ရှမ်းမြောက် (သို့မဟုတ်) ပဋိပက္ခများ ထုံးဖွဲ့ရာဒေသ

1300

သန့်ဇင် (NP News)မေ-၂၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၀၂၇)စစ်ဆင်ရေးအမည်ဖြင့် MNDAA ၊ TNLA နှင့် AA ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ဒေသခံများစွာ အိမ်ပြန်ခွင့်မရသည်မှာလည်း တစ်နှစ်ခွဲကျော်ကြာမြင့် လာပြီဖြစ်သည်။ လက်ရှိ ရှမ်း မြောက်ဒေသတွင် ကျန်ရှိနေထိုင်နေသည့် ဒေသခံများသည်လည်း လက် နက်ကိုင်အဖွဲ့အချင်းချင်း နယ်မြေပဋိပက္ခများ၏ သက်ရောက်မှုများ၊ ဒေသခံများအပေါ် အနိုင်ကျင့် မှုများနှင့် အခြားသော လူ့အခွင့် အရေးပိတ်ပင်မှုများစွာလည်းကြုံတွေ့ခံစားနေရ ကြောင်း သိရသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံ တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြ အပ်ပါသည်။
မေး-လက်ရှိရှမ်းမြောက်အခြေအနေလေးပြောပြပေး ပါဦးခင်ဗျာ။
ဖြေ-လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ လားရှိုးကလွဲရင် ကျန်တဲ့ဒေသတွေမှာတော့ စစ် ရေး ပဋိပက္ခ၊ တပ်မတော်နဲ့ဖြစ်တဲ့ ပဋိပက္ခရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒီရက်ပိုင်းမှာပိုပြီးတော့ တွေ့လာရတယ်။ နောက်ပြီး လေကြောင်း တိုက် ခိုက်မှုတွေကလည်း တွေ့နေရတယ်။ လေကြောင်းတိုက်ခိုက်မှုမှာက မေလ (၁၂)ရက်မှာက မိုင်းမော့ ဒေသပေါ့။ မိုင်းမော့ဒေသမှာ တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ အခြားသောမီဒီယာတွေ ကတော့ စာသင်ကျောင်းကို တိုက်ခိုက်တယ်ပေါ့။ ဒီလိုမျိုးရှိတယ်။ ဒါပေမဲ့ သိရှိရသလောက်ပြောရရင်တော့ မိုင်းမော့ စာသင်ကျောင်းမှာက KIA ၊ PDF တွေက ကာကွယ်ရေး သင်တန်းပေးနေတာပေါ့။ ဒါပေမဲ့ ကာကွယ်ရေးသင်တန်းပေးတာကို သတင်းရတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲလိုက်တာပေါ့။ အဲဒီလို ဖြစ်စဉ်တော့ရှိတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ စာသင်ကျောင်းဝန်းကျင်ကိုမကျပဲနဲ့ ကျောင်းဘေးက လယ် ကွင်းမှာပဲကျသွားတယ်ပေါ့။ မိုင်းမော့ဒေသအဲဒီဖြစ်စဉ် က အဲဒီမှာ PDF တွေကို သင်တန်းပေးနေတာ။ အဲဒီဒေသကလည်း မိုင်းမော့က PDF တွေကို ကာကွယ်ရေးသင်တန်းပေးတဲ့ဒေသပေါ့။ ဒါကိုသိလို့ ဖြစ် တာပေါ့။ မေလ (၁၂)ရက် ည (၁၀)နာရီခွဲကနေ မန်တုံ ချမ်းသာရပ်ကွက်မှာလည်း လေကြောင်း တိုက် ခိုက်မှုတေရှိခဲ့တယ်ပေါ့။ အဲဒီလေကြောင်းတိုက် ခိုက်မှုတွေလည်း အမျိုးသားတစ်ဦးသေဆုံးပြီးတော့ (၆) ဦး ဒဏ်ရာရသွားတယ်။ ချမ်းသာရပ်ကွက်ကလည်း နေအိမ်(၁၀)လုံးကျော်ပျက်စီးသွားတယ်ပေါ့။ အဲဒီ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ နေအိမ်တွေကလည်း TNLA ရဲ့ မိသားစုဝင်တွေ၊ အခွန်ကောက်ခံရာ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ဒေသတစ်ခုဖြစ်တယ်ပေါ့နော်။ ဒါတွေကတော့ လက်တလောထူးခြားမှုအနေ အထားတွေပေါ့။ မေလ (၁၃)ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက SSPP ထိန်းချုပ်ထားတဲ့ စိန် ကျော့ ဘက်ကိုသွားတဲ့လမ်းကြောင်းအားလုံးကို MNDAA က တပ်စွဲပစ်လိုက်တယ်။ ဧပြီလ (၂၈) ရက် ကစပြီးတော့ သီပေါ-နမ္မတူ ကျောက်မီးသွေး တွင်းမှာ SSPP နဲ့ MNDAA တို့ စစ်ရေးပဋိပက္ခ ဖြစ်လာတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီပေါ့နော်။ ဆက်လက်ပြီးတင်းမာနေပြီးတော့ မေလ (၁၃)ရက်မှာတော့ သီပေါမြို့နယ်ထဲက SSPP ထိန်းချုပ်ဒေသဖြစ်တဲ့ တာလုံကျေးရွာတွေဘက်ကို စစ်ရေးရှင်းတယ်ပေါ့ နော်။ မေလ (၉)ရက်မှာလည်း သီပေါမှာရှိတဲ့ ဖုန်းစာကျေးရွာမှာလည်း MNDAA က စည်းရုံးရေး လုပ် သွားတယ်လို့သိရတယ်။ လက်ရှိသီပေါနယ်မှာတော့ ဒီ SSPP နဲ့ MNDAA နဲ့ စစ်ရေးတင်းမာမှု ပိုဖြစ် သွား တယ်ပေါ့။ ညှိနှိုင်းမှုမအောင်မြင်တဲ့ အနေအထားတစ်ခုမှာတော့ရှိတာပေါ့။ ဒါကတော့ update ဖြစ်တဲ့ ရှမ်းမြောက်အခြေအနေတွေပေါ့။
မေး-ရှမ်းမြောက်မှာ (၁၀၂၇) ကလည်း တစ်နှစ်ခွဲ ကျော်လာပြီပေါ့နော်။ (၁၀၂၇) စတင်ပြီး နောက် ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စီးပွားရေးအခြေအနေ အရပ်ရပ်ကလည်းဘယ်လိုအခြေအနေရှိသွားလဲ။
