နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မှာ အမျိုးသားတစ်ဦးရဲ့ဓားထိုးတိုက်ခိုက်မှုကြောင့် လူငါးဦး ဒဏ်ရာရ

 220

ရောင်နီ (NP News) - မတ် ၂၉

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့လယ်မှာ ကြာသပတေးနေ့(မတ်လ ၂၇ ရက်) က အမျိုးသားတစ်ဦးရဲ့ ဓားထိုးတိုက်ခိုက်မှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒတ်ခ်ျရဲတပ်ဖွဲ့က ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း တွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဓားထိုး သောင်းကျန်းမှုဟာ ကြာသပတေးနေ့ (မတ်လ ၂၇ ရက်) မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် ရောက်ရှိခဲ့ကာ ခြေထောက်မှာ ဒဏ်ရာရရှိထားတဲ့ သံသယရှိသူ အမျိုးသား ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၉ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်တယ်လို့ နယ်သာလန်အာဏာပိုင်တွေက ပြောကြားပါတယ်။ အခြားထိခိုက်သူ တွေကတော့ ပိုလန်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသား၊ ဘယ်လ်ဂျီယံမှ အသက် ၇၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အမ်စတာဒမ်မှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။
"တိုက်ခိုက်မှုရဲ့နောက်ကွယ်က အကြောင်းရင်းကို လောလောဆယ် မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးနေဆဲပါပဲ" လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
"ဖြစ်နိုင်ခြေကို စဉ်းစားနေပေမယ့် အကြောင်းရင်းအတိအကျကို မသိရသေးပါဘူး" လို့ နယ်သာလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Zawgyi Version:
နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္မွာ အမ်ိဳးသားတစ္ဦးရဲ႕ဓားထိုးတိုက္ခိုက္မႈေၾကာင့္ လူငါးဦး ဒဏ္ရာရ
ေရာင္နီ (NP News) - မတ္ ၂၉

နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္ၿမိဳ႕လယ္မွာ ၾကာသပေတးေန႔(မတ္လ ၂၇ ရက္) က အမ်ိဳးသားတစ္ဦးရဲ႕ ဓားထိုးတိုက္ခိုက္မႈေၾကာင့္ လူငါးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒတ္ခ္်ရဲတပ္ဖြဲ႕က ျဖစ္ႏိုင္ေျခရွိတဲ့ အေၾကာင္းရင္း ေတြအတြက္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

ဓားထိုး ေသာင္းက်န္းမႈဟာ ၾကာသပေတးေန႔ (မတ္လ ၂၇ ရက္) မြန္းလြဲပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြ အခင္းျဖစ္ပြားရာေနရာကို အလ်င္အျမန္ ေရာက္ရွိခဲ့ကာ ေျခေထာက္မွာ ဒဏ္ရာရရွိထားတဲ့ သံသယရွိသူ အမ်ိဳးသား ကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရသူေတြထဲမွာ အသက္ ၆၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၆၉ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ ပါဝင္တယ္လို႔ နယ္သာလန္အာဏာပိုင္ေတြက ေျပာၾကားပါတယ္။ အျခားထိခိုက္သူ ေတြကေတာ့ ပိုလန္မွ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသား၊ ဘယ္လ္ဂ်ီယံမွ အသက္ ၇၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးနဲ႔ အမ္စတာဒမ္မွ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ ျဖစ္ပါတယ္။
"တိုက္ခိုက္မႈရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းကို ေလာေလာဆယ္ မသိရေသးပါဘူး။ စုံစမ္းစစ္ေဆးေနဆဲပါပဲ" လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
"ျဖစ္ႏိုင္ေျခကို စဥ္းစားေနေပမယ့္ အေၾကာင္းရင္းအတိအက်ကို မသိရေသးပါဘူး" လို႔ နယ္သာလန္ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.