နျူကလီးယားရေငုပ်သင်္ဘောတွေအတွက် အခြေစိုက်စခန်းကို အိန္ဒိယအစိုးရတည်ဆောက်နေ

 140

Pika (NP News) - ဧပြီ ၈

အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ ၎င်းရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာ နျူကလီးယားရေငုပ်သင်္ဘောတွေနဲ့ အခြားစစ်သင်္ဘောတွေအတွက် ရေတပ်အခြေစိုက်စခန်းအသစ်တစ်ခုကို တာဝန်ပေးအပ်ဖို့ စီစဉ်နေတယ်လို့ Times of India သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်။

Visakhapatnam မြို့မှာရှိတဲ့ အရှေ့ပိုင်းရေတပ်ဌာနချုပ်ရဲ့ တောင်ဘက်(၅၀)ကီလိုမီတာခန့်အကွာ Rambilli ရွာအနီးမှာတည်ရှိမယ့် မဟာဗျူဟာမြောက်ရေတပ်အခြေစိုက်စခန်းမှာ နျူကလီးယားရေငုပ်သင်္ဘောတွေထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေနဲ့ မြေအောက်ဘန်ကာတွေလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါယ်။ ဒါ့ပြင် Rambilli ရေတပ်အခြေစိုက်စခန်းရဲ့ ပထမအဆင့်ဟာ ပြီးစီးလုနီးပါးဖြစ်တယ်လို့လည်း သိရပါတယ်။ Rambilli ရေတပ်အခြေစိုက်စခန်းကို (၂၀၂၆)ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့စီစဉ်ထားပြီး နောက်ပိုင်းမှာ ချဲ့ထွင်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နျူကလီးယားရေငုပ်သင်္ဘော အခြေစိုက်စခန်းအတွက် တည်ဆောက်မှုတွေကို ပြီးခဲ့တဲ့ဆယ်နှစ်ကျော်လောက်တည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နည်းပညာ၊သဘာဝပတ်ဝန်းကျင်နဲ့ အခြားစိန်ခေါ်မှုများစွာကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ အတွင်းပိုင်းဆိပ်ကမ်းဟာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဆိပ်ခံတံတားတည်ဆောက်တာတွေအပါအဝင် အပြင်ဘက်ဆိပ်ကမ်းအတွက် တည်ဆောက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ Times of India ရဲ့ ဖော်ပြချက်အရသိရပါတယ်။

zawgyi version
န်ဴကလီးယားေရငုပ္သေဘၤာေတြအတြက္ အေျခစိုက္စခန္းကို အိႏၵိယအစိုးရတည္ေဆာက္ေန
Pika (NP News) - ဧၿပီ ၈

အိႏၵိယႏိုင္ငံဟာ လာမယ့္ႏွစ္မွာ ၎ရဲ႕အေရွ႕ေတာင္ဘက္ကမ္း႐ိုးတန္းမွာ န်ဴကလီးယားေရငုပ္သေဘၤာေတြနဲ႔ အျခားစစ္သေဘၤာေတြအတြက္ ေရတပ္အေျခစိုက္စခန္းအသစ္တစ္ခုကို တာဝန္ေပးအပ္ဖို႔ စီစဥ္ေနတယ္လို႔ Times of India သတင္းစာရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

Visakhapatnam ၿမိဳ႕မွာရွိတဲ့ အေရွ႕ပိုင္းေရတပ္ဌာနခ်ဳပ္ရဲ႕ ေတာင္ဘက္(၅၀)ကီလိုမီတာခန႔္အကြာ Rambilli ႐ြာအနီးမွာတည္ရွိမယ့္ မဟာဗ်ဴဟာေျမာက္ေရတပ္အေျခစိုက္စခန္းမွာ န်ဴကလီးယားေရငုပ္သေဘၤာေတြထားရွိမယ့္ ဥမင္လႈိဏ္ေခါင္းေတြနဲ႔ ေျမေအာက္ဘန္ကာေတြလည္းပါဝင္မွာျဖစ္တယ္လို႔ သိရပါယ္။ ဒါ့ျပင္ Rambilli ေရတပ္အေျခစိုက္စခန္းရဲ႕ ပထမအဆင့္ဟာ ၿပီးစီးလုနီးပါးျဖစ္တယ္လို႔လည္း သိရပါတယ္။ Rambilli ေရတပ္အေျခစိုက္စခန္းကို (၂၀၂၆)ခုႏွစ္မွာ စတင္ဖြင့္လွစ္ဖို႔စီစဥ္ထားၿပီး ေနာက္ပိုင္းမွာ ခ်ဲ႕ထြင္မႈေတြနဲ႔ အဆင့္ျမႇင့္တင္မႈေတြကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

န်ဴကလီးယားေရငုပ္သေဘၤာ အေျခစိုက္စခန္းအတြက္ တည္ေဆာက္မႈေတြကို ၿပီးခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေလာက္တည္းက စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး နည္းပညာ၊သဘာဝပတ္ဝန္းက်င္နဲ႔ အျခားစိန္ေခၚမႈမ်ားစြာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ အတြင္းပိုင္းဆိပ္ကမ္းဟာ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ဆိပ္ခံတံတားတည္ေဆာက္တာေတြအပါအဝင္ အျပင္ဘက္ဆိပ္ကမ္းအတြက္ တည္ေဆာက္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ Times of India ရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။

Related news

© 2021. All rights reserved.