ဖြေ-လက်ရှိ သိန္နီ၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူပေါ့နော်။ (၁၀၂၇)နောက်ပိုင်းထိန်းချုပ်ခံထားရတဲ့ ဒေသတွေမှာ အခြေခံပြည်သူလူထုရဲ့ စီးပွားရေးက ပျက်စီးသွားတယ်။ အခုနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်ပြီးတဲ့နောက်မှာ တရားမဝင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ လောင်းကစား၊ မူး ယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လုပ်ငန်းမျိုးတွေက ပိုပြီးတော့ ခေတ်စားလာတယ်။ ပိုပြီးတော့ နေရာရလာ တယ်ပေါ့နော်။ ဥမာအားဖြင့် ကျွန်တော်တို့ သိန္နီမြို့မဈေးမှာဖြစ်သွားတာဆိုရင် သိန္နီမြို့မဈေးမှာ မြို့ခံ တွေဈေးမရောင်းရတော့ဘူး။ ချက်ချင်းအဆောက်အအုံတွေရိုက်ချိုးဖျက်ဆီးပြီးတော့ ဒေသခံပြည်သူ လူထုကိုမောင်းထုတ်ပြီးတော့ သူတို့အပေါ် အခွန်ဆောင်ထားတဲ့ တရုတ်စီးပွားရေးသမားတွေ၊ ရင်းနီးတဲ့ သူတွေကို ဦးစားပေးတဲ့ဖြစ်စဉ်မျိုးတွေရှိခဲ့တယ်။ ရှိလည်းရှိနေတယ်။ အဓိကကတော့ တရားမဝင် စီးပွား ရေးတွေပိုပြီးတော့ ဆောင်ရွက်လာခဲ့တယ်။ တရားမဝင်စီးပွားရေးလည်းပိုပြီးတော့ တွေ့လာရတယ်။ မူးယစ်ဆေးနဲ့ လောင်းကစားအပေါ် အခြေခံတဲ့ စီးပွားရေးတွေ ပိုများလာတာတွေ့ရတယ်။
မေး-ဒါဆိုရင် ဒေသတွင်းစီးပွားရေးသမားတွေကို မျက်ကွယ်ပြုပြီး သူတို့နဲ့ရင်းနှီးပတ်သက်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဝင်ရောက်လာတာလား ခင်ဗျ။
ဖြေ-လက်နက်ကိုင်တိုင်းရင်းသားတွေကို စီးပွားရေးလုပ်ငန်းရှင်တွေက မယုံကြည်တဲ့အတွက် စွန့်ခွာသွားတာ။ သူတို့နဲ့ သိပ်ပြီးတော့ အလုပ်တွဲမလုပ်ချင် တော့ဘူး။ ဒါကတော့ နံပါတ်(၁)အချက် ပေါ့ နော်။ နံပါတ်(၂)ကတော့ သူတို့ကအခွင့်ကောင်းယူပြီးတော့ ပြည်ပစီးပွားရေးတွေကို ပေါ်ပေါ်တင်တင် ခေါ်သွင်း ပြီးတော့ ဆောင်ရွက်နေတယ်။ သူတို့ကတော့ဒေသဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆောင် ရွက်နေပေမယ့် တရားမဝင်တဲ့လုပ်ငန်းတွေကို တရား ဝင်ဖြစ်အောင် ညှိပြီးတော့ ပြည်သူလူထုကို ဆွဲ ဆောင်တာ။ ဥပမာအားဖြင့် လောင်းကစားရုံတွေဖွင့်လာတယ်။ ငါးပစ်ဂိမ်းတွေ၊ ငမန်းဂိမ်းတွေကို ဟိုင်း ခန်းတွေကို နယ်ချဲ့လာတာတွေ့ရတယ်။ ဒါကတော့ ကျွန်တော့် အနေနဲ့ ပျက်စီးခြင်းရဲ့အစလို့တော့ မြင် မိတယ်။
မေး-ကြားမိတဲ့သတင်းတွေအရ ရှမ်းမြောက်မှာရှိတဲ့ ကျားဖျန့်တွေက ရှမ်းတောင်ဘက်ကို ပြောင်း ရွှေ့နေတယ်လို့ သိရပါတယ်။ ဒီကိစ္စမှာလည်း “ဝ”နဲ့ SSPP က ဝန်းရံပေးတဲ့ သဘောသက်ရောက်နေ တော့ ကျားဖျန့်တွေ ရှမ်းပြည်နယ်မှာတော်တော်ကို ကျယ်ပြန့် နေရာယူလာပြီလားခင်ဗျ။
ဖြေ-(၁၀၂၇)ကတော့ ကျားဖျန့်ကြောင့်ဖြစ်တယ်ဆိုပေမယ့် တကယ်တမ်း (၁၀၂၇)နောက်ပိုင်းမှာ ကျားဖျန့်တွေရဲ့ ဖြန့်ကြက်မှုပုံစံဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းအရှေ့ပိုင်းကို သွားတယ်။ ရှမ်းပြည် အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မိုင်းပန်၊ မိုင်းခေး၊ မိုင်းရယ်၊ တန့်ယန်းဒီဒေသတွေမှာ ဖြန့်ကြက်မှုတွေပိုပြီး များလာတယ်။ သူတို့က ဘယ်လိုပုံစံနဲ့သွားလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ UWSA နဲ့ SSPP ရဲ့ ထိန်းချုပ်ရာဒေသတွေဖြစ်တဲ့ ကျေးရွာ တွေမှာ အိမ်အလုံးလိုက်ငှားပြီးတော့ လုပ် ဆောင်မှုတွေရှိတယ်။ စုဖွဲ့မှုအနေနဲ့ မတွေ့ဘဲနဲ့ ပြန့်ကျဲတဲ့ ပုံစံမျိုးနဲ့သွားနေတယ်။ တစုတစည်းတည်း မဟုတ်ဘူး။ သူတို့ကို အစိုးရအနေနဲ့ကလည်း လက်လှမ်းမီသလောက် ဖမ်းဆီးတာတွေရှိတယ်။ မိုင်းရယ် မှာဆိုလည်း မိတာမျိုးတွေရှိတယ်။ ပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနောက်ကွယ်မှာ ကျားဖျန့်တွေရှိတယ်။ သူတို့ရဲ့အဓိက စီးပွားရေးဟာ ကျန်တဲ့ကိစ္စတွေအသာထား လိမ်လည်မှုတွေသာ ဖြစ် တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တွေ့ရတယ်။ လက်ရှိ အနေနဲ့လည်း ဒေသခံတိုင်းရင်းသားတွေကို ပွဲစားတွေနဲ့ စည်းရုံးပြီးတော့ ဒီလုပ်ငန်းတွေမှာ ပါဝင်လုပ် ကိုင်ဖို့ စည်းရုံးနေတဲ့အနေအထားတွေကို ကျွန် တော်တို့ကိုယ်တိုင်လည်း တွေ့ရတယ်ပေါ့နော်။ ဒီနောက်ပိုင်းမှာ ရှမ်းမြောက်မှာလည်း ဒီကိစ္စတွေ ကြား လည်း ကြားလာခဲ့ရပါတယ်။ ကျားဖျန့်ကအခုက ပုံစံတစ်မျိုးက Station နဲ့ထိုင်ပြီး လုပ်ရတာမျိုးမဟုတ် ဘဲ သူတို့က ဖုန်းတစ်လုံးနဲ့ လူ(၅)ယောက်ရှိပြီဆိုရင် ကျားဖျန့်ရဲ့လုပ်ငန်းဟာ ပုံစံတစ်မျိုးကို ပြောင်းသွား တဲ့အနေအထားတစ်ခု မှာရှိတယ်ပေါ့နော်။ ဒီလိုမျိုး တွေကိုလည်း ကျွန်တော်တို့တွေ့ရတယ်။
မေး-ဆက်သွယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး တော့ကော ဘာတွေများထူးခြားပြောင်းလဲ သွားတာ မျိုးရှိပါသလဲခင်ဗျ။
