားအရေးပေါ်ကူညီပေးရေးဝန်ကြီးရဲ့အမိန့်ကိုအခြေခံပြီး ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့ကို မြန်မာနိုင်ငံကိုလေယာဉ်နှစ်စီးနဲ့စေလွှတ်ပေးခဲ့တယ်။ အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသူတွေကို ကူညီကယ်ဆယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်" လို့ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကနဦး ကူညီလှူဒါန်းပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၅ သန်းကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က "မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူပေါင်း သန်း ၂၀ ရှိတဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်မှုတွေကို ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

Zawgyi Version:
ငလ်င္ဒဏ္ခံရတဲ့ ျမန္မာႏိုင္ငံအတြက္ ႐ုရွား အပါအဝင္ ႏိုင္ငံအခ်ိဳ႕က ကူညီကယ္ဆယ္ေရးသမားေတြေစလႊတ္ကူညီမယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၉
ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့တဲ့အင္အားျပင္းငလ်င္နဲ႔ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕က ကူညီကယ္ဆယ္ေရးပစၥည္းေတြ၊ ကူညီကယ္ဆယ္ေရးသမားေတြကိုမတ္လ ၂၉ ရက္မွာ ေစလႊတ္ကူညီခဲ့တယ္လို႔ သိရပါတယ္။
အာဆီယံအဖြဲ႕ဝင္တစ္ႏိုင္ငံျဖစ္တဲ့ မေလးရွားႏိုင္ငံက ျမန္မာႏိုင္ငံကို အဖြဲ႕ဝင္ ၅၀ ဦးပါဝင္တဲ့ ကူညီကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕ေစလႊတ္ခဲ့ၿပီး မတ္လ ၂၉ ရက္မွာ ရန္ကုန္ၿမိဳ႕ကိုေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
မေလးရွားႏိုင္ငံျခားရးဝန္ႀကီးဌာနက မေလးရွားကယ္ဆယ္ေရးအဖြဲ႕ဟာ ေျမျပင္ကယ္ဆယ္ေရးလုပ္ငန္းေတြကို ပူးေပါင္းကူညီေပးမယ္လို႔ ေျပာဆိုထားပါတယ္။ အိႏၵိယႏိုင္ငံကလည္း မတ္လ ၂၉ ရက္မွာ တန္ခ်ိန္ ၁၅ တန္ရွိ ကူညီကယ္ဆယ္ေရးပစၥည္းမ်ားေပးပို႔ကူညီေပးခဲ့သလို ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ျမန္မာႏိုင္ငံမွာေတြ႕ႀကဳံခံစားခဲ့ရတဲ့ အင္အားျပင္းငလ်င္လႈပ္ခတ္မႈနဲ႔ပတ္သက္ၿပီးကူညီေပးႏိုင္ေအာင္ ဒ႐ုန္းေတြ၊ ငလ်င္ႀကိဳတင္သတိေပးစနစ္နဲ႔ အသက္ကယ္ကိရိယာမ်ား၊ ေဆးဝါးပစၥည္းမ်ား၊ သဘာဝေဘးအႏၲရာယ္နဲ႔ပတ္သက္ၿပီး ကူညီေထာက္ပံ့ေရးပစၥည္းမ်ား ယူေဆာင္လာတယ္လို႔ သိရပါတယ္။
အိႏၵိယႏိုင္ငံကလည္း ေစာင္၊ တာေပၚလင္၊ တစ္ကိုယ္ေရသန႔္ရွင္းေရးသုံး ပစၥည္းမ်ား၊ အိပ္ေဆာင္အိတ္၊ ဆိုလာမီးအိမ္မ်ား၊ အစားအေသာက္ထုပ္မ်ား မီးဖိုေခ်ာင္သုံးပစၥည္းမ်ားအျပင္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ား ပံပိုးကူညီေပးခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာႏိုင္ငံမွာ ငလ်င္ဒဏ္ခံရတဲ့ ေဒသအတြက္ အေရးေပၚ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီနဲ႔အေထာက္အပံ့မ်ား ေပးအပ္ေအာင္ တ႐ုတ္အစိုးရအေနနဲ႔ အစြမ္းကုန္လုပ္ေဆာင္ေပးဖို႔ အသင့္ရွိတယ္လို႔ ေျပာဆိုထားပါတယ္။
႐ုရွားအစိုးရကလည္း ျမန္မာႏိုင္ငံမွာ ငလ်င္ဒဏ္ေတြ႕ႀကဳံခံစားခဲ့ရသူေတြအတြက္ အကူအညီေပးေရးပစၥည္းမ်ားအျပင္ ကယ္ဆယ္ေရးအဖြဲ႕ဝင္ ၁၂၀ ဦးကို ေလယာဥ္ႏွစ္စီးနဲ႔ ေစလႊတ္ကူညီေပးခဲ့တယ္လို႔သိရပါတယ္။
႐ုရွားႏိုင္ငံအေျခစိုက္ သတင္းဌာနတစ္ခုက "႐ုရွားသမၼတပူတင္နဲ႔ ႐ုရွားအေရးေပၚကူညီေပးေရးဝန္ႀကီးရဲ႕အမိန႔္ကိုအေျခခံၿပီး ႐ုရွားကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ ပါဝင္တဲ့အဖြဲ႕ကို ျမန္မာႏိုင္ငံကိုေလယာဥ္ႏွစ္စီးနဲ႔ေစလႊတ္ေပးခဲ့တယ္။ အင္အားျပင္းငလ်င္ဒဏ္ခံစားခဲ့ရသူေတြကို ကူညီကယ္ဆယ္ေပးႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးပမ္းသြားမယ္" လို႔ ေျပာပါတယ္။
ကုလသမဂၢအဖြဲ႕ကလည္း ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့တဲ့ငလ်င္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ကနဦး ကူညီလႉဒါန္းေပးႏိုင္ေအာင္ အေမရိကန္ေဒၚလာ ၅ သန္းကူညီေထာက္ပံ့ေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ စတီဖန္ ဒူဂ်ာရစ္က "မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ႏိုင္ငံတဝွမ္းမွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္ေနသူေပါင္း သန္း ၂၀ ရွိတဲ့ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီလိုအပ္မႈေတြကို ပိုမိုဆိုး႐ြားလာဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။