“အတာ+သင်္ကြန်” ဆိုတာ သက္ကတနဲ့ မြန်မာဘာသာရောနှောထားခြင်းဖြစ်ပြီး “တစ်နေရာမှ တစ်နေရာသို့ကူးပြောင်းခြင်း” လို့ အဓိပ္ပါယ်ရရှိ

 439

U Htay Oung (NP News) - ဧပြီ ၁၆

ကျွန်တော်တစ်ခါက ပြောခဲ့ဖူးသလို မြန်မာစာရေးနည်း တည်ငြိမ်လာတဲ့ ပုဂံခေတ်ဟာ မြန်မာတို့ရဲ့ “ဘာသာပြန် ရွှေခေတ်ကြီး” ဖြစ်ပါတယ်။ အထူးသဖြင့် ရဟန်းပညာရှိ-လူပညာရှိတို့က ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သက္ကတ (သင်္သကရိုက်) ကျမ်းစာများကို ပါဠိ- မြန်မာပြန်ဆိုကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓကျမ်းစာများသာမက ဗြဟ္မဏဘာသာမှ ဗေဒင်နဲ့ ဆေးကျမ်းများ၊ ဒဿနရေးရာများပါ ရောနှောပါဝင်လာခဲ့ပါတယ်။

အနောက်တိုင်းပြက္ခဒိန်ဟာ နေကို စံထား တွက်ချက်ခြင်းဖြစ်ပြီး ကမ္ဘာကြီးရဲ့မိမိဝင်ရိုးပေါ်မှာ တစ်ပတ်အပြည့် လည်ခြင်းကို တစ်ရက် (၂၄ နာရီ)၊ နေကို တစ်ပတ်အပြည့်ပတ်ခြင်းကို တစ်နှစ် (၁၂-လ) အဖြစ် အနောက်တိုင်း ပြက္ခဒိန်က သတ်မှတ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာတို့ရဲ့ ပြက္ခဒိန်ဟာ “လ” ကို စံထားတွက်ချက်ပါတယ်။ အနောက်တိုင်း ပြက္ခဒိန်ဟာ ၄ နှစ်မှာ ၁ ရက် မှားခြင်းကြောင့် ဖေဖော်ဝါရီမှာ ၁ ရက်တိုးပေးရပါတယ်။ အိန္ဒိယ-မြန် မာတို့ရဲ့ ပြက္ခဒိန်ကတော့ ၄-နှစ်မှာ ၁-လမှားခြင်းကြောင့် ဝါထပ် (၁ လ ပိုပေါင်း) ပေးရပါတယ်။
မြန်မာတို့ရဲ့နှစ်တစ်နှစ်ကုန်ဆုံးချိန်ဟာ တစ်ပေါင်းလ ဖြစ်ပေမယ့် တန်ခူးလဆန်း ၁-ရက်နေ့ဟာ မြန်မာနှစ်ဆန်း ၁ ရက်နေ့ မဟုတ်ပါဘူး။ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့အလောင်းအစားမှ အချိန်ကာလတစ်ခု ပြည့်မြောက်ခြင်း “သင်္ကန္တ” (တစ်နည်း အကြို-အကျ-အကြတ်-အတက် လွန်မြောက်ခြင်း) နောက်တစ်နေ့ဟာ မြန်မာတို့ရဲ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့အစတော့ မဟုတ်သလို သိကြားမင်းက အဲဒီအချိန် လူ့ပြည်ဆင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။

အဲဒါတွေဟာ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ရိုးရာဓလေ့ အထိန်းအမှတ်ပွဲသာဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို ဒီလို ရိုးရာဓလေ့ဟာ ပုဂံခေတ်တည်းက ရှိခဲ့ပြီး အသက်ကြီးမှ သင်္ကန်းဝတ်ရတဲ့ ဒယ်အိုးဆရာတော်ဆိုသူ ရမ်းကြိတ်သလို နရသီဟပတေ့မင်းနဲ့ ဗေဒင်ဆရာတို့ တိုင်ပင်ပြီး လုပ်တာ မဟုတ်ရပါဘူး။ အဲဒီဘုရင် မတိုင်ခင်တည်းက ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက်ရောက်မှ ပုဏ္ဏားဗေဒင် ဆရာက ဖန်တီးပေးခြင်းလည်း မမှန်ပါဘူး၊ ယခုထိနဲ့ ယခင် ရှေးမြန်မာဘုရင်ခေတ်အဆက်ဆက် ပုဏ္ဏားတို့ရဲ့ “မဟာသင်္ကြန်စာ” မှ သိကြားမင်းဆင်းတယ်လို့ ဘယ်တုန်းကမှ မပါဝင်ခဲ့ပါ။