ဖြေ-ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း တရုတ်လိုင်းတွေကို တိုးချဲ့ပြီးတော့ တပ်ဆင်ဖို့ သူတို့ တွေပြင်ဆင်နေပြီပေါ့။ လက်ရှိ ကွမ်းလုံ၊ ချင်း ရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်မှာ ဒေသခံတွေက ဖုန်း လိုင်းတွေစပြီးတော့ အသုံးပြုလို့ရနေပြီပေါ့။ သူတို့ တွေဝင်ရောက်စွက်ဖက်မှုတွေရှိလာမှ ဒါမျိုးတွေက မေးခွန်း ထုတ်စရာတွေဖြစ်လာတာပေါ့နော်။ အဲဒါမျိုးတွေလည်း ကျွန်တော်တို့ တွေ့လာရတယ်။
မေး-ဟုတ်ကဲ့ပါ။ (၁၀၂၇)မှာ ပါဝင်တဲ့ TNLA ကကော ရှမ်းမြောက်မှာ ဘာတွေလုပ်ဆောင်နေ သလဲခင်ဗျ။ လက်ရှိတပ်မတော်နဲ့ကလည်း စစ်ရေးအတော် တင်းမာနေတာဆိုတော့ TNLA အနေနဲ့ ဘာ တွေ ဆက်ဖြစ်လာနိုင်သလဲခင်ဗျ။
ဖြေ- လက်ရှိမှာတော့ TNLA ထိန်းချုပ်တဲ့ဒေသဖြစ်တဲ့ မန်တုံကိုတိုက်ခိုက်တယ်။ နောက်ပြီးတော့ နောင်ချိုမှာဆက်ပြီးတော့ ဖြစ်ပွားနေတယ်ပေါ့နော်။ မေလ (၁၂)ရက်ကစပြီး ညနေ (၄)နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာမှာ တပ်မတော်နဲ့ TNLA တို့ ထိုးစစ်ဆင်နေတာ တော်တော်လေးပြင်း ထန်ခဲ့တယ်။ အဲဒီမှာ တပ်မတော်က ဒရုန်းတွေနဲ့တိုက်ခိုက်မှုမှာ အောင်မြင်မှုတွေရခဲ့တယ်ပေါ့။ နောက် ပြီးတော့ ညနေ (၅)နာရီဝန်းကျင်မှာ နောင်လင် ကျေးရွာမှာ တိုက်ပွဲဖြစ်တယ်။ ဒရုန်းနဲ့တိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့လည်းပစ် ကူခဲ့တယ်။ နောင်ချိုနဲ့ မန်တုံမှာတော့ ဖြစ်ခဲ့တယ်။ ကျောက်မဲမှာလည်း လေ ကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ TNLA နဲ့ဆွေးနွေး မှုကတော့ မအောင်မြင်ဘူး။ ဩဂုတ်လမှာ ထပ်တွေ့ မယ်လို့လည်း ကြားရတယ်။
မေး-ပြီးခဲ့တဲ့ TNLA နဲ့ ဆွေးနွေးပွဲက ရလဒ်ကောင်း တွေမထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ TNLA ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်အနေနဲ့ ယူဆမိပါသလဲ။
ဖြေ- TNLA က KIA က မွေးဖွားလာလိုက်တဲ့ လက်နက်ကိုင်ပေါ့။ AA လိုပါပဲ။ သူတို့ရဲ့ ရည်မှန်း ချက်ကတော့ ခွဲထွက်ရေးပေါ့နော်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်လိုချင်တာပေါ့။ သူ့နောက်ကွယ်မှာ UWSA ကလည်း တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ပါတယ်ဆိုတာကို ကျွန်တော်တို့က သိတာပေါ့နော်။ TNLA က အခုသူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လက်မလွှတ်ချင်ဘူး။ အဲဒီလို မျိုးတွေတွေ့ရတယ်။ ပြီးတော့ ဆွဲဆောင်တာတွေလည်းရှိတယ်။ ဥပမာ MNDAA ရဲ့ အထူးဒေသ(၁) လောက်ကိုင်မှာဆိုရင် ကိုးကန့်က သူတို့က ရင်းနှီး မြုပ်နှံမယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့်ပေးမယ်။ ဒီလို မျိုးတွေစည်းရုံးမှုတွေဆောင်ရွက်တယ်။ TNLA ကလည်း သူတို့ကိုယ်ပိုင်နယ်မြေလိုချင်လို့၊ ကိုးကန့်က လည်း သူတို့နယ်မြေဖန်းတီးနေတဲ့ အနေအထား တစ်ခုကို သွားနေတယ်လို့ တွေ့ရတယ်။
မေး-ဟုတ်ကဲ့။ ဒါဆိုရင် ဒေသခံတွေဘက်ကိုလည်း သွားကြည့်ရအောင်ပေါ့နော်။ အရင်က ဒေသခံတွေ အပေါ် TNLA က တပ်သားစုဆောင်းရေးကို တော် တော်လုပ်ဆောင်ခဲ့တာတယ်လို့ သိရ တယ်။ အဲဒါ ကြောင့်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒေသခံ တွေတော်တော်များတယ်ပေါ့နော်။ လက်ရှိအခြေနေမှာကော ဘယ်လိုရှိပါသလဲ။ TNLA နဲ့ PDF တွေ့ရဲ့ ပတ်သက်မှုကကော ဘယ်အခြေအနေထိ ရှိနေပြီလဲ။
ဖြေ- TNLA က PDF တွေကို သင်တန်းပေးတယ်။ လက်နက်ထောက်ပံ့တယ်။ လိုတဲ့နေရာမှာ ဆွဲသုံး မယ်ပေါ့။ ကျွန်တော်တို့ မိုင်းလားမှာ ဖြစ်ခဲ့သလို စာသင်ကျောင်းကို သတန်းဖွင့်တယ်ပေါ့နော်။ ကျွန် တော်တို့ကတော့ ဘက်လိုက်ပြောတာမဟုတ်ဘူးပေါ့။ ဒီအချိန်က ကျောင်းဖွင့်တဲ့ရာသီလည်း မဟုတ်ဘူး ပေါ့နော်။ အစိုးရကျောင်းဖွင့်ရာသီလည်းမဟုတ်ဘူး။ အဲဒီမှာ ကျောင်းတွေမှာ လက်နက်သို လှောင်ရုံ၊ တပ် သားစုဆောင်းရေးစခန်းအဖြစ်အသုံးပြုနေတာလည်း ကြာပါပြီ။ ဒါကိုလည်း ကျွန်တော် တွေ့ရတယ်။ ပြည်သူတွေက ဒါကိုနားလည်ကြတယ်။ တပ်သားစု ဆောင်းရေးမှာကတော့ PDF က MNDAA အပေါ်မှာ အရင်ကလောက်မယုံတော့ပေမယ့် TNLA အပေါ်မှာတော့ သွားပြီး သက်ရောက်မှု ရှိနေတယ်လို့ပဲ ပြောလို့ရမှာပေါ့။
မေး-ဟုတ်ကဲ့ပါ။ နောက်တစ်ခုကတော့ လားရှိုးမြို့ပေါ့နော်။ တပ်မတော်ပြန်လည်အုပ်ချုပ်နေတဲ့ လားရှိုးမြို့ အခြေနေကကော ဘာတွေ ထူးခြားပြောင်းလဲသွားလဲခင်ဗျ။
