ဂျပန်ကုမ္ပဏီတွေက တစ်ပတ်အတွင်း 3D ပရင့်ထုတ်ထားတဲ့ ရထားဘူတာရုံတစ်ခု တည်ဆောက်

 218

ရောင်နီ (NP News) - ဧပြီ ၁၃

ဂျပန်နိုင်ငံမှာ ကျစ်လစ်သိပ်သည်းတဲ့ အဖြူရောင် အကွေး အမိုးပုံစံနဲ့ ကမ္ဘာ့ပထမဆုံး 3D-printed ရထားဘူတာရုံကို ၇ ရက်နဲ့ တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရထားဘူတာဟာ ဟက်ဆူရှီးမား ဘူတာရုံဖြစ်ပြီး အခြေခံအုတ်မြစ်တွေနဲ့ အပြင်ပိုင်း ဖန်တီးဖို့ ခုနစ်ရက်သာ အချိန်ယူခဲ့ရတယ်လို့ စီမံကိန်းမှာ အနောက်ဂျပန်မီးရထားကုမ္ပဏီ (JR West) နဲ့ လုပ်ဆောင်ခဲ့တဲ့ Serendix ကော်ပိုရေးရှင်းက ပြောပါတယ်။ အစိတ်အပိုင်းတွေကို သံမဏိနဲ့ ကွန်ကရစ်တုံးတွေ ဖြည့်သွင်းပေးပြီး ဆိုက်မှာ တပ်ဆင်ခဲ့တယ်လို့ JR West က ဆိုပါတယ်။ ဒီအဆောက်အဦကို သမားရိုးကျ နည်းလမ်းတွေ အသုံးပြုပြီး အမိုးနဲ့ နံရံတွေ ဆောက်လုပ်မယ်ဆိုရင် တစ်လ (သို့) နှစ်လခန့်ကြာနိုင်ပြီး အခု ၂ နာရီလောက်နဲ့ တပ်ဆင်ဆောက်လုပ်နိုင်လို့ အချိန်ကုန်သက်သာတယ်လို့ JR West က နာအိုဟီရိုအိုဟာရှီ က ပြောပါတယ်။

အဆောက်အဦသစ်ဟာ အမြင့် ၂.၆ မီတာ နဲ့ အကျယ် ၆.၃ မီတာ ရှိပြီး သူ့ရဲ့ဘေးဘက်မှာ ဖောင်းကြွစက်ဝိုင်းပုံစံဒီဇိုင်း ဖန်တီးထားပါတယ်။ လက်ရှိ အတွင်းပိုင်း အပြင်အဆင်တွေ ဖန်တီးနေပြီး နောက်ပိုင်း လက်မှတ်ရောင်းကာ ဘူတာအဖြစ် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ကုမၸဏီေတြက တစ္ပတ္အတြင္း 3D ပရင့္ထုတ္ထားတဲ့ ရထားဘူတာ႐ုံတစ္ခု တည္ေဆာက္
ေရာင္နီ (NP News) - ဧၿပီ ၁၃

ဂ်ပန္ႏိုင္ငံမွာ က်စ္လစ္သိပ္သည္းတဲ့ အျဖဴေရာင္ အေကြး အမိုးပုံစံနဲ႔ ကမာၻ႔ပထမဆုံး 3D-printed ရထားဘူတာ႐ုံကို ၇ ရက္နဲ႔ တည္ေဆာက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ရထားဘူတာဟာ ဟက္ဆူရွီးမား ဘူတာ႐ုံျဖစ္ၿပီး အေျခခံအုတ္ျမစ္ေတြနဲ႔ အျပင္ပိုင္း ဖန္တီးဖို႔ ခုနစ္ရက္သာ အခ်ိန္ယူခဲ့ရတယ္လို႔ စီမံကိန္းမွာ အေနာက္ဂ်ပန္မီးရထားကုမၸဏီ (JR West) နဲ႔ လုပ္ေဆာင္ခဲ့တဲ့ Serendix ေကာ္ပိုေရးရွင္းက ေျပာပါတယ္။ အစိတ္အပိုင္းေတြကို သံမဏိနဲ႔ ကြန္ကရစ္တုံးေတြ ျဖည့္သြင္းေပးၿပီး ဆိုက္မွာ တပ္ဆင္ခဲ့တယ္လို႔ JR West က ဆိုပါတယ္။ ဒီအေဆာက္အဦကို သမား႐ိုးက် နည္းလမ္းေတြ အသုံးျပဳၿပီး အမိုးနဲ႔ နံရံေတြ ေဆာက္လုပ္မယ္ဆိုရင္ တစ္လ (သို႔) ႏွစ္လခန႔္ၾကာႏိုင္ၿပီး အခု ၂ နာရီေလာက္နဲ႔ တပ္ဆင္ေဆာက္လုပ္ႏိုင္လို႔ အခ်ိန္ကုန္သက္သာတယ္လို႔ JR West က နာအိုဟီ႐ိုအိုဟာရွီ က ေျပာပါတယ္။

အေဆာက္အဦသစ္ဟာ အျမင့္ ၂.၆ မီတာ နဲ႔ အက်ယ္ ၆.၃ မီတာ ရွိၿပီး သူ႔ရဲ႕ေဘးဘက္မွာ ေဖာင္းႂကြစက္ဝိုင္းပုံစံဒီဇိုင္း ဖန္တီးထားပါတယ္။ လက္ရွိ အတြင္းပိုင္း အျပင္အဆင္ေတြ ဖန္တီးေနၿပီး ေနာက္ပိုင္း လက္မွတ္ေရာင္းကာ ဘူတာအျဖစ္ ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.