ကမ္ဘာကျော် Luxury brand Prada က Versace ကို သိမ်းပိုက်နိုင်မယ့် ဆုံးဖြတ်ချက် ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်ချက်ချမည်

185

ရောင်နီ (NP News) - ဧပြီ ၇
အီတလီဇိမ်ခံ လုပ်ငန်းစု Prada ဟာ စေ့စပ်ညှိနှိုင်းမှု အပြီးသတ်အဆင့်ကို ရောက်ရှိနေပြီး ပြိုင်ဘက် Versace ကို သိမ်းပိုက်နိုင်ဖွယ်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုကို ယခုသီတင်းပတ်အတွင်း ချမှတ်ဖို့ စီစဉ်ထားတယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူတစ်ဦးက တနင်္ဂနွေနေ့(ဧပြီလ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
နယူးယောက်အခြေစိုက် Capri Holdings မှ ပိုင်ဆိုင်တဲ့ Versace brand ကို ဝယ်ယူဖို့ သဘောတူညီချက်ဟာ အီတလီဖက်ရှင်ရဲ့အကြီးဆုံး brand ၂ ခုကို ပေါင်းစည်းလိုက်နိုင်မှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံထုတ် Corriere della Sera သတင်းစာက အလားအလာရှိတဲ့ သဘောတူညီချက်ကို လာမယ့် ကြာသပတေးနေ့၊ ဧပြီလ ၁၀ ရက်နေ့မှာ ကြေညာနိုင်ပြီး Versace ရဲ့ စျေးနှုန်းဟာလည်း ယူရို ၁ ဘီလီယံ (ဒေါ်လာ ၁.၁ ဘီလီယံ) ထိ လျှော့ချပေးနိုင်ကာ ကနဦးထက် သုံးပုံတစ်ပုံ ဈေးလျှော့နိုင်တယ်လို့ သိရပါတယ်။ Capri Holdings ရဲ့အမှုဆောင်အရာရှိချုပ် ဂျွန်အိုင်ဒေါဟာလည်း လာမယ့် ရက်တွေအတွင်း မီလန်မှာ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ Prada ဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းက Versace ဘဏ္ဍာရေးဒေတာကို သီတင်းလေးပတ်ကြာ သီးသန့်အသုံးပြုခွင့် ရရှိခဲ့ပြီး နောက်ပိုင်းကာလ သက်တမ်းတိုးခဲ့တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Versace ကို ၂၀၁၈ ခုနှစ်က ယူရို ၁.၈ ဘီလီယံနဲ့ Capri Holdings က ဝယ်ယူခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှုံးပေါ်ခဲ့တာကြောင့် ပြန်ရောင်းထုတ်နေတာဖြစ်ပါတယ်။

Zawgyi Version:
ကမာၻေက်ာ္ Luxury brand Prada က Versace ကို သိမ္းပိုက္ႏိုင္မယ့္ ဆုံးျဖတ္ခ်က္ ယခုသီတင္းပတ္အတြင္း ဆုံးျဖတ္ခ်က္ခ်မည္
ေရာင္နီ (NP News) - ဧၿပီ ၇
အီတလီဇိမ္ခံ လုပ္ငန္းစု Prada ဟာ ေစ့စပ္ညႇိႏႈိင္းမႈ အၿပီးသတ္အဆင့္ကို ေရာက္ရွိေနၿပီး ၿပိဳင္ဘက္ Versace ကို သိမ္းပိုက္ႏိုင္ဖြယ္ရွိတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို ယခုသီတင္းပတ္အတြင္း ခ်မွတ္ဖို႔ စီစဥ္ထားတယ္လို႔ အဆိုပါကိစၥနဲ႔ နီးစပ္သူတစ္ဦးက တနဂၤေႏြေန႔(ဧၿပီလ ၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
နယူးေယာက္အေျခစိုက္ Capri Holdings မွ ပိုင္ဆိုင္တဲ့ Versace brand ကို ဝယ္ယူဖို႔ သေဘာတူညီခ်က္ဟာ အီတလီဖက္ရွင္ရဲ႕အႀကီးဆုံး brand ၂ ခုကို ေပါင္းစည္းလိုက္ႏိုင္မွာ ျဖစ္ပါတယ္။ အီတလီႏိုင္ငံထုတ္ Corriere della Sera သတင္းစာက အလားအလာရွိတဲ့ သေဘာတူညီခ်က္ကို လာမယ့္ ၾကာသပေတးေန႔၊ ဧၿပီလ ၁၀ ရက္ေန႔မွာ ေၾကညာႏိုင္ၿပီး Versace ရဲ႕ ေစ်းႏႈန္းဟာလည္း ယူ႐ို ၁ ဘီလီယံ (ေဒၚလာ ၁.၁ ဘီလီယံ) ထိ ေလွ်ာ့ခ်ေပးႏိုင္ကာ ကနဦးထက္ သုံးပုံတစ္ပုံ ေဈးေလွ်ာ့ႏိုင္တယ္လို႔ သိရပါတယ္။ Capri Holdings ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ဂြၽန္အိုင္ေဒါဟာလည္း လာမယ့္ ရက္ေတြအတြင္း မီလန္မွာ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားပါတယ္။ Prada ဟာ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းက Versace ဘ႑ာေရးေဒတာကို သီတင္းေလးပတ္ၾကာ သီးသန႔္အသုံးျပဳခြင့္ ရရွိခဲ့ၿပီး ေနာက္ပိုင္းကာလ သက္တမ္းတိုးခဲ့တယ္လို႔ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
Versace ကို ၂၀၁၈ ခုႏွစ္က ယူ႐ို ၁.၈ ဘီလီယံနဲ႔ Capri Holdings က ဝယ္ယူခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အရႈံးေပၚခဲ့တာေၾကာင့္ ျပန္ေရာင္းထုတ္ေနတာျဖစ္ပါတယ္။