ဒါပေမယ့် အဲဒီ #မဟာသင်္ကြန်စာဟာ_မြန်မာတောင်သူလယ်သမားကြီးများရဲ့ #စိုက်ရေးပျိုးရေးနဲ့ #သီးနှံအထွက်ကို_ကြိုတင်ခန့်မှန်းရာမှာ #အလွန်အသုံးတည့်ကြောင်း_ဆန်စားတဲ့_တိုင်းပြည်နေသူတိုင်း သိကြပါတယ်။
အတာသင်္ကြန်ကာလ မြန်မာနိုင်ငံတစ်ဝှမ်း လူမျိုးဘာသာမရွေး တောရောမြို့ပါမကျန် လူငယ်တို့ဟာ အချင်းချင်း ရေပက်ကစား လေ့ရှိပါတယ်။ အခုနောက်ပိုင်း မဏ္ဍာပ်များတည်ဆောင်ပြီး မုန့်လုံးရေပေါ်-သင်္ကြန်ထမင်း ကျွေးကြပြီး ပျော်ရွှင်စွာ ရေကစားကြပါတယ်။ သက်ကြီး ဝါကြီးများက ဥပုသ်သီတင်းဆောက်တည်ကြပါတယ်။ နှစ်ဆန်းတစ်ရက်ရောက်တဲ့အခါ ရပ်ရွာအတွင်း ပရိတ်တရားနာယူခြင်း လူငယ်များက သက်ကြီးသူများကို ဦးခေါင်းဆေးခြင်း၊ အဝတ်အစားသစ်များ ကန်တော့ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။
မြန်မာတို့ရဲ့ရိုးရာဓလေ့ပွဲတော်များမှာ ဘုရားဟော မဟုတ်ထာတွေလဲ ပါဝင်နေပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်ပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးရဲ့ချစ်စရာကောင်းတဲ့ အတာသင်္ကြန်ဓလေ့ဟာ သက္ကတ ကျမ်းစာများက လာတယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံမှာ မရှိပါဘူး။ မြန်မာမှ စတင်ပြီး တရုတ်(ယူနန်)၊ လော၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံမှာ တွေ့ရပါတယ်။
ထူးခြားပြီး ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို “ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်” အဖြစ် ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့ ၁၉ ကြိမ်မြောက် ယူနက်စကို ညီလာခံက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
တောထွက်ကြီးတို့ပြောမှပဲ ကမ္ဘာ့အသိအမှတ်ပြု ကျုပ်တို့ ဘိုးဘွားစဉ်ဆက် ချစ်စရာ ပျော်ရွှင်စရာ ရိုးရာဓလေ့ကြီးတစ်ခုလုံးကို ပုတ်ခတ်လိုက်သလို ခံစားရတယ်။
#HtayOung #OungMarine
#မြန်မာ့ရိုးရာ_အတာသင်္ကြန်ပွဲတော် #ကမ္ဘာ့ဒြပ်မဲ့_ယဉ်ကျေးမှု_အမွေအနှစ်
#မြန်မာနှစ်ဆန်းတစ်ရက်နေ့ #မြန်မာဘာသာပြန်ရွှေခေတ်

Zawgyi Version:
“အတာ+သၾကၤန္” ဆိုတာ သကၠတနဲ႔ ျမန္မာဘာသာေရာေႏွာထားျခင္းျဖစ္ၿပီး “တစ္ေနရာမွ တစ္ေနရာသို႔ကူးေျပာင္းျခင္း” လို႔ အဓိပၸါယ္ရရွိ
U Htay Oung (NP News) - ဧၿပီ ၁၆

ကြၽန္ေတာ္တစ္ခါက ေျပာခဲ့ဖူးသလို ျမန္မာစာေရးနည္း တည္ၿငိမ္လာတဲ့ ပုဂံေခတ္ဟာ ျမန္မာတို႔ရဲ႕ “ဘာသာျပန္ ေ႐ႊေခတ္ႀကီး” ျဖစ္ပါတယ္။ အထူးသျဖင့္ ရဟန္းပညာရွိ-လူပညာရွိတို႔က ဗုဒၶဘာသာနဲ႔ ပတ္သက္တဲ့ သကၠတ (သသၤက႐ိုက္) က်မ္းစာမ်ားကို ပါဠိ- ျမန္မာျပန္ဆိုၾကျခင္းျဖစ္ပါတယ္။ ဒီေနရာမွာ ဗုဒၶက်မ္းစာမ်ားသာမက ျဗဟၼဏဘာသာမွ ေဗဒင္နဲ႔ ေဆးက်မ္းမ်ား၊ ဒႆနေရးရာမ်ားပါ ေရာေႏွာပါဝင္လာခဲ့ပါတယ္။

