ယူကရိန်းက စွမ်းအင်ဆိုင်ရာအပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှားအစိုးရပြော

 206

Pika (NP News) - မတ် ၃ဝ

ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်(၂၄)နာရီအတွင်း ရုရှား၏စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုသုံးကြိမ်လုပ်ဆောင်ခြင်းဖြင့် အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ် များတွင် ဗို့အားမြင့် ဓာတ်အား လိုင်းများကို ပိတ်ပစ်စေခဲ့ရသည့် Bryansk ဒေသတွင် ဒရုန်းဖြင့်တိုက်ခိုက်မှု၊ Bryansk ဒေသရှိ ထရန် စဖော်မာစခန်းကို အမြှောက်ဖြင့်ပစ်ခတ်မှုအပြင် ခရိုင်းမီးယားကျွန်းဆွယ်ရှိ မြေအောက်သဘာဝဓာတ် ငွေ့သိုလှောင်သည့်စက်ရုံကို ကာမီကာဇဲဒရုန်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုတို့ ပါဝင် ကြောင်း သိရသည်။
ထို့ပြင် ပစ်မှတ်အနီးသို့ ချဉ်းကပ်လာသော ယူကရိန်းလေယာဉ်တစ်စင်းကိုလည်း ကြားဖြတ်ဟန့် တားမှုများ လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ ရုရှားသမ္မတ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား သဘောတူထားသည့် သဘောတူညီချက်အရ ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းမှ ရှောင်ကျဉ်ရန် ရုရှားစစ်တပ်ကို ပြီးခဲ့သည့် မတ်လ(၁၈)ရက် တွင် အမိန့်ပေးခဲ့ကြောင်းသိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားနှင့်ယူကရိန်းကြား ရက်ပေါင်း(၃၀)ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လူသိရှင်ကြားထောက် ခံမှုများလုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ယူကရိန်းဘက်က အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့သည့် အစီရင်ခံစာများကို ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းဘက်က ချိုးဖောက်မှုများရှိနေ သော်လည်း ရုရှားအစိုးရသည် ၎င်း၏တာဝန်ဝတ္တရားများကို ဂုဏ်ယူစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက် စကော့ဗ်က ထုတ်ပြန်ပြော ကြားခဲ့သည်။

Zawgyi Version:
ယူကရိန္းက စြမ္းအင္ဆိုင္ရာအပစ္ရပ္ေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၃ဝ

ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ၿပီးခဲ့သည့္(၂၄)နာရီအတြင္း ႐ုရွား၏စြမ္းအင္အေျခခံအေဆာက္အအုံမ်ားအေပၚ တိုက္ခိုက္မႈသုံးႀကိမ္လုပ္ေဆာင္ျခင္းျဖင့္ အေမရိကန္က ၾကားဝင္ေစ့စပ္ေပးထားေသာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ အဆိုပါျဖစ္ရပ္ မ်ားတြင္ ဗို႔အားျမင့္ ဓာတ္အား လိုင္းမ်ားကို ပိတ္ပစ္ေစခဲ့ရသည့္ Bryansk ေဒသတြင္ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈ၊ Bryansk ေဒသရွိ ထရန္ စေဖာ္မာစခန္းကို အေျမႇာက္ျဖင့္ပစ္ခတ္မႈအျပင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ေျမေအာက္သဘာဝဓာတ္ ေငြ႕သိုေလွာင္သည့္စက္႐ုံကို ကာမီကာဇဲဒ႐ုန္းျဖင့္ ပစ္မွတ္ထားတိုက္ခိုက္မႈတို႔ ပါဝင္ ေၾကာင္း သိရသည္။
ထို႔ျပင္ ပစ္မွတ္အနီးသို႔ ခ်ဥ္းကပ္လာေသာ ယူကရိန္းေလယာဥ္တစ္စင္းကိုလည္း ၾကားျဖတ္ဟန႔္ တားမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာန၏ အစီရင္ခံစာတြင္ ေရးသားေဖာ္ျပထားသည္။ ႐ုရွားသမၼတ ပူတင္ ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ၾကား သေဘာတူထားသည့္ သေဘာတူညီခ်က္အရ ယူကရိန္း စြမ္းအင္ဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားကို တိုက္ခိုက္ျခင္းမွ ေရွာင္က်ဥ္ရန္ ႐ုရွားစစ္တပ္ကို ၿပီးခဲ့သည့္ မတ္လ(၁၈)ရက္ တြင္ အမိန႔္ေပးခဲ့ေၾကာင္းသိရသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားႏွင့္ယူကရိန္းၾကား ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ကို လူသိရွင္ၾကားေထာက္ ခံမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း အဆိုပါ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ယူကရိန္းဘက္က အႀကိမ္ေပါင္းမ်ားစြာ ခ်ိဳးေဖာက္ခဲ့သည့္ အစီရင္ခံစာမ်ားကို ႐ုရွားကာ ကြယ္ေရးဝန္ႀကီးဌာနက အစီရင္ခံခဲ့ေၾကာင္းလည္း သိရသည္။
ယူကရိန္းဘက္က ခ်ိဳးေဖာက္မႈမ်ားရွိေန ေသာ္လည္း ႐ုရွားအစိုးရသည္ ၎၏တာဝန္ဝတၱရားမ်ားကို ဂုဏ္ယူစြာ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္ စေကာ့ဗ္က ထုတ္ျပန္ေျပာ ၾကားခဲ့သည္။

Related news

© 2021. All rights reserved.