ပါလက်စတိုင်းကလေးငယ်တွေအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ရာဇဝတ်မှုတွေကို ဟားမက်လက်နက်ကိုင်အဖွဲ့ ပြစ်တင်ရှုတ်ချ

249

Pika
ဂါဇာကမ်းမြောင်ဒေသက ကလေးငယ်တွေအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ရာဇဝတ်မှုတွေကို ဟားမက်လက်နက်ကိုင်အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ဟားမက်လက်နက်ကိုင်အဖွဲ့က “(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ကနေစတင်ပြီး အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းကလေးငယ်(၁၁၀၀)ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတွေအတွင်း ကလေးငယ်(၃၉၀၀၀)ခန့်ဟာ ၎င်းတို့ရဲ့မိဘ တစ်ဦးဒါမှမဟုတ် နှစ်ဦးစလုံးကို ဆုံးရှုံးခဲ့ရပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးရဲ့ ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ပညာသင်ကြားခွင့်ဆုံးရှုံးမှုနဲ့ ၎င်းတို့ရဲ့အမျိုးသားရေးလက္ခဏာကိုဖြတ်တောက်ဖို့ ကြိုးပမ်းတာတွေအပါအဝင် ရာဇဝတ်မှုတွေကနေတစ်ဆင့် ကလေးငယ်တွေကို ဆက်လက်ပစ်မှတ်ထားမှုတွေကို ဟားမက်လက်နက်ကိုင်အဖွဲ့က အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ ကလေးငယ်တွေကို သတ်ဖြတ်ခြင်း၊ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ညှင်းပန်းနှိပ်စက်တာတွေအပါအဝင် အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုတွေကို ဟားမက်လက်နက်ကိုင်အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အစ္စရေးရဲ့လုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်အစင်းရေ(၁၀၀၀)ကျော်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ပါလက္စတိုင္းကေလးငယ္ေတြအေပၚ ဆက္လက္လုပ္ေဆာင္ေနတဲ့ အစၥေရးရဲ႕ရာဇဝတ္မႈေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕ ျပစ္တင္ရႈတ္ခ်
Pika
ဂါဇာကမ္းေျမာင္ေဒသက ကေလးငယ္ေတြအေပၚ ဆက္လက္လုပ္ေဆာင္ေနတဲ့ အစၥေရးရဲ႕ရာဇဝတ္မႈေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕က “(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔ကေနစတင္ၿပီး အစၥေရးစစ္တပ္ဟာ ပါလက္စတိုင္းကေလးငယ္(၁၁၀၀)ဦးခန႔္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး အၾကမ္းဖက္မႈေတြအတြင္း ကေလးငယ္(၃၉၀၀၀)ခန႔္ဟာ ၎တို႔ရဲ႕မိဘ တစ္ဦးဒါမွမဟုတ္ ႏွစ္ဦးစလုံးကို ဆုံးရႈံးခဲ့ရပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးရဲ႕ ကေလးငယ္ေတြကို လူသားဒိုင္းအျဖစ္ အသုံးျပဳျခင္း၊ပညာသင္ၾကားခြင့္ဆုံးရႈံးမႈနဲ႔ ၎တို႔ရဲ႕အမ်ိဳးသားေရးလကၡဏာကိုျဖတ္ေတာက္ဖို႔ ႀကိဳးပမ္းတာေတြအပါအဝင္ ရာဇဝတ္မႈေတြကေနတစ္ဆင့္ ကေလးငယ္ေတြကို ဆက္လက္ပစ္မွတ္ထားမႈေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕က အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ၿပီးေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ ကေလးငယ္ေတြကို သတ္ျဖတ္ျခင္း၊ဖမ္းဆီးထိန္းသိမ္းျခင္းနဲ႔ ညႇင္းပန္းႏွိပ္စက္တာေတြအပါအဝင္ အေျခခံလူ႔အခြင့္အေရးဆုံးရႈံးမႈေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အစၥေရးရဲ႕လုပ္ရပ္ေတြဟာ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဥပေဒကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္အစင္းေရ(၁၀၀၀)ေက်ာ္နဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။