စစ်မှုထမ်းတာဝန်ပြီးဆုံးသွားသည့် တောင်ကိုရီးယားသရုပ်ဆောင် လီဒိုဟွန်း

 45

Pika (NP News) - မေ ၁၉

တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် လီဒိုဟွန်းသည် မေလ(၁၃)ရက်တွင် စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ၎င်း၏အသက် မွေးဝမ်းကျောင်းလုပ်ငန်းကို ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
လီဒိုဟွန်းသည် တောင်ကိုရီးယားလေတပ်တွင် (၂၁) လကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် မေလ (၁၃) ရက်တွင် ၎င်း၏ စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ လီဒိုဟွန်းသည် (၂၀၂၃) ခုနှစ် ဩဂုတ်လတွင် စစ်မှုထမ်းတာဝန် ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတွင်ကြိုတင်ရိုက်ကူးထားသောပရောဂျက်များစွာ ရှိခဲ့ကြောင်းလည်း သိရ သည်။
60th Baeksang Arts Awards တွင် လီဒိုဟွန်းသည် ‘Exhuma’ ရုပ်ရှင် ဇာတ်ကားအတွက် အကောင်းဆုံး သရုပ်ဆောင် အသစ်ဆုကိုရရှိခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသွားပြီဖြစ် သော လီဒိုဟွန်းသည် ၎င်း၏ သရုပ်ဆောင်လုပ်ငန်းကို အပြည့်အဝပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။ လီဒိုဟွန်းသည် လာမည့် Hong Sisters ဒရမ်မာဇာတ်လမ်းတွဲတွင် ဦးဆောင်ပါဝင်နေရန် စဉ်းစားနေ ကြောင်းလည်း သိရသည်။
(၁၉၉၅) ခုနှစ်တွင်မွေးဖွားခဲ့သော လီဒိုဟွန်းသည် (၂၀၁၇)ခုနှစ်တွင် ထွက်ရှိခဲ့သော ဒရမ်မာဇာတ်လမ်း ‘Prison Playbook” တွင် ပထမဦးဆုံး ပွဲဦးထွက်လာခဲ့ခြင်းဖြစ်ပြီး Sweet Home (၂၀၂၀)၊ Youth of May (၂၀၂၁)နှင့် ‘The Glory’ (၂၀၂၂) တို့ကဲ့သို့သော နာမည်ကျော်ကြားသည့် စီးရီးများနှင့်အတူ အောင်မြင်မှုများ ရရှိလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Zawgyi Version:
စစ္မႈထမ္းတာဝန္ၿပီးဆုံးသြားသည့္ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီဒိုဟြန္း
Pika (NP News) - ေမ ၁၉

ေတာင္ကိုရီးယား႐ုပ္ရွင္သ႐ုပ္ေဆာင္ လီဒိုဟြန္းသည္ ေမလ(၁၃)ရက္တြင္ စစ္မႈထမ္းတာဝန္ကို ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ၿပီး ၎၏အသက္ ေမြးဝမ္းေက်ာင္းလုပ္ငန္းကို ျပန္လည္လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
လီဒိုဟြန္းသည္ ေတာင္ကိုရီးယားေလတပ္တြင္ (၂၁) လၾကာ တာဝန္ ထမ္းေဆာင္ခဲ့ၿပီးေနာက္ ေမလ (၁၃) ရက္တြင္ ၎၏ စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးခဲ့ျခင္းျဖစ္သည္။ လီဒိုဟြန္းသည္ (၂၀၂၃) ခုႏွစ္ ဩဂုတ္လတြင္ စစ္မႈထမ္းတာဝန္ ကို စတင္ထမ္းေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၎တြင္ႀကိဳတင္႐ိုက္ကူးထားေသာပေရာဂ်က္မ်ားစြာ ရွိခဲ့ေၾကာင္းလည္း သိရ သည္။
60th Baeksang Arts Awards တြင္ လီဒိုဟြန္းသည္ ‘Exhuma’ ႐ုပ္ရွင္ ဇာတ္ကားအတြက္ အေကာင္းဆုံး သ႐ုပ္ေဆာင္ အသစ္ဆုကိုရရွိခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသြားၿပီျဖစ္ ေသာ လီဒိုဟြန္းသည္ ၎၏ သ႐ုပ္ေဆာင္လုပ္ငန္းကို အျပည့္အဝျပန္လည္စတင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရသည္။ လီဒိုဟြန္းသည္ လာမည့္ Hong Sisters ဒရမ္မာဇာတ္လမ္းတြဲတြင္ ဦးေဆာင္ပါဝင္ေနရန္ စဥ္းစားေန ေၾကာင္းလည္း သိရသည္။
(၁၉၉၅) ခုႏွစ္တြင္ေမြးဖြားခဲ့ေသာ လီဒိုဟြန္းသည္ (၂၀၁၇)ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ ဒရမ္မာဇာတ္လမ္း ‘Prison Playbook” တြင္ ပထမဦးဆုံး ပြဲဦးထြက္လာခဲ့ျခင္းျဖစ္ၿပီး Sweet Home (၂၀၂၀)၊ Youth of May (၂၀၂၁)ႏွင့္ ‘The Glory’ (၂၀၂၂) တို႔ကဲ့သို႔ေသာ နာမည္ေက်ာ္ၾကားသည့္ စီးရီးမ်ားႏွင့္အတူ ေအာင္ျမင္မႈမ်ား ရရွိလာခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.