မန္တလေးမှ အန္တရာယ်ရှိ အဆောက်အအုံပိုင်ရှင်အချို့ က ကိုယ်တိုင်ဖြိုချလိုသော်လည်း စည်းမျဉ်းများအကြား အခက်အခဲရှိနေ

5262

သုတကျော် (NP News) – ဧပြီ ၁၆
ငလျင်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရကာ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိနေသော မန္တလေးမြို့ မှ အဆောက်အအုံပိုင်ရှင်အချို့အနေဖြင့် ကိုယ်တိုင်ဖြိုချလိုသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) ၏ စည်းမျဉ်းများ အကြား အခက်အခဲ ရှိနေကြောင်း NP News က စုံစမ်း သိရှိရသည်။
ငလျင်ကြီးအပြီး မန္တလေးမြို့တွင် အဆောက်အအုံများ ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိခဲ့ရာ အချို့အဆောက်အအုံများက လုံးဝ ပျက်စီးသွားသော်လည်း အချို့အဆောက်အအုံများမှာမူ တစ်စိတ်တပိုင်း ပြိုကျကာ ဘေး (သို့မဟုတ်) အရှေ့ဘက်သို့တိမ်းစောင်းကာ ပတ်ဝန်းကျင်အတွက် အန္တရာယ် ရှိနေခြင်း ဖြစ်သည်။
MCDC အနေဖြင့် ယင်းကဲ့သို့ အန္တရာယ်ရှိ အဆောက်အအုံများကို အခမဲ့ ရှင်းလင်းပေးရန်အတွက် စီစဉ် နေပြီး ထိခိုက်ခဲ့သူ အိမ်ပိုင်များက အချက်အလက်ပေးရန် တောင်းခံနေသည်။
သို့သော် MCDC တွင် စက်အား၊ လူအား လိုအပ်ချက်ရှိနေသည့်ကာလတွင် အိမ်ပိုင်ရှင် အချို့က ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့်အပျက်အစီးများကို မိမိအစီအမံဖြင့် ရှင်းလင်းလိုနေကြကြောင်း သိရသည်။
“ဘေးအိမ်တွေကလည်း မြန်မြန် ဖြိုစေချင်တယ်။ ဘာလို့လည်း ဆိုတော့ အန္တရာယ် သူတို့ အပေါ် ကျရောက်မှာလေ။ ကျွန်တော် မြန်မြန် ဖြိုချင်တာလည်း သူတို့ကို ထိခိုက်မှာ စိုးတာ” ဟု မန္တလေးမြို့မှ နေအိမ်ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရသူ အိမ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ပတ်ဝန်းကျင်ကလည်း ဖျက်စေလိုနေသည့် အပေါ် အိမ်ရှင်များက ဖျက်သည့် အခါ မတော်တဆ ဖြစ်ခြင်းများ ရှိခဲ့သော် နားလည်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်က အတတ်နိုင်ဆုံးတော့ မထိခိုက်အောင်ပေါ့။ ကျွန်တော့် အိမ်ကတော့ ပျက်စီးပြီးပြီ။ ထိခိုက်နိုင်တဲ့ အိမ်တွေက နားလည်အောင်။ ထိအောင် လုပ်တာ မဟုတ်ဘူး။ မတော်တဆကို နားလည်ပေး။ သက်ဆိုင်ရာ ရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်ကိုခေါ်ပြီး လက်မှတ်ထိုးမယ်။ ကျွန်တော်တို့ ဖျက်မယ် အဲဒီလို ဖြစ်ရမှာလေ။ အခုက ဖျက်ရင် ဖြစ်သမျှ ကိုယ်တာဝန်ယူဆိုတော့ ကျွန်တော် မယူနိုင်ဘူး။ ဒီမှာတောင် စားဖို့ အနိုင်နိုင်၊ ဝတ်ဖို့ အနိုင်နိုင်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ခြောက်မြို့နယ် မှ ပျက်စီးခဲ့ရသော နေအိမ်များ အတွက် ကောင်တာများ ဖွင့်လှစ်ထားကာ အချက်အလက်များ ကို ကောက်ခံနေကြောင်း MCDC မှ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ဆိုသည်။