အေနာက္တိုင္းျပကၡဒိန္ဟာ ေနကို စံထား တြက္ခ်က္ျခင္းျဖစ္ၿပီး ကမာၻႀကီးရဲ႕မိမိဝင္႐ိုးေပၚမွာ တစ္ပတ္အျပည့္ လည္ျခင္းကို တစ္ရက္ (၂၄ နာရီ)၊ ေနကို တစ္ပတ္အျပည့္ပတ္ျခင္းကို တစ္ႏွစ္ (၁၂-လ) အျဖစ္ အေနာက္တိုင္း ျပကၡဒိန္က သတ္မွတ္ပါတယ္။ အိႏၵိယနဲ႔ ျမန္မာတို႔ရဲ႕ ျပကၡဒိန္ဟာ “လ” ကို စံထားတြက္ခ်က္ပါတယ္။ အေနာက္တိုင္း ျပကၡဒိန္ဟာ ၄ ႏွစ္မွာ ၁ ရက္ မွားျခင္းေၾကာင့္ ေဖေဖာ္ဝါရီမွာ ၁ ရက္တိုးေပးရပါတယ္။ အိႏၵိယ-ျမန္ မာတို႔ရဲ႕ ျပကၡဒိန္ကေတာ့ ၄-ႏွစ္မွာ ၁-လမွားျခင္းေၾကာင့္ ဝါထပ္ (၁ လ ပိုေပါင္း) ေပးရပါတယ္။
ျမန္မာတို႔ရဲ႕ႏွစ္တစ္ႏွစ္ကုန္ဆုံးခ်ိန္ဟာ တစ္ေပါင္းလ ျဖစ္ေပမယ့္ တန္ခူးလဆန္း ၁-ရက္ေန႔ဟာ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔ မဟုတ္ပါဘူး။ သိၾကားမင္းနဲ႔ ျဗဟၼာမင္းတို႔အေလာင္းအစားမွ အခ်ိန္ကာလတစ္ခု ျပည့္ေျမာက္ျခင္း “သကၤႏၲ” (တစ္နည္း အႀကိဳ-အက်-အၾကတ္-အတက္ လြန္ေျမာက္ျခင္း) ေနာက္တစ္ေန႔ဟာ ျမန္မာတို႔ရဲ႕ႏွစ္ဆန္းတစ္ရက္ေန႔ျဖစ္ပါတယ္။ ဒါေပမယ့္ ျပကၡဒိန္ႏွစ္ တစ္ႏွစ္ရဲ႕အစေတာ့ မဟုတ္သလို သိၾကားမင္းက အဲဒီအခ်ိန္ လူ႔ျပည္ဆင္းတယ္ဆိုတာလည္း မဟုတ္ပါဘူး။

အဲဒါေတြဟာ ကြၽန္ေတာ္တို႔ ဘိုးစဥ္ေဘာင္ဆက္ ႐ိုးရာဓေလ့ အထိန္းအမွတ္ပြဲသာျဖစ္ၿပီး ဗုဒၶဘာသာနဲ႔ သက္ဆိုင္ျခင္း မရွိပါဘူး။ အေပၚမွာ ကြၽန္ေတာ္ေျပာခဲ့သလို ဒီလို ႐ိုးရာဓေလ့ဟာ ပုဂံေခတ္တည္းက ရွိခဲ့ၿပီး အသက္ႀကီးမွ သကၤန္းဝတ္ရတဲ့ ဒယ္အိုးဆရာေတာ္ဆိုသူ ရမ္းႀကိတ္သလို နရသီဟပေတ့မင္းနဲ႔ ေဗဒင္ဆရာတို႔ တိုင္ပင္ၿပီး လုပ္တာ မဟုတ္ရပါဘူး။ အဲဒီဘုရင္ မတိုင္ခင္တည္းက ရွိခဲ့ပါတယ္။ ဦးေနဝင္းလက္ထက္ေရာက္မွ ပုဏၰားေဗဒင္ ဆရာက ဖန္တီးေပးျခင္းလည္း မမွန္ပါဘူး၊ ယခုထိနဲ႔ ယခင္ ေရွးျမန္မာဘုရင္ေခတ္အဆက္ဆက္ ပုဏၰားတို႔ရဲ႕ “မဟာသၾကၤန္စာ” မွ သိၾကားမင္းဆင္းတယ္လို႔ ဘယ္တုန္းကမွ မပါဝင္ခဲ့ပါ။