ဖြေ-လားရှိုးမြို့ကတော့ လက်ရှိမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ ဆိုင်ကယ်ဆိုရင် (၂)လီတာ နှုန်းနဲ့ ကားတွေဆိုရင် (၁၀)လီတာနှုန်းနဲ့ တစ်လီတာကို (၄၅၀ဝ)ကျပ်နှုန်းနဲ့ ရောင်းချပေးနေတဲ့အနေအ ထားလေးတွေမှာ တွေ့ရတယ်။ သိပ်မကြာခင်မှာပဲ နောက်တစ်ပတ်လောက်မှာ လားရှိုးလေဆိပ်ပြန်ဖွင့် မယ်ပေါ့နော်။ လက်ရှိမှာတော့ လက်မှတ်တွေတောင် ကြိုပြီးရောင်းတော့မယ်ပေါ့နော်။ လားရှိုး-ကျိုင်းတုံ၊ လားရှိုး-တောင်ကြီး၊ လားရှိုး-ရန်ကုန်ပေါ့နော် ဒါမျိုး တွေတွေ့ရတယ်။ နောက်ပြီး အင်တိုက်အားတိုက် လေးတွေနဲ့ ကျောင်းတွေပြန်ဖွင့်တယ်။ ရှမ်းတောင်မှာ စိုက်ထားတဲ့ရုံးအားလုံး ရှမ်းမြောက်ကိုပြန်ပြီးရွှေ့ နေပြီပေါ့နော်။ ကောင်းတဲ့အနေအထားတစ်ခုကို ပြောင်းလဲနေမှုရှိတယ်လို့ ကျွန်တော်ကတော့ မြင် တယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ အချိုးကျစနစ်နဲ့ရောင်းချ ပေးနေတယ်လို့တော့တွေ့ရပါတယ်။
မေး-လားရှိုးကနေကိုးကန့်ကိုပြန်ဆုတ်ခွာပြီးနောက်ပိုင်းမှာ MNDAA ထိန်းချုပ်ရာဒေသတွေ ဘက်ကို အခြားတိုင်းရင်းသားတွေနဲ့ ဗမာတွေဝင်ရောက်ခွင့် မပြုတော့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်ပေါ့နော်။ လက်ရှိမှာကော ဒီလိုအခြေအနေပဲ လားခင်ဗျ။ ဘာတွေ ပြောင်းလဲသွား တာမျိုးရှိပါသလဲ။
ဖြေ-ဒါနဲ့ပတ်သက်ပြီးတော့ ဗမာမဝင်ရဘူးဆိုတဲ့ပေါ် လစီတစ်ခုကတော့ ပြောင်းသွားတယ်။ အမြဲ တမ်းနေထိုင်ခွင့်ကိုကျင့်သုံးတယ်။ လာပြီးနေထိုင်လို့ရတယ်။ အိမ်ထောင်စုစာရင်းရှိရမယ်။ သူတို့ သတ် မှတ်ချက် အတိုင်းနေရမယ်။ ဗမာမဝင်ရဘူးမူဆိုတာထက် သူတို့ထုတ်ပေးထားတဲ့ အထောက်အထား မရှိဘူးဆိုရင် သွားလာရတာခက်မယ်။ ယာဉ်တွေကအစပေါ့ နော်။ အဲဒီလိုမျိုးဖြစ်တယ်ပေါ့။ MNDAA နဲ့ လည်း SSPP နဲ့ပြဿနာတွေတက်တယ်ပေါ့။ ဒီရက် ပိုင်းမှာ သူတို့ကတော့ အထူးဒေသ(၁)မှာ အမြဲတမ်း နေထိုင်ခွင့်ဆိုတဲ့ အခမ်းအနားတစ်ခုလုပ်မယ်လို့ ကြားတယ်။ ဥပမာလောက်ကိုင်မှာ အိမ်ခြံမြေတွေ ဝယ် ထားတယ်ပေါ့နော်။ စစ်ပွဲမှာထွက်ပြေးပြီးတော့ ပြန်ခေါ်ချင်တယ်။ ပြည်မကလူတွေက အိမ်လာဝယ်ချင် တယ်။ သူတို့မှာ အခွင့်အရေးတစ်ခုရှိရမယ်ဆိုတဲ့ ပုံစံနဲ့တွေ့ရတယ်။ ဒီ လောက်ကိုင်ဒေသ အထူးဒေသ (၁)လို့ခေါ်တဲ့ ကိုးကန့်ထိန်းချုပ်ရာဒေသမှာ (၈)နှစ်နဲ့အထက်ပြောင်းရွှေ့တဲ့သူက စီးပွားရေးလုပ် ဆောင် တဲ့သူ။ ပြစ်မှုမှတ်တမ်းမရှိတဲ့သူတွေက အထူးဒေသ(၁)ရဲ့ အိမ်ထောင်စုစာရင်းနဲ့ သက်သေခံ အထောက် အထားရယူနိုင်တယ်လို့ ကိုကန့်ရဲမူမှာ ထုတ်ပြန်ထားတာတွေ့ရတယ်။ အဓိကကတော့ လောက်ကိုင် မှာ မြေဝယ်ထားတဲ့တရုတ်တွေကို တခြားနေရာထွက်မသွားအောင် ဆွဲထားချင်တာ။ တရုတ်ယွမ်ငွေ (၅) သိန်းလောက်ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေချပေးမယ်။ ဒါမျိုးတွေ စည်းရုံးနေ တဲ့အခြေအထားမျိုးတွေရှိတယ်။ ဗမာမဝင်ရဘူးဆိုတာတော့မရှိတော့ဘူးပေါ့နော်။ ယာယီနေထိုင်ခွင့် ကတ်ပြားတော့ ရှိရတယ်။ ယာယီနေထိုင်ခွင့်ကတ်ပြားသွားလုပ်မယ်ဆိုရင် မှတ်ပုံ တင်လိုမယ်။ (၃)လ၊ (၆) လ၊ (၁)နှစ်တန်သည်ကို တရုတ်ယွမ်ငွေ (၁၈၀)ကနေ (၃၉၀)။ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် ကာလပေါက်ဈေး(၂)သိန်းခွဲ (၃)သိန်းဝန်းကျင်လောက်အထိပေးဆောင်ရတာမျိုးတွေရှိတယ်။
မေး-ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏ နယ်မြေအငြင်းပွားမှု တွေနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ဒေသဆိုတော့ အခုနောက်ပိုင်းမှာကော ဘယ်လို ပဋိပက္ခ တွေရှိနေသေး သလဲ ခင်ဗျ။
ဖြေ-ရှမ်းမြောက်ကတော့ (၃)ပွင့်ဆိုင် အချစ်ဇာတ် လမ်းတစ်ပုဒ်လိုပဲပေါ့။ မုန်းတော့မုန်းတယ်။ ချစ်နေ တယ်။ လက်ရှိမှာ MNDAA က တရုတ်ရဲ့ BRI ပိုးလမ်းစီမံကိန်းကို အကာအကွယ်ပေးချင်တဲ့ အ ကြောင်းပြချက်နဲ့ SSPP နဲ့ ပြဿနာတက်တယ်လို့ ကျွန်တော်တို့ ဒေသခံတွေက ယူဆတယ်။ ဒီလိုမျိုး တွေရှိတယ်။ တကယ်တော့ တရုတ်နိုင်ငံရဲ့ ရန်ပုံငွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းပေါ်မှာ တအားကြီးကို သက်ရောက်တယ်လို့ ဆိုချင်တယ်။ အားလုံးကတော့ တရုတ်ပေါ်မှာပဲမူတည်ပါတယ်။
မေး-ရှမ်းမြောက်အခြေအနေနဲ့ပတ်သက်ပြီးဘာများဖြည့်စွက်ပြောချင်ပါသလဲခင်ဗျာ။
ဖြေ-ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေကတော့ တချို့ဒေသတွေမှာ တည်ငြိမ်စပြုလာပါပြီ။ ယခင်ကနည်းတူ တရားဥပဒေစိုးမိုးပြီးတော့ တစ်ဦးနဲ့တစ်ဦးလက်နက်တွေ fair ဖြစ်တဲ့အနေအထား တစ် ခုကို ပြန်လိုချင်တယ်။ လားရှိုးကတော့ ပြန်လို့ရပြီပေါ့။ နောက်ပြီး ကျောက်မဲ၊ နောင်ချိုနဲ့ တခြား မြို့က လူတွေ၊ ဒေသကလူတွေကလည်း ငြိမ်း ချမ်းချင်လှပြီ။ ပြည်သူတွေ အေးချမ်းချင်လှပြီ။ ဘယ် လက်နက် ကိုင်အဖွဲ့အစည်းက ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက်။ စေတနာ၊ မေတ္တာထားတာ မှန်ကန်တယ် ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြပါလို့ ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ်။