“မိမိသဘောနဲ့ မလုပ်ပါနဲ့ ဆိုတာလည်း ကျွန်တော်တို့က မှာကြားလိုက်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငလျင်ကြီး လှုပ်လို့ အသက်တွေ ဆုံးရှုံးရတာ တမျိုး၊ အဆောက်အဦတွေ တန်းလန်းကြီး ဖြစ်နေတဲ့ ဥစ္စာကို ဖြိုလိုက်မှ ထပ်ပြီးတော့ အသက်တွေ ဆုံးရှုံးရမယ့်ဟာတွေ မဖြစ်ရအောင်လို့ ကြပ်ကြပ်မတ်မတ် နဲ့ ပြောဆိုပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ငလျင်ဒဏ်ကို အားလုံး အတူတူ ခံစားရခြင်း ဖြစ်ကာ ပြည်သူများ ၏ စိတ်အတွင်း ဘဝင်မကျ၍ ပြောခြင်းကို မည်သို့မျှ ပြန်လည်ပြောကြားလိုခြင်း မရှိသော်လည်း တတ်နိုင်သရွေ့ အစွမ်းကုန် ရှိသည့် လူအင်အား၊ စက်အင်အားဖြင့် ဆောင်ရွက်နေကြောင်း ဆိုသည်။
“ကျွန်တော်တို့မှာ ရှိတဲ့ လူနဲ့ စက်ယန္တရားနဲ့ ဒီလို အကြီးကြီး တခြား အဖွဲ့အစည်း ဧရာဝတီ ဖောင်ဒေးရှင်းတို့၊ မက်စ် တို့၊ အေးရှားဝေါလ်တို့လည်း သူတို့ အစီစဉ်နဲ့ သူတို့ လာကူနေတာ ရှိပါတယ်။ သူတို့ ဆီတွေနဲ့ သူတို့ စက်ယန္တရားနဲ့ လာကူလုပ်နေတာ ရှိပါတယ်။ အဲဒီ အဖွဲ့တွေကိုလည်း ကျေးဇူလည်း တင်ပါတယ်။ ချက်ချင်းရောက်ပါတယ်။ ဝိုင်းကူပြီး လုပ်တာပေါ့။ ဖြစ်ကာစတော့ ဝိုင်းပြီး ပူပြီး ပြောတာတာ့ ရှိတာပေါ့။ ဒါတွေကို သည်ခံပြီးတော့ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်” ဟု ဦးသက်နိုင်ထွန်းက ရှင်းပြသည်။

Zawgyi Version:
မႏၲေလးမွ အႏၲရာယ္ရွိ အေဆာက္အအုံပိုင္ရွင္အခ်ိဳ႕ က ကိုယ္တိုင္ၿဖိဳခ်လိုေသာ္လည္း စည္းမ်ဥ္းမ်ား အၾကား အခက္အခဲရွိေန
သုတေက်ာ္ (NP News) – ဧၿပီ ၁၆
ငလ်င္ေၾကာင့္ ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ရကာ ပတ္ဝန္းက်င္အတြက္ အႏၲရာယ္ရွိေနေသာ မႏၲေလးၿမိဳ႕ မွ အေဆာက္အအုံပိုင္ရွင္အခ်ိဳ႕အေနျဖင့္ ကိုယ္တိုင္ၿဖိဳခ်လိုေသာ္လည္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (MCDC) ၏ စည္းမ်ဥ္းမ်ား အၾကား အခက္အခဲ ရွိေနေၾကာင္း NP News က စုံစမ္း သိရွိရသည္။
ငလ်င္ႀကီးအၿပီး မႏၲေလးၿမိဳ႕တြင္ အေဆာက္အအုံမ်ား ဆိုးဆိုးဝါးဝါး ထိခိုက္မႈရွိခဲ့ရာ အခ်ိဳ႕အေဆာက္အအုံမ်ားက လုံးဝ ပ်က္စီးသြားေသာ္လည္း အခ်ိဳ႕အေဆာက္အအုံမ်ားမွာမူ တစ္စိတ္တပိုင္း ၿပိဳက်ကာ ေဘး (သို႔မဟုတ္) အေရွ႕ဘက္သို႔တိမ္းေစာင္းကာ ပတ္ဝန္းက်င္အတြက္ အႏၲရာယ္ ရွိေနျခင္း ျဖစ္သည္။
MCDC အေနျဖင့္ ယင္းကဲ့သို႔ အႏၲရာယ္ရွိ အေဆာက္အအုံမ်ားကို အခမဲ့ ရွင္းလင္းေပးရန္အတြက္ စီစဥ္ ေနၿပီး ထိခိုက္ခဲ့သူ အိမ္ပိုင္မ်ားက အခ်က္အလက္ေပးရန္ ေတာင္းခံေနသည္။
သို႔ေသာ္ MCDC တြင္ စက္အား၊ လူအား လိုအပ္ခ်က္ရွိေနသည့္ကာလတြင္ အိမ္ပိုင္ရွင္ အခ်ိဳ႕က ပတ္ဝန္းက်င္ကို ထိခိုက္ႏိုင္သည့္အပ်က္အစီးမ်ားကို မိမိအစီအမံျဖင့္ ရွင္းလင္းလိုေနၾကေၾကာင္း သိရသည္။
