မုံရွာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ က အမျိုးသမီး တစ်ဦးကို လူမှားကာ အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်

 760

ပီယ (NP News) – ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ က အမျိုးသမီး တစ်ဦးကို လူမှားကာ အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူများ ထံက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၅ ရက်) နံနက်ပိုင်း ၁၁ နာရီခွဲ အချိန်ခန့်က နန္ဒဝန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ပြုံးပြုံး(၃)ကုန်မျိုးစုံဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်စဉ် ယင်းဆိုင်၌ ဆိုင်ရှင် ဦးမာကို၊ ၎င်း ၏ ဇနီး နှင့် သမီး အပြင် အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်ခိုင် ပါ ဆိုင်အလုပ်သမား နှစ်ဦး တို့ ရှိနေစဉ် ဆိုင်ရှေ့သို့ ဆိုင်ကယ်(၃)စီးဖြင့် အသက် (၂၀)နှစ်ခန့်ရှိ လူ(၃)ဦးရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဆိုင်အတွင်းဝင်ရောက်လာကာ သေနတ်အတို များဖြင့် ပြသခြိမ်းခြောက်ပြီး ဆိုင်ရှင်၏ ဇနီးကို လိုက်ခဲ့ရန် ဆွဲခေါ်ရာ ကျန်းမာရေးမကောင်းသဖြင့် ခေါ်ဆောင်ခြင်းမပြုရန် တောင်းပန်ပြောဆိုသောကြောင့် ဆိုင်အလုပ်သမား မနွယ်နွယ်ခိုင်ကို ဆိုင်ရှင်၏ သမီးနှင့် မှားကာ ဖမ်းဆီးခေါ်ဆောင်ပြီး သီရိမင်္ဂလာလမ်းအတိုင်း အရှေ့ဘက် ရွှေကွမ်းခြံဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မနွယ်နွယ်ခိုင်အား ဖမ်းဆီးခေါ်ဆောင်သွားသည့် အမည်မသိ လနက်ကိုင် အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေး အဖွဲ့များ သည် မြို့ပေါ်ရပ်ကွက်များ မြို့ဝင်မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့ စစ်ဆေးရှာဖွေနေကြောင်း သိရသည်။

Zawgyi Version;
မုံ႐ြာ တြင္ အမည္မသိ လက္နက္ကိုင္ အဖြဲ႕ က အမ်ိဳးသမီး တစ္ဦးကို လူမွားကာ အၾကမ္းဖက္ ဖမ္းဆီး ေခၚေဆာင္
ပီယ (NP News) – ဧၿပီ ၂၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕ တြင္ အမည္မသိ လက္နက္ကိုင္ အဖြဲ႕ က အမ်ိဳးသမီး တစ္ဦးကို လူမွားကာ အၾကမ္းဖက္ ဖမ္းဆီး ေခၚေဆာင္သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ား ထံက သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၅ ရက္) နံနက္ပိုင္း ၁၁ နာရီခြဲ အခ်ိန္ခန႔္က နႏၵဝန္ရပ္ကြက္၊ သီရိမဂၤလာလမ္းရွိ ၿပဳံးၿပဳံး(၃)ကုန္မ်ိဳးစုံဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္စဥ္ ယင္းဆိုင္၌ ဆိုင္ရွင္ ဦးမာကို၊ ၎ ၏ ဇနီး ႏွင့္ သမီး အျပင္ အသက္ ၂၅ ႏွစ္အ႐ြယ္ မႏြယ္ႏြယ္ခိုင္ ပါ ဆိုင္အလုပ္သမား ႏွစ္ဦး တို႔ ရွိေနစဥ္ ဆိုင္ေရွ႕သို႔ ဆိုင္ကယ္(၃)စီးျဖင့္ အသက္ (၂၀)ႏွစ္ခန႔္ရွိ လူ(၃)ဦးေရာက္ရွိလာျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ဆိုင္အတြင္းဝင္ေရာက္လာကာ ေသနတ္အတို မ်ားျဖင့္ ျပသၿခိမ္းေျခာက္ၿပီး ဆိုင္ရွင္၏ ဇနီးကို လိုက္ခဲ့ရန္ ဆြဲေခၚရာ က်န္းမာေရးမေကာင္းသျဖင့္ ေခၚေဆာင္ျခင္းမျပဳရန္ ေတာင္းပန္ေျပာဆိုေသာေၾကာင့္ ဆိုင္အလုပ္သမား မႏြယ္ႏြယ္ခိုင္ကို ဆိုင္ရွင္၏ သမီးႏွင့္ မွားကာ ဖမ္းဆီးေခၚေဆာင္ၿပီး သီရိမဂၤလာလမ္းအတိုင္း အေရွ႕ဘက္ ေ႐ႊကြမ္းၿခံဘက္သို႔ ေမာင္းႏွင္သြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ မႏြယ္ႏြယ္ခိုင္အား ဖမ္းဆီးေခၚေဆာင္သြားသည့္ အမည္မသိ လနက္ကိုင္ အၾကမ္းဖက္အဖြဲ႕ကို ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရး အဖြဲ႕မ်ား သည္ ၿမိဳ႕ေပၚရပ္ကြက္မ်ား ၿမိဳ႕ဝင္ၿမိဳ႕ထြက္ဂိတ္မ်ားတြင္ ပိတ္ဆို႔ စစ္ေဆးရွာေဖြေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.