Zawgyi Version:
ရွမ္းေျမာက္ (သို႔မဟုတ္) ပဋိပကၡမ်ား ထုံးဖြဲ႕ရာေဒသ
သန႔္ဇင္ (NP News)ေမ-၂၀
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ (၁၀၂၇)စစ္ဆင္ေရးအမည္ျဖင့္ MNDAA ၊ TNLA ႏွင့္ AA ပူးေပါင္း အဖြဲ႕တို႔ တိုက္ပြဲေဖာ္ေဆာင္ခဲ့ၿပီး ေဒသခံမ်ားစြာ အိမ္ျပန္ခြင့္မရသည္မွာလည္း တစ္ႏွစ္ခြဲေက်ာ္ၾကာျမင့္ လာၿပီျဖစ္သည္။ လက္ရွိ ရွမ္း ေျမာက္ေဒသတြင္ က်န္ရွိေနထိုင္ေနသည့္ ေဒသခံမ်ားသည္လည္း လက္ နက္ကိုင္အဖြဲ႕အခ်င္းခ်င္း နယ္ေျမပဋိပကၡမ်ား၏ သက္ေရာက္မႈမ်ား၊ ေဒသခံမ်ားအေပၚ အႏိုင္က်င့္ မႈမ်ားႏွင့္ အျခားေသာ လူ႔အခြင့္ အေရးပိတ္ပင္မႈမ်ားစြာလည္းႀကဳံေတြ႕ခံစားေနရ ေၾကာင္း သိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံ တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏႈတ္ေဖာ္ျပ အပ္ပါသည္။
ေမး-လက္ရွိရွမ္းေျမာက္အေျခအေနေလးေျပာျပေပး ပါဦးခင္ဗ်ာ။
ေျဖ-လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ လားရႈိးကလြဲရင္ က်န္တဲ့ေဒသေတြမွာေတာ့ စစ္ ေရး ပဋိပကၡ၊ တပ္မေတာ္နဲ႔ျဖစ္တဲ့ ပဋိပကၡရွိတယ္။ တိုင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္းျဖစ္တဲ့ ျပႆနာေတြလည္း ရွိပါတယ္။ ဒီရက္ပိုင္းမွာပိုၿပီးေတာ့ ေတြ႕လာရတယ္။ ေနာက္ၿပီး ေလေၾကာင္း တိုက္ ခိုက္မႈေတြကလည္း ေတြ႕ေနရတယ္။ ေလေၾကာင္းတိုက္ခိုက္မႈမွာက ေမလ (၁၂)ရက္မွာက မိုင္းေမာ့ ေဒသေပါ့။ မိုင္းေမာ့ေဒသမွာ တပ္မေတာ္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈမွာ အျခားေသာမီဒီယာေတြ ကေတာ့ စာသင္ေက်ာင္းကို တိုက္ခိုက္တယ္ေပါ့။ ဒီလိုမ်ိဳးရွိတယ္။ ဒါေပမဲ့ သိရွိရသေလာက္ေျပာရရင္ေတာ့ မိုင္းေမာ့ စာသင္ေက်ာင္းမွာက KIA ၊ PDF ေတြက ကာကြယ္ေရး သင္တန္းေပးေနတာေပါ့။ ဒါေပမဲ့ ကာကြယ္ေရးသင္တန္းေပးတာကို သတင္းရတဲ့အတြက္ ေလေၾကာင္းကေန ဗုံးႀကဲလိုက္တာေပါ့။ အဲဒီလို ျဖစ္စဥ္ေတာ့ရွိတယ္။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ စာသင္ေက်ာင္းဝန္းက်င္ကိုမက်ပဲနဲ႔ ေက်ာင္းေဘးက လယ္ ကြင္းမွာပဲက်သြားတယ္ေပါ့။ မိုင္းေမာ့ေဒသအဲဒီျဖစ္စဥ္ က အဲဒီမွာ PDF ေတြကို သင္တန္းေပးေနတာ။ အဲဒီေဒသကလည္း မိုင္းေမာ့က PDF ေတြကို ကာကြယ္ေရးသင္တန္းေပးတဲ့ေဒသေပါ့။ ဒါကိုသိလို႔ ျဖစ္ တာေပါ့။ ေမလ (၁၂)ရက္ ည (၁၀)နာရီခြဲကေန မန္တုံ ခ်မ္းသာရပ္ကြက္မွာလည္း ေလေၾကာင္း တိုက္ ခိုက္မႈေတရွိခဲ့တယ္ေပါ့။ အဲဒီေလေၾကာင္းတိုက္ ခိုက္မႈေတြလည္း အမ်ိဳးသားတစ္ဦးေသဆုံးၿပီးေတာ့ (၆) ဦး ဒဏ္ရာရသြားတယ္။ ခ်မ္းသာရပ္ကြက္ကလည္း ေနအိမ္(၁၀)လုံးေက်ာ္ပ်က္စီးသြားတယ္ေပါ့။ အဲဒီ ေလေၾကာင္းတိုက္ခိုက္မႈလုပ္ခဲ့တဲ့ ေနအိမ္ေတြကလည္း TNLA ရဲ႕ မိသားစုဝင္ေတြ၊ အခြန္ေကာက္ခံရာ လႈပ္ရွားမႈနဲ႔ ပတ္သက္တဲ့ေဒသတစ္ခုျဖစ္တယ္ေပါ့ေနာ္။ ဒါေတြကေတာ့ လက္တေလာထူးျခားမႈအေန အထားေတြေပါ့။ ေမလ (၁၃)ရက္မွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက SSPP ထိန္းခ်ဳပ္ထားတဲ့ စိန္ ေက်ာ့ ဘက္ကိုသြားတဲ့လမ္းေၾကာင္းအားလုံးကို MNDAA က တပ္စြဲပစ္လိုက္တယ္။ ဧၿပီလ (၂၈) ရက္ ကစၿပီးေတာ့ သီေပါ-နမၼတူ ေက်ာက္မီးေသြး တြင္းမွာ SSPP နဲ႔ MNDAA တို႔ စစ္ေရးပဋိပကၡ ျဖစ္လာတာ ႏွစ္ပတ္ေက်ာ္ၾကာျမင့္လာၿပီေပါ့ေနာ္။ ဆက္လက္ၿပီးတင္းမာေနၿပီးေတာ့ ေမလ (၁၃)ရက္မွာေတာ့ သီေပါၿမိဳ႕နယ္ထဲက SSPP ထိန္းခ်ဳပ္ေဒသျဖစ္တဲ့ တာလုံေက်း႐ြာေတြဘက္ကို စစ္ေရးရွင္းတယ္ေပါ့ ေနာ္။ ေမလ (၉)ရက္မွာလည္း သီေပါမွာရွိတဲ့ ဖုန္းစာေက်း႐ြာမွာလည္း MNDAA က စည္း႐ုံးေရး လုပ္ သြားတယ္လို႔သိရတယ္။ လက္ရွိသီေပါနယ္မွာေတာ့ ဒီ SSPP နဲ႔ MNDAA နဲ႔ စစ္ေရးတင္းမာမႈ ပိုျဖစ္ သြား တယ္ေပါ့။ ညႇိႏႈိင္းမႈမေအာင္ျမင္တဲ့ အေနအထားတစ္ခုမွာေတာ့ရွိတာေပါ့။ ဒါကေတာ့ update ျဖစ္တဲ့ ရွမ္းေျမာက္အေျခအေနေတြေပါ့။
ေမး-ရွမ္းေျမာက္မွာ (၁၀၂၇) ကလည္း တစ္ႏွစ္ခြဲ ေက်ာ္လာၿပီေပါ့ေနာ္။ (၁၀၂၇) စတင္ၿပီး ေနာက္ ပိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းရဲ႕ စီးပြားေရးအေျခအေန အရပ္ရပ္ကလည္းဘယ္လိုအေျခအေနရွိသြားလဲ။