“ေဘးအိမ္ေတြကလည္း ျမန္ျမန္ ၿဖိဳေစခ်င္တယ္။ ဘာလို႔လည္း ဆိုေတာ့ အႏၲရာယ္ သူတို႔ အေပၚ က်ေရာက္မွာေလ။ ကြၽန္ေတာ္ ျမန္ျမန္ ၿဖိဳခ်င္တာလည္း သူတို႔ကို ထိခိုက္မွာ စိုးတာ” ဟု မႏၲေလးၿမိဳ႕မွ ေနအိမ္ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ရသူ အိမ္ပိုင္ရွင္တစ္ဦးက ဆိုသည္။
ပတ္ဝန္းက်င္ကလည္း ဖ်က္ေစလိုေနသည့္ အေပၚ အိမ္ရွင္မ်ားက ဖ်က္သည့္ အခါ မေတာ္တဆ ျဖစ္ျခင္းမ်ား ရွိခဲ့ေသာ္ နားလည္ေပးေစလိုေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္က အတတ္ႏိုင္ဆုံးေတာ့ မထိခိုက္ေအာင္ေပါ့။ ကြၽန္ေတာ့္ အိမ္ကေတာ့ ပ်က္စီးၿပီးၿပီ။ ထိခိုက္ႏိုင္တဲ့ အိမ္ေတြက နားလည္ေအာင္။ ထိေအာင္ လုပ္တာ မဟုတ္ဘူး။ မေတာ္တဆကို နားလည္ေပး။ သက္ဆိုင္ရာ ရက္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ စည္ပင္ကိုေခၚၿပီး လက္မွတ္ထိုးမယ္။ ကြၽန္ေတာ္တို႔ ဖ်က္မယ္ အဲဒီလို ျဖစ္ရမွာေလ။ အခုက ဖ်က္ရင္ ျဖစ္သမွ် ကိုယ္တာဝန္ယူဆိုေတာ့ ကြၽန္ေတာ္ မယူႏိုင္ဘူး။ ဒီမွာေတာင္ စားဖို႔ အႏိုင္ႏိုင္၊ ဝတ္ဖို႔ အႏိုင္ႏိုင္” ဟု ၎က ဆိုသည္။
မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ က ေျခာက္ၿမိဳ႕နယ္ မွ ပ်က္စီးခဲ့ရေသာ ေနအိမ္မ်ား အတြက္ ေကာင္တာမ်ား ဖြင့္လွစ္ထားကာ အခ်က္အလက္မ်ား ကို ေကာက္ခံေနေၾကာင္း MCDC မွ တြဲဘက္အတြင္းေရးမႉး ဦးသက္ႏိုင္ထြန္း က ဆိုသည္။
“မိမိသေဘာနဲ႔ မလုပ္ပါနဲ႔ ဆိုတာလည္း ကြၽန္ေတာ္တို႔က မွာၾကားလိုက္ပါတယ္။ ဘာလို႔လည္း ဆိုေတာ့ ငလ်င္ႀကီး လႈပ္လို႔ အသက္ေတြ ဆုံးရႈံးရတာ တမ်ိဳး၊ အေဆာက္အဦေတြ တန္းလန္းႀကီး ျဖစ္ေနတဲ့ ဥစၥာကို ၿဖိဳလိုက္မွ ထပ္ၿပီးေတာ့ အသက္ေတြ ဆုံးရႈံးရမယ့္ဟာေတြ မျဖစ္ရေအာင္လို႔ ၾကပ္ၾကပ္မတ္မတ္ နဲ႔ ေျပာဆိုၿပီးေတာ့ ေဆာင္႐ြက္ေနတာ ရွိပါတယ္” ဟု ၎က ဆိုသည္။
ငလ်င္ဒဏ္ကို အားလုံး အတူတူ ခံစားရျခင္း ျဖစ္ကာ ျပည္သူမ်ား ၏ စိတ္အတြင္း ဘဝင္မက်၍ ေျပာျခင္းကို မည္သို႔မွ် ျပန္လည္ေျပာၾကားလိုျခင္း မရွိေသာ္လည္း တတ္ႏိုင္သေ႐ြ႕ အစြမ္းကုန္ ရွိသည့္ လူအင္အား၊ စက္အင္အားျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ဆိုသည္။
“ကြၽန္ေတာ္တို႔မွာ ရွိတဲ့ လူနဲ႔ စက္ယႏၲရားနဲ႔ ဒီလို အႀကီးႀကီး တျခား အဖြဲ႕အစည္း ဧရာဝတီ ေဖာင္ေဒးရွင္းတို႔၊ မက္စ္ တို႔၊ ေအးရွားေဝါလ္တို႔လည္း သူတို႔ အစီစဥ္နဲ႔ သူတို႔ လာကူေနတာ ရွိပါတယ္။ သူတို႔ ဆီေတြနဲ႔ သူတို႔ စက္ယႏၲရားနဲ႔ လာကူလုပ္ေနတာ ရွိပါတယ္။ အဲဒီ အဖြဲ႕ေတြကိုလည္း ေက်းဇူလည္း တင္ပါတယ္။ ခ်က္ခ်င္းေရာက္ပါတယ္။ ဝိုင္းကူၿပီး လုပ္တာေပါ့။ ျဖစ္ကာစေတာ့ ဝိုင္းၿပီး ပူၿပီး ေျပာတာတာ့ ရွိတာေပါ့။ ဒါေတြကို သည္ခံၿပီးေတာ့ အတတ္ႏိုင္ဆုံး ေျဖရွင္းေဆာင္႐ြက္ေပးေနပါတယ္” ဟု ဦးသက္ႏိုင္ထြန္းက ရွင္းျပသည္။