တူရကီတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လူပေါင်း(၂၀ဝဝ)နီးပါး ဖမ်းဆီးခံရဟုဆို

266

ဂျန်ဇက် (NP News) - မတ် ၂၉
တူရကီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေရာ လူပေါင်း (၁၉၀ဝ)ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ တူရကီအာဏာပိုင်များသည် တူရကီနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သူ အာဒိုဂမ်၏ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်သော အီကရမ်အိုင်မာမိုဂလူကို မတ်လ(၂၃)ရက်က အကျင့်ပျက်လာဘ်စားမှုများ ကျူးလွန်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် တူရကီနိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရခြင်းသည် တူရကီနိုင်ငံတွင်အကြီးမားဆုံးဆန္ဒပြပွဲများဖြစ်လာခဲ့ပြီး နိုင်ငံ တစ်ဝန်းဖမ်းဆီးခံရသူ အရေအတွက်ပိုမိုများပြားလာခဲ့ကြောင်းသိရသည်။ အစ္စတန်ဘူလ်မြို့တော်ဝန်၏ နိုင်ငံရေး ပါတီဖြစ်သော Republican People’s Party CHP ပါတီအပြင် အတိုက်ခံပါတီများ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အနောက်အုပ်စုနိုင်ငံများက အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး တူရကီအစိုးရကို ဝေဖန်ပြစ်တင်ခဲ့ပြီး လက်ရှိသမ္မတကို ရွေးကောက်ပွဲတွင် အဓိကခြိမ်းခြောက်နိုင်မည့် နိုင်ငံရေး ပြိုင်ဘက်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖယ်ထုတ်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
အစိုးရအဖွဲ့က စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး တရားရေးဌာနအပေါ် ဩဇာလွှမ်းမိုးမှုမရှိ သကဲ့သို့ တရားရုံးက လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိနေကြောင်း တုံ့ပြန်ထားသည်။ တူရကီ ပြည်ထဲရေးဝန်ကြီးက “ကျွန်တော်တို့ဟာ အဓိက အတိုက်ခံနိုင်ငံရေး ပါတီဝင်များကို ဖမ်းဆီးဖို့မလိုလားဘူး၊ ဒါပေမဲ့ ဥပဒေချိုးဖောက်တယ်လို့ သက်သေခိုင်လုံမယ် ဆိုရင်တော့ ဖမ်းဆီးခံရမှာဖြစ်တယ်” ဟု တုံ့ပြန်ထားသည်။
အတိုက်ခံနိုင်ငံရေးပါတီဖြစ်သည့် CHP ပါတီက ဆန္ဒပြမှုများကိုဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းတောင်း ဆိုထားပြီး အစ္စတန်ဘူလ်မြို့ အပါအဝင် အခြားတူရကီမြို့များတွင်ဆန္ဒပြပွဲများ ဆက်လက်ဖြစ်လာစေရန်ကြိုးပမ်း မည်ဟု သတင်းထုတ်ပြန်ထားသည်။ တူရကီနိုင်ငံတွင် မတ်လ(၁၉)ရက် နောက်ပိုင်းကတည်းက အစိုးရန်ဆန့်ကျင် ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ အနည်းဆုံး(၁၉၀ဝ)ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ များကြား ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး(၁၅၀)ဦး ဒဏ်ရာရနေကြောင်း သိရသည်။
လူ့အခွင့်အရေးအဖွဲ့များ က ဆန္ဒပြသူများကို ဖြိုခွင်းရန် စစ်တပ်က အင်အားသုံးခဲ့ကြောင်း၊ တူရကီအစိုးရအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ခွင့်ပြုပေးရမည်ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။ ထို့ပြင် အနောက်အုပ်စု နိုင်ငံများက တူရကီနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့်အဖြစ်အပျက်များသည် ဒီမိုကရေစီနောက်ကြောင်း ပြန်ခြင်း မျိုးဖြစ်ကြောင်း ဝေဖန်ထားသည်။