ေျဖ-လက္ရွိ သိႏၷီ၊ ေက်ာက္မဲ၊ သီေပါ၊ နမၼတူေပါ့ေနာ္။ (၁၀၂၇)ေနာက္ပိုင္းထိန္းခ်ဳပ္ခံထားရတဲ့ ေဒသေတြမွာ အေျခခံျပည္သူလူထုရဲ႕ စီးပြားေရးက ပ်က္စီးသြားတယ္။ အခုေနာက္ပိုင္းမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြထိန္းခ်ဳပ္ၿပီးတဲ့ေနာက္မွာ တရားမဝင္စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ေလာင္းကစား၊ မူး ယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့လုပ္ငန္းမ်ိဳးေတြက ပိုၿပီးေတာ့ ေခတ္စားလာတယ္။ ပိုၿပီးေတာ့ ေနရာရလာ တယ္ေပါ့ေနာ္။ ဥမာအားျဖင့္ ကြၽန္ေတာ္တို႔ သိႏၷီၿမိဳ႕မေဈးမွာျဖစ္သြားတာဆိုရင္ သိႏၷီၿမိဳ႕မေဈးမွာ ၿမိဳ႕ခံ ေတြေဈးမေရာင္းရေတာ့ဘူး။ ခ်က္ခ်င္းအေဆာက္အအုံေတြ႐ိုက္ခ်ိဳးဖ်က္ဆီးၿပီးေတာ့ ေဒသခံျပည္သူ လူထုကိုေမာင္းထုတ္ၿပီးေတာ့ သူတို႔အေပၚ အခြန္ေဆာင္ထားတဲ့ တ႐ုတ္စီးပြားေရးသမားေတြ၊ ရင္းနီးတဲ့ သူေတြကို ဦးစားေပးတဲ့ျဖစ္စဥ္မ်ိဳးေတြရွိခဲ့တယ္။ ရွိလည္းရွိေနတယ္။ အဓိကကေတာ့ တရားမဝင္ စီးပြား ေရးေတြပိုၿပီးေတာ့ ေဆာင္႐ြက္လာခဲ့တယ္။ တရားမဝင္စီးပြားေရးလည္းပိုၿပီးေတာ့ ေတြ႕လာရတယ္။ မူးယစ္ေဆးနဲ႔ ေလာင္းကစားအေပၚ အေျခခံတဲ့ စီးပြားေရးေတြ ပိုမ်ားလာတာေတြ႕ရတယ္။
ေမး-ဒါဆိုရင္ ေဒသတြင္းစီးပြားေရးသမားေတြကို မ်က္ကြယ္ျပဳၿပီး သူတို႔နဲ႔ရင္းႏွီးပတ္သက္တဲ့ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြဝင္ေရာက္လာတာလား ခင္ဗ်။
ေျဖ-လက္နက္ကိုင္တိုင္းရင္းသားေတြကို စီးပြားေရးလုပ္ငန္းရွင္ေတြက မယုံၾကည္တဲ့အတြက္ စြန႔္ခြာသြားတာ။ သူတို႔နဲ႔ သိပ္ၿပီးေတာ့ အလုပ္တြဲမလုပ္ခ်င္ ေတာ့ဘူး။ ဒါကေတာ့ နံပါတ္(၁)အခ်က္ ေပါ့ ေနာ္။ နံပါတ္(၂)ကေတာ့ သူတို႔ကအခြင့္ေကာင္းယူၿပီးေတာ့ ျပည္ပစီးပြားေရးေတြကို ေပၚေပၚတင္တင္ ေခၚသြင္း ၿပီးေတာ့ ေဆာင္႐ြက္ေနတယ္။ သူတို႔ကေတာ့ေဒသဖြံ႕ၿဖိဳးေရးဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ေဆာင္ ႐ြက္ေနေပမယ့္ တရားမဝင္တဲ့လုပ္ငန္းေတြကို တရား ဝင္ျဖစ္ေအာင္ ညႇိၿပီးေတာ့ ျပည္သူလူထုကို ဆြဲ ေဆာင္တာ။ ဥပမာအားျဖင့္ ေလာင္းကစား႐ုံေတြဖြင့္လာတယ္။ ငါးပစ္ဂိမ္းေတြ၊ ငမန္းဂိမ္းေတြကို ဟိုင္း ခန္းေတြကို နယ္ခ်ဲ႕လာတာေတြ႕ရတယ္။ ဒါကေတာ့ ကြၽန္ေတာ့္ အေနနဲ႔ ပ်က္စီးျခင္းရဲ႕အစလို႔ေတာ့ ျမင္ မိတယ္။
ေမး-ၾကားမိတဲ့သတင္းေတြအရ ရွမ္းေျမာက္မွာရွိတဲ့ က်ားဖ်န႔္ေတြက ရွမ္းေတာင္ဘက္ကို ေျပာင္း ေ႐ႊ႕ေနတယ္လို႔ သိရပါတယ္။ ဒီကိစၥမွာလည္း “ဝ”နဲ႔ SSPP က ဝန္းရံေပးတဲ့ သေဘာသက္ေရာက္ေန ေတာ့ က်ားဖ်န႔္ေတြ ရွမ္းျပည္နယ္မွာေတာ္ေတာ္ကို က်ယ္ျပန႔္ ေနရာယူလာၿပီလားခင္ဗ်။
ေျဖ-(၁၀၂၇)ကေတာ့ က်ားဖ်န႔္ေၾကာင့္ျဖစ္တယ္ဆိုေပမယ့္ တကယ္တမ္း (၁၀၂၇)ေနာက္ပိုင္းမွာ က်ားဖ်န႔္ေတြရဲ႕ ျဖန႔္ၾကက္မႈပုံစံဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ရွမ္းအေရွ႕ပိုင္းကို သြားတယ္။ ရွမ္းျပည္ အလယ္ပိုင္းေဒသေတြျဖစ္တဲ့ မိုင္းပန္၊ မိုင္းေခး၊ မိုင္းရယ္၊ တန႔္ယန္းဒီေဒသေတြမွာ ျဖန႔္ၾကက္မႈေတြပိုၿပီး မ်ားလာတယ္။ သူတို႔က ဘယ္လိုပုံစံနဲ႔သြားလဲဆိုေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ျဖစ္တဲ့ UWSA နဲ႔ SSPP ရဲ႕ ထိန္းခ်ဳပ္ရာေဒသေတြျဖစ္တဲ့ ေက်း႐ြာ ေတြမွာ အိမ္အလုံးလိုက္ငွားၿပီးေတာ့ လုပ္ ေဆာင္မႈေတြရွိတယ္။ စုဖြဲ႕မႈအေနနဲ႔ မေတြ႕ဘဲနဲ႔ ျပန႔္က်ဲတဲ့ ပုံစံမ်ိဳးနဲ႔သြားေနတယ္။ တစုတစည္းတည္း မဟုတ္ဘူး။ သူတို႔ကို အစိုးရအေနနဲ႔ကလည္း လက္လွမ္းမီသေလာက္ ဖမ္းဆီးတာေတြရွိတယ္။ မိုင္းရယ္ မွာဆိုလည္း မိတာမ်ိဳးေတြရွိတယ္။ ေျပာရရင္ေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြေနာက္ကြယ္မွာ က်ားဖ်န႔္ေတြရွိတယ္။ သူတို႔ရဲ႕အဓိက စီးပြားေရးဟာ က်န္တဲ့ကိစၥေတြအသာထား လိမ္လည္မႈေတြသာ ျဖစ္ တယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ျမင္ေတြ႕ရတယ္။ လက္ရွိ အေနနဲ႔လည္း ေဒသခံတိုင္းရင္းသားေတြကို ပြဲစားေတြနဲ႔ စည္း႐ုံးၿပီးေတာ့ ဒီလုပ္ငန္းေတြမွာ ပါဝင္လုပ္ ကိုင္ဖို႔ စည္း႐ုံးေနတဲ့အေနအထားေတြကို ကြၽန္ ေတာ္တို႔ကိုယ္တိုင္လည္း ေတြ႕ရတယ္ေပါ့ေနာ္။ ဒီေနာက္ပိုင္းမွာ ရွမ္းေျမာက္မွာလည္း ဒီကိစၥေတြ ၾကား လည္း ၾကားလာခဲ့ရပါတယ္။ က်ားဖ်န႔္ကအခုက ပုံစံတစ္မ်ိဳးက Station နဲ႔ထိုင္ၿပီး လုပ္ရတာမ်ိဳးမဟုတ္ ဘဲ သူတို႔က ဖုန္းတစ္လုံးနဲ႔ လူ(၅)ေယာက္ရွိၿပီဆိုရင္ က်ားဖ်န႔္ရဲ႕လုပ္ငန္းဟာ ပုံစံတစ္မ်ိဳးကို ေျပာင္းသြား တဲ့အေနအထားတစ္ခု မွာရွိတယ္ေပါ့ေနာ္။ ဒီလိုမ်ိဳး ေတြကိုလည္း ကြၽန္ေတာ္တို႔ေတြ႕ရတယ္။
ေမး-ဆက္သြယ္ေရးအေျခအေနနဲ႔ပတ္သက္ၿပီး ေတာ့ေကာ ဘာေတြမ်ားထူးျခားေျပာင္းလဲ သြားတာ မ်ိဳးရွိပါသလဲခင္ဗ်။
