ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို အီရန်က ဂရုမစိုက်ဘူးလို့ ထိပ်တန်းရေတပ်တပ်မှူးပြော

 763

Pika (NP News) - မတ် ၃ဝ

အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အမေရိကန်ရဲ့ဖိအားပေး မှုတွေကို ဦးညွတ်သွားမှာမဟုတ်ဘူးလို့ အီရန်ထိပ်တန်း ရေတပ်တပ်မှူးတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း အီရန်ရေတပ်တပ်မှူးက ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအသစ်တွေ ပြန်လည်စတင်ဖို့အတွက် ခြိမ်းခြောက်စာတစ်စောင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပေးပို့ခဲ့ပြီးနောက် အီရန်ထိပ်တန်းရေတပ် တပ်မှူး Alireza Tangsiri ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
Alireza Tangsiri က “ဒေါ်နယ်ထရမ့်ရဲ့သတင်းစကားကို ကျွန်တော်မသိသလို ခွဲခြမ်းစိတ်ဖြာဖို့လည်း စိတ်မဝင်စားပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ကြားသိရပြီး သူ့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေပါတယ်။ ပြီးတော့ လက်တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ ရန်သူတွေရဲ့အခြေစိုက်စခန်းတွေက ဘယ်နေရာမှာပဲရှိနေနေ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းက ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေကနေ ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇)ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နျူကလီးယားဆွေးနွေးပွဲအသစ်တွေကို တောင်းဆိုတဲ့ စာတစ်စောင်ကို အီရန်ထိပ်တန်းအကြီးအကဲ အလီခါမေနီထံပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်က အမေရိကန်ရဲ့တောင်းဆိုမှုတွေကို ငြင်းဆန်ခဲ့မယ်ဆိုရင် စစ်ရေးအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို အီရန္က ဂ႐ုမစိုက္ဘူးလို႔ ထိပ္တန္းေရတပ္တပ္မႉးေျပာ
Pika (NP News) - မတ္ ၃ဝ

အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ျပန္လည္စတင္ဖို႔ အေမရိကန္ရဲ႕ဖိအားေပး မႈေတြကို ဦးၫြတ္သြားမွာမဟုတ္ဘူးလို႔ အီရန္ထိပ္တန္း ေရတပ္တပ္မႉးတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္လာမယ္ဆိုရင္ အီရန္ဘက္က လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း အီရန္ေရတပ္တပ္မႉးက ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲအသစ္ေတြ ျပန္လည္စတင္ဖို႔အတြက္ ၿခိမ္းေျခာက္စာတစ္ေစာင္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေပးပို႔ခဲ့ၿပီးေနာက္ အီရန္ထိပ္တန္းေရတပ္ တပ္မႉး Alireza Tangsiri ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
Alireza Tangsiri က “ေဒၚနယ္ထရမ့္ရဲ႕သတင္းစကားကို ကြၽန္ေတာ္မသိသလို ခြဲျခမ္းစိတ္ျဖာဖို႔လည္း စိတ္မဝင္စားပါဘူး။ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္မႈေတြကို ကြၽန္ေတာ္တို႔ၾကားသိရၿပီး သူ႔ရဲ႕လုပ္ရပ္ေတြကို ေစာင့္ၾကည့္ေနပါတယ္။ ၿပီးေတာ့ လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ျပင္ဆင္ထားပါတယ္။ ရန္သူေတြရဲ႕အေျခစိုက္စခန္းေတြက ဘယ္ေနရာမွာပဲရွိေနေန ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းက ကြၽန္ေတာ္တို႔မွာ ရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕တိုက္ခိုက္မႈေတြကေန ဘယ္သူကမွ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ(၇)ရက္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က န်ဴကလီးယားေဆြးေႏြးပြဲအသစ္ေတြကို ေတာင္းဆိုတဲ့ စာတစ္ေစာင္ကို အီရန္ထိပ္တန္းအႀကီးအကဲ အလီခါေမနီထံေပးပို႔ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္က အေမရိကန္ရဲ႕ေတာင္းဆိုမႈေတြကို ျငင္းဆန္ခဲ့မယ္ဆိုရင္ စစ္ေရးအရ အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.