ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို ကူညီပေးဖို့ အစီအစဉ်တွေရှိနေတယ်လို့ အမေရိကန်သမ္မတပြော
 1196
ဂျန်ဇက် (NP News) - မတ် ၂၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရအနေနဲ့ အင်အားပြင်းငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ မြန်မာနိုင်ငံကို အကူညီတွေပေးသွားမယ်လို့ ထုတ်ဖာ်ပြောဆိုလိုက်ပါတယ်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို ဝိုင်းဝန်းကူညီပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းခံခဲ့ပြီးနောက်မကြာမီ အမေရိကန်သမ္မတက အခုလိုမျိုးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူအဆင့်ရှိ ငလျင်ကြီးနဲ့အတူ နောက်ဆက်တွဲငလျင်များလှုပ်ခတ်ခဲ့ရာ လူပေါင်းရာထောင်ချီ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး နစကအစိုးရက ငလျင်ဒဏ်ခံစားရတဲ့မြို့နယ်ခြောက်ခုကို အရေးအပေါ်အခြေအနေကြေညာထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ဟာ မြန်မာထောက်ပံ့ပေးမှုတွေ လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကြောက်စရာကောင်းပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ဆွေးနွေးပြောဆိုထားတယ်" လို့ ပြောပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်တွေအနက် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အားအပြင်းဆုံး ငလျင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။သတင်းထောက်တစ်ဦးက မြန်မာအစိုးရအဖွဲ့အနေနဲ့ ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး အကူအညီပေးဖို့တောင်းဆိုလာမယ်ဆိုရင် ကူညီပေးမလားဆိုတဲ့မေးခွန်းကိုမေးမြန်းချိန်မှာ အမေရိကန်သမ္မတက တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်အစိုးရက ငလျင်ဒဏ်ခံစားရတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်းကူညီပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံဟာ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး စင်ကာပူအစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒါ်လာ ၁ သိန်းခွဲ ကူညီထောက်ပံ့ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူကြက်ခြေနီကော်မတီက "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရသူအားလုံးအတွက် စိုးရိမ်မိပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူအများပြားရှိခဲ့တယ်။ ငလျင်ကြောင့် နေရပ်စွန့်ခွာခဲ့ရသူအများပြားရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ကျွန်တော်တို့ အရမ်းစိုးရိမ်ပါတယ်။ လူတော်တော်များများ ထိခိုက်ဒဏ်ရာရပြီး နေရပ်စွန့်ခွာပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
အခြေခံအဆောက်အဦများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုက မြေပြင်မှာ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပါတယ်။အပျက်အစီးပမာဏဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုကို လျင်မြန်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။" လို့ သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၂ သန်း ကူညီပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Zawgyi Version:
ဂျန်ဇက် (NP News) - မတ် ၂၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရအနေနဲ့ အင်အားပြင်းငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ မြန်မာနိုင်ငံကို အကူညီတွေပေးသွားမယ်လို့ ထုတ်ဖ်ာပြောဆိုလိုက်ပါတယ်။
Related news
© 2021. All rights reserved.