ေျဖ-ဆက္သြယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း တ႐ုတ္လိုင္းေတြကို တိုးခ်ဲ႕ၿပီးေတာ့ တပ္ဆင္ဖို႔ သူတို႔ ေတြျပင္ဆင္ေနၿပီေပါ့။ လက္ရွိ ကြမ္းလုံ၊ ခ်င္း ေ႐ႊေဟာ္၊ သိႏၷီ၊ ကြတ္ခိုင္မွာ ေဒသခံေတြက ဖုန္း လိုင္းေတြစၿပီးေတာ့ အသုံးျပဳလို႔ရေနၿပီေပါ့။ သူတို႔ ေတြဝင္ေရာက္စြက္ဖက္မႈေတြရွိလာမွ ဒါမ်ိဳးေတြက ေမးခြန္း ထုတ္စရာေတြျဖစ္လာတာေပါ့ေနာ္။ အဲဒါမ်ိဳးေတြလည္း ကြၽန္ေတာ္တို႔ ေတြ႕လာရတယ္။
ေမး-ဟုတ္ကဲ့ပါ။ (၁၀၂၇)မွာ ပါဝင္တဲ့ TNLA ကေကာ ရွမ္းေျမာက္မွာ ဘာေတြလုပ္ေဆာင္ေန သလဲခင္ဗ်။ လက္ရွိတပ္မေတာ္နဲ႔ကလည္း စစ္ေရးအေတာ္ တင္းမာေနတာဆိုေတာ့ TNLA အေနနဲ႔ ဘာ ေတြ ဆက္ျဖစ္လာႏိုင္သလဲခင္ဗ်။
ေျဖ- လက္ရွိမွာေတာ့ TNLA ထိန္းခ်ဳပ္တဲ့ေဒသျဖစ္တဲ့ မန္တုံကိုတိုက္ခိုက္တယ္။ ေနာက္ၿပီးေတာ့ ေနာင္ခ်ိဳမွာဆက္ၿပီးေတာ့ ျဖစ္ပြားေနတယ္ေပါ့ေနာ္။ ေမလ (၁၂)ရက္ကစၿပီး ညေန (၄)နာရီဝန္းက်င္မွာ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ယာျပင္ေက်း႐ြာမွာ တပ္မေတာ္နဲ႔ TNLA တို႔ ထိုးစစ္ဆင္ေနတာ ေတာ္ေတာ္ေလးျပင္း ထန္ခဲ့တယ္။ အဲဒီမွာ တပ္မေတာ္က ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈမွာ ေအာင္ျမင္မႈေတြရခဲ့တယ္ေပါ့။ ေနာက္ ၿပီးေတာ့ ညေန (၅)နာရီဝန္းက်င္မွာ ေနာင္လင္ ေက်း႐ြာမွာ တိုက္ပြဲျဖစ္တယ္။ ဒ႐ုန္းနဲ႔တိုက္ခိုက္တယ္။ လက္နက္ႀကီးနဲ႔လည္းပစ္ ကူခဲ့တယ္။ ေနာင္ခ်ိဳနဲ႔ မန္တုံမွာေတာ့ ျဖစ္ခဲ့တယ္။ ေက်ာက္မဲမွာလည္း ေလ ေၾကာင္းတိုက္ခိုက္မႈေတြရွိတယ္။ TNLA နဲ႔ေဆြးေႏြး မႈကေတာ့ မေအာင္ျမင္ဘူး။ ဩဂုတ္လမွာ ထပ္ေတြ႕ မယ္လို႔လည္း ၾကားရတယ္။
ေမး-ၿပီးခဲ့တဲ့ TNLA နဲ႔ ေဆြးေႏြးပြဲက ရလဒ္ေကာင္း ေတြမထြက္ေပၚခဲ့တာေတြ႕ရပါတယ္။ TNLA ရဲ႕ ရည္႐ြယ္ခ်က္က ဘာျဖစ္ႏိုင္တယ္လို႔ ေဒသခံတစ္ေယာက္အေနနဲ႔ ယူဆမိပါသလဲ။
ေျဖ- TNLA က KIA က ေမြးဖြားလာလိုက္တဲ့ လက္နက္ကိုင္ေပါ့။ AA လိုပါပဲ။ သူတို႔ရဲ႕ ရည္မွန္း ခ်က္ကေတာ့ ခြဲထြက္ေရးေပါ့ေနာ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္လိုခ်င္တာေပါ့။ သူ႔ေနာက္ကြယ္မွာ UWSA ကလည္း တိုက္႐ိုက္မဟုတ္ရင္ေတာင္ သြယ္ဝိုက္တဲ့နည္းနဲ႔ပါတယ္ဆိုတာကို ကြၽန္ေတာ္တို႔က သိတာေပါ့ေနာ္။ TNLA က အခုသူတို႔ထိန္းခ်ဳပ္ထားတဲ့နယ္ေျမေတြကို လက္မလႊတ္ခ်င္ဘူး။ အဲဒီလို မ်ိဳးေတြေတြ႕ရတယ္။ ၿပီးေတာ့ ဆြဲေဆာင္တာေတြလည္းရွိတယ္။ ဥပမာ MNDAA ရဲ႕ အထူးေဒသ(၁) ေလာက္ကိုင္မွာဆိုရင္ ကိုးကန႔္က သူတို႔က ရင္းႏွီး ျမဳပ္ႏွံမယ္ဆိုရင္ အၿမဲတမ္းေနထိုင္ခြင့္ေပးမယ္။ ဒီလို မ်ိဳးေတြစည္း႐ုံးမႈေတြေဆာင္႐ြက္တယ္။ TNLA ကလည္း သူတို႔ကိုယ္ပိုင္နယ္ေျမလိုခ်င္လို႔၊ ကိုးကန႔္က လည္း သူတို႔နယ္ေျမဖန္းတီးေနတဲ့ အေနအထား တစ္ခုကို သြားေနတယ္လို႔ ေတြ႕ရတယ္။
ေမး-ဟုတ္ကဲ့။ ဒါဆိုရင္ ေဒသခံေတြဘက္ကိုလည္း သြားၾကည့္ရေအာင္ေပါ့ေနာ္။ အရင္က ေဒသခံေတြ အေပၚ TNLA က တပ္သားစုေဆာင္းေရးကို ေတာ္ ေတာ္လုပ္ေဆာင္ခဲ့တာတယ္လို႔ သိရ တယ္။ အဲဒါ ေၾကာင့္လည္း ထြက္ေျပးတိမ္းေရွာင္ခဲ့တဲ့ ေဒသခံ ေတြေတာ္ေတာ္မ်ားတယ္ေပါ့ေနာ္။ လက္ရွိအေျခေနမွာေကာ ဘယ္လိုရွိပါသလဲ။ TNLA နဲ႔ PDF ေတြ႕ရဲ႕ ပတ္သက္မႈကေကာ ဘယ္အေျခအေနထိ ရွိေနၿပီလဲ။
ေျဖ- TNLA က PDF ေတြကို သင္တန္းေပးတယ္။ လက္နက္ေထာက္ပံ့တယ္။ လိုတဲ့ေနရာမွာ ဆြဲသုံး မယ္ေပါ့။ ကြၽန္ေတာ္တို႔ မိုင္းလားမွာ ျဖစ္ခဲ့သလို စာသင္ေက်ာင္းကို သတန္းဖြင့္တယ္ေပါ့ေနာ္။ ကြၽန္ ေတာ္တို႔ကေတာ့ ဘက္လိုက္ေျပာတာမဟုတ္ဘူးေပါ့။ ဒီအခ်ိန္က ေက်ာင္းဖြင့္တဲ့ရာသီလည္း မဟုတ္ဘူး ေပါ့ေနာ္။ အစိုးရေက်ာင္းဖြင့္ရာသီလည္းမဟုတ္ဘူး။ အဲဒီမွာ ေက်ာင္းေတြမွာ လက္နက္သို ေလွာင္႐ုံ၊ တပ္ သားစုေဆာင္းေရးစခန္းအျဖစ္အသုံးျပဳေနတာလည္း ၾကာပါၿပီ။ ဒါကိုလည္း ကြၽန္ေတာ္ ေတြ႕ရတယ္။ ျပည္သူေတြက ဒါကိုနားလည္ၾကတယ္။ တပ္သားစု ေဆာင္းေရးမွာကေတာ့ PDF က MNDAA အေပၚမွာ အရင္ကေလာက္မယုံေတာ့ေပမယ့္ TNLA အေပၚမွာေတာ့ သြားၿပီး သက္ေရာက္မႈ ရွိေနတယ္လို႔ပဲ ေျပာလို႔ရမွာေပါ့။
ေမး-ဟုတ္ကဲ့ပါ။ ေနာက္တစ္ခုကေတာ့ လားရႈိးၿမိဳ႕ေပါ့ေနာ္။ တပ္မေတာ္ျပန္လည္အုပ္ခ်ဳပ္ေနတဲ့ လားရႈိးၿမိဳ႕ အေျခေနကေကာ ဘာေတြ ထူးျခားေျပာင္းလဲသြားလဲခင္ဗ်။
