အမေရိကန်သမ္မတက ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၁ ထရီလီယံအထိ စံချိန်တင်သုံးစွဲမယ်

342

ဂျန်ဇက် ( NP News )
အမေရိကန်အစိုးရဟာ ဖက်ဒရယ် အသုံးစရိတ်တွေကိုလျော့ချမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် နိုင်ငံကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်သုံးစွဲသွားမယ်လို့သိရပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကအိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်းအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆက်ကလည်း အမေရိကန်ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့
ငွေကြေးတွေကို အဓိကထားအသုံးပြုမယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာလည်း ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့နိုင်ငံအဖြစ်ရပ်တည်နေပြီး ၂၀၂၅ခုနှစ်အတွက်အမေရိကန်ဒေါ်လာ ၈၉၅ ဘီလျံကျော်အသုံးပြုထားတယ်လို့ သိရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက" သမ္မတဒေါ်နယ်ထရမ့်ဟာ ကျွန်တော်တို့ နိုင်ငံကာကွယ်ရေးနဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးတွေကို ကာကွယ်ရေးလုပ်ငန်းတွေမှာအဓိကထားသုံးမယ်။" လို့ပြောပါတယ်။အမေရိကန်အစိုးရဟာ
ကာကွယ်ရေးအသုံးစရိတ်ကိုအမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ သုံးစွဲသွားမယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ထိပ်ဆုံးမှာရပ်တည်နေပြီးတရုတ်နိုင်ငံကအမေရိကန်ဒေါ်လာ ၂၅၆ဘီလျံနဲ့ ဒုတိယနေရာ၊ ရုရှားကာ အမေရိကန်ဒေါ်လာ ၁၅၇ဘီလျံနဲ့တတိယနေရာတွေမျာရပ်တည်နေကြောင်း သိရပါတယ်။

Zawgyi Version:
အေမရိကန္သမၼတက ကာကြယ္ေရးအသုံးစရိတ္ကို ေဒၚလာ ၁ ထရီလီယံအထိ စံခ်ိန္တင္သုံးစြဲမယ္
ဂ်န္ဇက္ ( NP News )
အေမရိကန္အစိုးရဟာ ဖက္ဒရယ္ အသုံးစရိတ္ေတြကိုေလ်ာ့ခ်မႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမယ့္ ႏိုင္ငံကာကြယ္ေရးအသုံးစရိတ္ကို စံခ်ိန္တင္သုံးစြဲသြားမယ္လို႔သိရပါတယ္။ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကအိမ္ျဖဴေတာ္မွာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္းအခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆက္ကလည္း အေမရိကန္ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္အခြန္ထမ္းျပည္သူေတြရဲ႕
ေငြေၾကးေတြကို အဓိကထားအသုံးျပဳမယ္လို႔ ေျပာပါတယ္။ အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာလည္း ကာကြယ္ေရးအသုံးစရိတ္အမ်ားဆုံး သုံးစြဲထားတဲ့ႏိုင္ငံအျဖစ္ရပ္တည္ေနၿပီး ၂၀၂၅ခုႏွစ္အတြက္အေမရိကန္ေဒၚလာ ၈၉၅ ဘီလ်ံေက်ာ္အသုံးျပဳထားတယ္လို႔ သိရပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက" သမၼတေဒၚနယ္ထရမ့္ဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံကာကြယ္ေရးနဲ႔ပတ္သက္ၿပီး ျပန္လည္တည္ေဆာက္ဖို႔ စီစဥ္ေနတယ္။ အေမရိကန္အခြန္ထမ္းျပည္သူေတြရဲ႕ေငြေၾကးေတြကို ကာကြယ္ေရးလုပ္ငန္းေတြမွာအဓိကထားသုံးမယ္။" လို႔ေျပာပါတယ္။အေမရိကန္အစိုးရဟာ
ကာကြယ္ေရးအသုံးစရိတ္ကိုအေမရိကန္ေဒၚလာ ၁ ထရီလီယံအထိ သုံးစြဲသြားမယ္လို႔ သိရပါတယ္။
၂၀၂၅ခုႏွစ္အတြက္ ကာကြယ္ေရး အသုံးစရိတ္အမ်ားဆုံး သုံးစြဲထားတဲ့ ႏိုင္ငံေတြထဲမွာ အေမရိကန္က ထိပ္ဆုံးမွာရပ္တည္ေနၿပီးတ႐ုတ္ႏိုင္ငံကအေမရိကန္ေဒၚလာ ၂၅၆ဘီလ်ံနဲ႔ ဒုတိယေနရာ၊ ႐ုရွားကာ အေမရိကန္ေဒၚလာ ၁၅၇ဘီလ်ံနဲ႔တတိယေနရာေတြမ်ာရပ္တည္ေနေၾကာင္း သိရပါတယ္။