Zawgyi Version:
တူရကီတြင္ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး လူေပါင္း(၂၀ဝဝ)နီးပါး ဖမ္းဆီးခံရဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၉
တူရကီႏိုင္ငံတြင္ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေနရာ လူေပါင္း (၁၉၀ဝ)ေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။ တူရကီအာဏာပိုင္မ်ားသည္ တူရကီႏိုင္ငံ၏ လက္ရွိသမၼတျဖစ္သူ အာဒိုဂမ္၏ အဓိက ႏိုင္ငံေရးၿပိဳင္ဘက္ျဖစ္ေသာ အီကရမ္အိုင္မာမိုဂလူကို မတ္လ(၂၃)ရက္က အက်င့္ပ်က္လာဘ္စားမႈမ်ား က်ဴးလြန္သည္ဟုစြပ္စြဲကာ ဖမ္းဆီးခဲ့ၿပီးေနာက္ တူရကီႏိုင္ငံ တစ္ဝန္းတြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။
အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္ ဖမ္းဆီးခံရျခင္းသည္ တူရကီႏိုင္ငံတြင္အႀကီးမားဆုံးဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီး ႏိုင္ငံ တစ္ဝန္းဖမ္းဆီးခံရသူ အေရအတြက္ပိုမိုမ်ားျပားလာခဲ့ေၾကာင္းသိရသည္။ အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္၏ ႏိုင္ငံေရး ပါတီျဖစ္ေသာ Republican People’s Party CHP ပါတီအျပင္ အတိုက္ခံပါတီမ်ား၊ ႏိုင္ငံတကာလူ႔အခြင့္အေရး အဖြဲ႕အစည္းမ်ားႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ားက အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္ ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္ၿပီး တူရကီအစိုးရကို ေဝဖန္ျပစ္တင္ခဲ့ၿပီး လက္ရွိသမၼတကို ေ႐ြးေကာက္ပြဲတြင္ အဓိကၿခိမ္းေျခာက္ႏိုင္မည့္ ႏိုင္ငံေရး ၿပိဳင္ဘက္တစ္ဦးကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ဖယ္ထုတ္ျခင္းျဖစ္ေၾကာင္း ေဝဖန္ထားသည္။
အစိုးရအဖြဲ႕က စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ထားၿပီး တရားေရးဌာနအေပၚ ဩဇာလႊမ္းမိုးမႈမရွိ သကဲ့သို႔ တရား႐ုံးက လြတ္လပ္စြာစီမံခန႔္ခြဲခြင့္ရွိေနေၾကာင္း တုံ႔ျပန္ထားသည္။ တူရကီ ျပည္ထဲေရးဝန္ႀကီးက “ကြၽန္ေတာ္တို႔ဟာ အဓိက အတိုက္ခံႏိုင္ငံေရး ပါတီဝင္မ်ားကို ဖမ္းဆီးဖို႔မလိုလားဘူး၊ ဒါေပမဲ့ ဥပေဒခ်ိဳးေဖာက္တယ္လို႔ သက္ေသခိုင္လုံမယ္ ဆိုရင္ေတာ့ ဖမ္းဆီးခံရမွာျဖစ္တယ္” ဟု တုံ႔ျပန္ထားသည္။
အတိုက္ခံႏိုင္ငံေရးပါတီျဖစ္သည့္ CHP ပါတီက ဆႏၵျပမႈမ်ားကိုဆက္လက္လုပ္ေဆာင္ရန္ တိုက္တြန္းေတာင္း ဆိုထားၿပီး အစၥတန္ဘူလ္ၿမိဳ႕ အပါအဝင္ အျခားတူရကီၿမိဳ႕မ်ားတြင္ဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္လာေစရန္ႀကိဳးပမ္း မည္ဟု သတင္းထုတ္ျပန္ထားသည္။ တူရကီႏိုင္ငံတြင္ မတ္လ(၁၉)ရက္ ေနာက္ပိုင္းကတည္းက အစိုးရန္ဆန႔္က်င္ ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့သူ အနည္းဆုံး(၁၉၀ဝ)ေက်ာ္ကို ဖမ္းဆီးခဲ့ေၾကာင္း၊ ဆႏၵျပသူမ်ားႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ မ်ားၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ အနည္းဆုံး(၁၅၀)ဦး ဒဏ္ရာရေနေၾကာင္း သိရသည္။
လူ႔အခြင့္အေရးအဖြဲ႕မ်ား က ဆႏၵျပသူမ်ားကို ၿဖိဳခြင္းရန္ စစ္တပ္က အင္အားသုံးခဲ့ေၾကာင္း၊ တူရကီအစိုးရအေနျဖင့္ ၿငိမ္းခ်မ္းစြာဆႏၵျပျခင္းကို ခြင့္ျပဳေပးရမည္ျဖစ္ေၾကာင္း တိုက္တြန္းေတာင္းဆိုထားသည္။ ထို႔ျပင္ အေနာက္အုပ္စု ႏိုင္ငံမ်ားက တူရကီႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနသည့္အျဖစ္အပ်က္မ်ားသည္ ဒီမိုကေရစီေနာက္ေၾကာင္း ျပန္ျခင္း မ်ိဳးျဖစ္ေၾကာင္း ေဝဖန္ထားသည္။