ေျဖ-လားရႈိးၿမိဳ႕ကေတာ့ လက္ရွိမွာ စက္သုံးဆီနဲ႔ ပတ္သက္ၿပီးေတာ့ ဆိုင္ကယ္ဆိုရင္ (၂)လီတာ ႏႈန္းနဲ႔ ကားေတြဆိုရင္ (၁၀)လီတာႏႈန္းနဲ႔ တစ္လီတာကို (၄၅၀ဝ)က်ပ္ႏႈန္းနဲ႔ ေရာင္းခ်ေပးေနတဲ့အေနအ ထားေလးေတြမွာ ေတြ႕ရတယ္။ သိပ္မၾကာခင္မွာပဲ ေနာက္တစ္ပတ္ေလာက္မွာ လားရႈိးေလဆိပ္ျပန္ဖြင့္ မယ္ေပါ့ေနာ္။ လက္ရွိမွာေတာ့ လက္မွတ္ေတြေတာင္ ႀကိဳၿပီးေရာင္းေတာ့မယ္ေပါ့ေနာ္။ လားရႈိး-က်ိဳင္းတုံ၊ လားရႈိး-ေတာင္ႀကီး၊ လားရႈိး-ရန္ကုန္ေပါ့ေနာ္ ဒါမ်ိဳး ေတြေတြ႕ရတယ္။ ေနာက္ၿပီး အင္တိုက္အားတိုက္ ေလးေတြနဲ႔ ေက်ာင္းေတြျပန္ဖြင့္တယ္။ ရွမ္းေတာင္မွာ စိုက္ထားတဲ့႐ုံးအားလုံး ရွမ္းေျမာက္ကိုျပန္ၿပီးေ႐ႊ႕ ေနၿပီေပါ့ေနာ္။ ေကာင္းတဲ့အေနအထားတစ္ခုကို ေျပာင္းလဲေနမႈရွိတယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္ တယ္။ အေျခခံစားေသာက္ကုန္ေဈးႏႈန္းေတြကိုလည္း ထိန္းထိန္းသိမ္းသိမ္းနဲ႔ အခ်ိဳးက်စနစ္နဲ႔ေရာင္းခ် ေပးေနတယ္လို႔ေတာ့ေတြ႕ရပါတယ္။
ေမး-လားရႈိးကေနကိုးကန႔္ကိုျပန္ဆုတ္ခြာၿပီးေနာက္ပိုင္းမွာ MNDAA ထိန္းခ်ဳပ္ရာေဒသေတြ ဘက္ကို အျခားတိုင္းရင္းသားေတြနဲ႔ ဗမာေတြဝင္ေရာက္ခြင့္ မျပဳေတာ့ဘူးဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလာခဲ့တယ္ေပါ့ေနာ္။ လက္ရွိမွာေကာ ဒီလိုအေျခအေနပဲ လားခင္ဗ်။ ဘာေတြ ေျပာင္းလဲသြား တာမ်ိဳးရွိပါသလဲ။
ေျဖ-ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဗမာမဝင္ရဘူးဆိုတဲ့ေပၚ လစီတစ္ခုကေတာ့ ေျပာင္းသြားတယ္။ အၿမဲ တမ္းေနထိုင္ခြင့္ကိုက်င့္သုံးတယ္။ လာၿပီးေနထိုင္လို႔ရတယ္။ အိမ္ေထာင္စုစာရင္းရွိရမယ္။ သူတို႔ သတ္ မွတ္ခ်က္ အတိုင္းေနရမယ္။ ဗမာမဝင္ရဘူးမူဆိုတာထက္ သူတို႔ထုတ္ေပးထားတဲ့ အေထာက္အထား မရွိဘူးဆိုရင္ သြားလာရတာခက္မယ္။ ယာဥ္ေတြကအစေပါ့ ေနာ္။ အဲဒီလိုမ်ိဳးျဖစ္တယ္ေပါ့။ MNDAA နဲ႔ လည္း SSPP နဲ႔ျပႆနာေတြတက္တယ္ေပါ့။ ဒီရက္ ပိုင္းမွာ သူတို႔ကေတာ့ အထူးေဒသ(၁)မွာ အၿမဲတမ္း ေနထိုင္ခြင့္ဆိုတဲ့ အခမ္းအနားတစ္ခုလုပ္မယ္လို႔ ၾကားတယ္။ ဥပမာေလာက္ကိုင္မွာ အိမ္ၿခံေျမေတြ ဝယ္ ထားတယ္ေပါ့ေနာ္။ စစ္ပြဲမွာထြက္ေျပးၿပီးေတာ့ ျပန္ေခၚခ်င္တယ္။ ျပည္မကလူေတြက အိမ္လာဝယ္ခ်င္ တယ္။ သူတို႔မွာ အခြင့္အေရးတစ္ခုရွိရမယ္ဆိုတဲ့ ပုံစံနဲ႔ေတြ႕ရတယ္။ ဒီ ေလာက္ကိုင္ေဒသ အထူးေဒသ (၁)လို႔ေခၚတဲ့ ကိုးကန႔္ထိန္းခ်ဳပ္ရာေဒသမွာ (၈)ႏွစ္နဲ႔အထက္ေျပာင္းေ႐ႊ႕တဲ့သူက စီးပြားေရးလုပ္ ေဆာင္ တဲ့သူ။ ျပစ္မႈမွတ္တမ္းမရွိတဲ့သူေတြက အထူးေဒသ(၁)ရဲ႕ အိမ္ေထာင္စုစာရင္းနဲ႔ သက္ေသခံ အေထာက္ အထားရယူႏိုင္တယ္လို႔ ကိုကန႔္ရဲမူမွာ ထုတ္ျပန္ထားတာေတြ႕ရတယ္။ အဓိကကေတာ့ ေလာက္ကိုင္ မွာ ေျမဝယ္ထားတဲ့တ႐ုတ္ေတြကို တျခားေနရာထြက္မသြားေအာင္ ဆြဲထားခ်င္တာ။ တ႐ုတ္ယြမ္ေငြ (၅) သိန္းေလာက္ရင္းႏွီးျမႇဳပ္ႏွံမယ္ ဆိုရင္ အလုပ္အကိုင္အခြင့္အလမ္းေတြခ်ေပးမယ္။ ဒါမ်ိဳးေတြ စည္း႐ုံးေန တဲ့အေျခအထားမ်ိဳးေတြရွိတယ္။ ဗမာမဝင္ရဘူးဆိုတာေတာ့မရွိေတာ့ဘူးေပါ့ေနာ္။ ယာယီေနထိုင္ခြင့္ ကတ္ျပားေတာ့ ရွိရတယ္။ ယာယီေနထိုင္ခြင့္ကတ္ျပားသြားလုပ္မယ္ဆိုရင္ မွတ္ပုံ တင္လိုမယ္။ (၃)လ၊ (၆) လ၊ (၁)ႏွစ္တန္သည္ကို တ႐ုတ္ယြမ္ေငြ (၁၈၀)ကေန (၃၉၀)။ ျမန္မာေငြနဲ႔ တြက္ၾကည့္မယ္ဆိုရင္ ကာလေပါက္ေဈး(၂)သိန္းခြဲ (၃)သိန္းဝန္းက်င္ေလာက္အထိေပးေဆာင္ရတာမ်ိဳးေတြရွိတယ္။
ေမး-ရွမ္းေျမာက္ေဒသက တိုင္းရင္းသားလက္နက္ကိုင္ေတြ မၾကာခဏ နယ္ေျမအျငင္းပြားမႈ ေတြနဲ႔ ပဋိပကၡေတြျဖစ္ေနတဲ့ေဒသဆိုေတာ့ အခုေနာက္ပိုင္းမွာေကာ ဘယ္လို ပဋိပကၡ ေတြရွိေနေသး သလဲ ခင္ဗ်။
ေျဖ-ရွမ္းေျမာက္ကေတာ့ (၃)ပြင့္ဆိုင္ အခ်စ္ဇာတ္ လမ္းတစ္ပုဒ္လိုပဲေပါ့။ မုန္းေတာ့မုန္းတယ္။ ခ်စ္ေန တယ္။ လက္ရွိမွာ MNDAA က တ႐ုတ္ရဲ႕ BRI ပိုးလမ္းစီမံကိန္းကို အကာအကြယ္ေပးခ်င္တဲ့ အ ေၾကာင္းျပခ်က္နဲ႔ SSPP နဲ႔ ျပႆနာတက္တယ္လို႔ ကြၽန္ေတာ္တို႔ ေဒသခံေတြက ယူဆတယ္။ ဒီလိုမ်ိဳး ေတြရွိတယ္။ တကယ္ေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ရန္ပုံေငြဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္းေပၚမွာ တအားႀကီးကို သက္ေရာက္တယ္လို႔ ဆိုခ်င္တယ္။ အားလုံးကေတာ့ တ႐ုတ္ေပၚမွာပဲမူတည္ပါတယ္။
ေမး-ရွမ္းေျမာက္အေျခအေနနဲ႔ပတ္သက္ၿပီးဘာမ်ားျဖည့္စြက္ေျပာခ်င္ပါသလဲခင္ဗ်ာ။
ေျဖ-ရွမ္းျပည္နယ္ေျမာက္ပိုင္းအေျခအေနကေတာ့ တခ်ိဳ႕ေဒသေတြမွာ တည္ၿငိမ္စျပဳလာပါၿပီ။ ယခင္ကနည္းတူ တရားဥပေဒစိုးမိုးၿပီးေတာ့ တစ္ဦးနဲ႔တစ္ဦးလက္နက္ေတြ fair ျဖစ္တဲ့အေနအထား တစ္ ခုကို ျပန္လိုခ်င္တယ္။ လားရႈိးကေတာ့ ျပန္လို႔ရၿပီေပါ့။ ေနာက္ၿပီး ေက်ာက္မဲ၊ ေနာင္ခ်ိဳနဲ႔ တျခား ၿမိဳ႕က လူေတြ၊ ေဒသကလူေတြကလည္း ၿငိမ္း ခ်မ္းခ်င္လွၿပီ။ ျပည္သူေတြ ေအးခ်မ္းခ်င္လွၿပီ။ ဘယ္ လက္နက္ ကိုင္အဖြဲ႕အစည္းက ဘယ္သူမွားတယ္ မွန္တယ္ဆိုတာထက္။ ေစတနာ၊ ေမတၱာထားတာ မွန္ကန္တယ္ ဆိုရင္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာၾကပါလို႔ ကြၽန္ေတာ္တို႔ကေတာ့ ေမွ်ာ္လင့္ပါတယ္။