ဒါေပမယ့္ အဲဒီ #မဟာသၾကၤန္စာဟာ_ျမန္မာေတာင္သူလယ္သမားႀကီးမ်ားရဲ႕ #စိုက္ေရးပ်ိဳးေရးနဲ႔ #သီးႏွံအထြက္ကို_ႀကိဳတင္ခန႔္မွန္းရာမွာ #အလြန္အသုံးတည့္ေၾကာင္း_ဆန္စားတဲ့_တိုင္းျပည္ေနသူတိုင္း သိၾကပါတယ္။
အတာသၾကၤန္ကာလ ျမန္မာႏိုင္ငံတစ္ဝွမ္း လူမ်ိဳးဘာသာမေ႐ြး ေတာေရာၿမိဳ႕ပါမက်န္ လူငယ္တို႔ဟာ အခ်င္းခ်င္း ေရပက္ကစား ေလ့ရွိပါတယ္။ အခုေနာက္ပိုင္း မ႑ာပ္မ်ားတည္ေဆာင္ၿပီး မုန႔္လုံးေရေပၚ-သၾကၤန္ထမင္း ေကြၽးၾကၿပီး ေပ်ာ္႐ႊင္စြာ ေရကစားၾကပါတယ္။ သက္ႀကီး ဝါႀကီးမ်ားက ဥပုသ္သီတင္းေဆာက္တည္ၾကပါတယ္။ ႏွစ္ဆန္းတစ္ရက္ေရာက္တဲ့အခါ ရပ္႐ြာအတြင္း ပရိတ္တရားနာယူျခင္း လူငယ္မ်ားက သက္ႀကီးသူမ်ားကို ဦးေခါင္းေဆးျခင္း၊ အဝတ္အစားသစ္မ်ား ကန္ေတာ့ျခင္းမ်ား ျပဳလုပ္ေလ့ရွိပါတယ္။
ျမန္မာတို႔ရဲ႕႐ိုးရာဓေလ့ပြဲေတာ္မ်ားမွာ ဘုရားေဟာ မဟုတ္ထာေတြလဲ ပါဝင္ေနပါတယ္။ ဒါေပမယ့္ ဘယ္သူ႔ကိုမွ မထိခိုက္ပါ။ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းႀကီးရဲ႕ခ်စ္စရာေကာင္းတဲ့ အတာသၾကၤန္ဓေလ့ဟာ သကၠတ က်မ္းစာမ်ားက လာတယ္ဆိုေပမယ့္ အိႏၵိယႏိုင္ငံမွာ မရွိပါဘူး။ ျမန္မာမွ စတင္ၿပီး တ႐ုတ္(ယူနန္)၊ ေလာ၊ ထိုင္း၊ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံမွာ ေတြ႕ရပါတယ္။
ထူးျခားၿပီး ေပ်ာ္႐ႊင္စရာေကာင္းလွတဲ့ ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ကို “ကမာၻ႔ျဒပ္မဲ့ ယဥ္ေက်းမႈ အေမြ အႏွစ္စာရင္းဝင္” အျဖစ္ ပါရာေဂြးႏိုင္ငံ အာဆြန္စီယြန္ၿမိဳ႕ ၁၉ ႀကိမ္ေျမာက္ ယူနက္စကို ညီလာခံက အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။
ေတာထြက္ႀကီးတို႔ေျပာမွပဲ ကမာၻ႔အသိအမွတ္ျပဳ က်ဳပ္တို႔ ဘိုးဘြားစဥ္ဆက္ ခ်စ္စရာ ေပ်ာ္႐ႊင္စရာ ႐ိုးရာဓေလ့ႀကီးတစ္ခုလုံးကို ပုတ္ခတ္လိုက္သလို ခံစားရတယ္။
#HtayOung #OungMarine
#ျမန္မာ့႐ိုးရာ_အတာသၾကၤန္ပြဲေတာ္ #ကမာၻ႔ျဒပ္မဲ့_ယဥ္ေက်းမႈ_အေမြအႏွစ္
#ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ #ျမန္မာဘာသာျပန္ေ႐ႊေခတ္

Related news

© 2021. All rights reserved.