ဗြိတိန်က ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပြီး သင်္ဘောများတွင် လေဆာများ တပ်ဆင်ပေးသွားမည်

211

Pika (NP News) - မတ် ၃၁
(၂၀၂၇)ခုနှစ် ဧပြီလတွင် စစ်အသုံးစရိတ်ကို ဂျီဒီပီ၏ (၂ ဒသမ ၅) ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဗြိတိန်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းကို တိုးတက်သော အင်ဂျင်တစ်ခုအဖြစ် ပြောင်းလဲလိုကြောင်း ဗြိတိန်အရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။ ဗြိတိန်အစိုးရသည် (၂၀၂၅-၂၀၂၆)ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ(၂ ဒသမ ၈)ဘီလျံတိုးမြှင့်ရန် စီစဉ်ထားပြီး (၂၀၂၄)ခုနှစ် ဩဂုတ်လတွင် နောက်ဆုံးကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် နောက်ထပ်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၆ ဒသမ ၅) ဘီလျံခန့်ရှိလာမည်ဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်က ပြောကြားခဲ့သည်။
ရေချယ်ရိဗ်က “ပြီးခဲ့တဲ့လက ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာက စစ်အေးခေတ်နောက်ပိုင်း ကာကွယ်ရေး အသုံးစရိတ်အတွက် အကြီးမားဆုံး တိုးမြှင့်မှုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အမျိုးသား လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ဗြိတိန်ကာကွယ်ရေးကဏ္ဍရဲ့ စီးပွားရေးတိုးတက်မှုအလားအလာကို မြှင့်တင်ဖို့အတွက် လျင်မြန်စွာလုပ် ဆောင်နေပါတယ်” ဟု ပြောခဲ့သည်။ ဗြိတိန်အစိုးရသည် လာမည့်နှစ်တွင် ရေတပ်သင်္ဘောများကို စွမ်းအင်လက်နက်များ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး စီစဉ်ထားသည်ထက် အချိန်(၅)နှစ်စောပြီး တပ်ဆင်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစွမ်းအင်လက်နက်များသည် ရုပ်ပိုင်းဆိုင်ရာပစ်လွှတ်မှုအပေါ် အားထားခြင်းမျိုးမရှိဘဲ ပစ်မှတ်များကို ထိမှန် ရန် လေဆာနှင့် မိုက်ခရိုဝေ့ကဲ့သို့သော စွမ်းအင်များကို အသုံးပြုထားကြောင်းသိရ သည်။
ရေချယ်ရိဗ်က “ယူကရိန်းမှာ ရုရှားရဲ့ရန်လိုမှုတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ကျွန်မတို့ရဲ့မျက်စိရှေ့မှာတင် ကမ္ဘာကြီးက ပြောင်းလဲနေပါပြီ။ ဥရောပဟာ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပြီး နိုင်ငံရပ်ခြားပဋိပက္ခတွေက လုံခြုံရေးနဲ့သာယာဝပြောမှုကို ထိခိုက်စေ ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် နောက်ထပ်ကာကွယ်ရေးအသုံးစရိတ်သည် စစ်ဘက်ဆိုင်ရာ မိသားစုဝင်များအတွက် ပိုမို ကောင်းမွန်သောနေအိမ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး Portsmouth မြို့ရှိ တော်ဝင်ရေတပ်၏ အရေးပါ သော အခြေစိုက်စခန်းကိုလည်း အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ၿဗိတိန္က ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္ၿပီး သေဘၤာမ်ားတြင္ ေလဆာမ်ား တပ္ဆင္ေပးသြားမည္
Pika (NP News) - မတ္ ၃၁
(၂၀၂၇)ခုႏွစ္ ဧၿပီလတြင္ စစ္အသုံးစရိတ္ကို ဂ်ီဒီပီ၏ (၂ ဒသမ ၅) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ၿပီး ၿဗိတိန္၏ ကာကြယ္ေရးစက္မႈလုပ္ငန္းကို တိုးတက္ေသာ အင္ဂ်င္တစ္ခုအျဖစ္ ေျပာင္းလဲလိုေၾကာင္း ၿဗိတိန္အရာရွိမ်ားက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ ၿဗိတိန္အစိုးရသည္ (၂၀၂၅-၂၀၂၆)ခုႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ ေဒၚလာ(၂ ဒသမ ၈)ဘီလ်ံတိုးျမႇင့္ရန္ စီစဥ္ထားၿပီး (၂၀၂၄)ခုႏွစ္ ဩဂုတ္လတြင္ ေနာက္ဆုံးကာကြယ္ေရး အသုံးစရိတ္ကို အတည္ျပဳၿပီးေနာက္ပိုင္း ကာကြယ္ေရးအတြက္ ေနာက္ထပ္အသုံးစရိတ္သည္ အေမရိကန္ေဒၚလာ (၆ ဒသမ ၅) ဘီလ်ံခန႔္ရွိလာမည္ျဖစ္ေၾကာင္း ၿဗိတိန္ဘ႑ာေရးဝန္ႀကီး ေရခ်ယ္ရိဗ္က ေျပာၾကားခဲ့သည္။
ေရခ်ယ္ရိဗ္က “ၿပီးခဲ့တဲ့လက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာက စစ္ေအးေခတ္ေနာက္ပိုင္း ကာကြယ္ေရး အသုံးစရိတ္အတြက္ အႀကီးမားဆုံး တိုးျမႇင့္မႈကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကြၽန္မတို႔ဟာ ကြၽန္မတို႔ရဲ႕အမ်ိဳးသား လုံၿခဳံေရးကို ကာကြယ္ဖို႔နဲ႔ ၿဗိတိန္ကာကြယ္ေရးက႑ရဲ႕ စီးပြားေရးတိုးတက္မႈအလားအလာကို ျမႇင့္တင္ဖို႔အတြက္ လ်င္ျမန္စြာလုပ္ ေဆာင္ေနပါတယ္” ဟု ေျပာခဲ့သည္။ ၿဗိတိန္အစိုးရသည္ လာမည့္ႏွစ္တြင္ ေရတပ္သေဘၤာမ်ားကို စြမ္းအင္လက္နက္မ်ား တပ္ဆင္ေပးသြားမည္ျဖစ္ၿပီး စီစဥ္ထားသည္ထက္ အခ်ိန္(၅)ႏွစ္ေစာၿပီး တပ္ဆင္မႈမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစြမ္းအင္လက္နက္မ်ားသည္ ႐ုပ္ပိုင္းဆိုင္ရာပစ္လႊတ္မႈအေပၚ အားထားျခင္းမ်ိဳးမရွိဘဲ ပစ္မွတ္မ်ားကို ထိမွန္ ရန္ ေလဆာႏွင့္ မိုက္ခ႐ိုေဝ့ကဲ့သို႔ေသာ စြမ္းအင္မ်ားကို အသုံးျပဳထားေၾကာင္းသိရ သည္။
ေရခ်ယ္ရိဗ္က “ယူကရိန္းမွာ ႐ုရွားရဲ႕ရန္လိုမႈေတြ အပါအဝင္ ကမာၻလုံးဆိုင္ရာ မတည္ၿငိမ္မႈေတြေၾကာင့္ ကြၽန္မတို႔ရဲ႕မ်က္စိေရွ႕မွာတင္ ကမာၻႀကီးက ေျပာင္းလဲေနပါၿပီ။ ဥေရာပဟာ လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ေနရၿပီး ႏိုင္ငံရပ္ျခားပဋိပကၡေတြက လုံၿခဳံေရးနဲ႔သာယာဝေျပာမႈကို ထိခိုက္ေစ ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ေနာက္ထပ္ကာကြယ္ေရးအသုံးစရိတ္သည္ စစ္ဘက္ဆိုင္ရာ မိသားစုဝင္မ်ားအတြက္ ပိုမို ေကာင္းမြန္ေသာေနအိမ္မ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး Portsmouth ၿမိဳ႕ရွိ ေတာ္ဝင္ေရတပ္၏ အေရးပါ ေသာ အေျခစိုက္စခန္းကိုလည္း အဆင့္ျမႇင့္တင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။