တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲခြင်းကို အလေးထားရန် နစကဥက္ကဋ္ဌပြော

 575

Pearl (NP News) - မေ ၃ဝ

တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲခြင်းကို အလေးထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌက ယမန်နေ့ (မေလ ၂၉ ရက်) တွင် ကျင်းပသော မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်း အနား၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနား၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီး ပြည်နယ်များ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အပျက်အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများစိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်သောကြောင့် တပ်မတော်အနေဖြင့် ဧပြီလ (၂) ရက်မှစပြီး ယခုမေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သတ်မှတ်ထုတ်ပြန်ထားကြောင်းလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောသည်။

ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်သက်ဆိုင်သူများအနေဖြင့်လည်း ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတိုရေရှည်အစီအမံများချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်ရန် အကန့်အသတ်များရှိသောကြောင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ ငလျင်ဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။

zawgyi version
တိုင္းျပည္အက်ိဳးစီးပြားကိုေရွးရႈ၍ သက္ဆိုင္သူမ်ားအေနျဖင့္ ယာယီအပစ္အခတ္ရပ္စဲျခင္းကို အေလးထားရန္ နစကဥကၠ႒ေျပာ
Pearl (NP News) - ေမ ၃ဝ

တိုင္းျပည္အက်ိဳးစီးပြားကိုေရွးရႈ၍ သက္ဆိုင္သူမ်ားအေနျဖင့္ ယာယီအပစ္အခတ္ရပ္စဲျခင္းကို အေလးထားရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒က ယမန္ေန႔ (ေမလ ၂၉ ရက္) တြင္ က်င္းပေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေဘးဒဏ္သင့္ခဲ့ရသည့္ ျပည္သူမ်ားအား ကူညီေထာက္ပံ့ႏိုင္ရန္ႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေစတနာရွင္၊ အလႉရွင္မ်ားက ဒုတိယအႀကိမ္ေျမာက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းပြဲအခမ္း အနား၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအခမ္းအနား၌ ငလ်င္ေဘးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ တိုင္းေဒသႀကီး ျပည္နယ္မ်ား၌ အေရးေပၚရွာေဖြကယ္ဆယ္ေရး၊ အေရးေပၚေထာက္ပံ့ကူညီေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး ယခုအခ်ိန္တြင္ အပ်က္အစီးမ်ား ရွင္းလင္းေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို တစိုက္မတ္မတ္ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။

ယခုကဲ့သို႔ ငလ်င္ဒဏ္ေၾကာင့္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားစိတ္ထိခိုက္ခံစားေနရသည့္အျပင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနသည့္ကာလျဖစ္သည့္အတြက္ တည္ၿငိမ္ေအးခ်မ္းမႈလိုအပ္ေသာေၾကာင့္ တပ္မေတာ္အေနျဖင့္ ဧၿပီလ (၂) ရက္မွစၿပီး ယခုေမလကုန္ထိ ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလ သတ္မွတ္ထုတ္ျပန္ထားေၾကာင္းလည္း နစကဥကၠ႒က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူတို႔၏ အက်ိဳးစီးပြားကို ေရွးရႈၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္သက္ဆိုင္သူမ်ားအေနျဖင့္လည္း ယာယီအားျဖင့္ အပစ္အခတ္ရပ္စဲထားျခင္းအေပၚ အေလးထားစဥ္းစားၿပီး လိုက္နာေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းလိုေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ထိေရာက္ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရး ေရတိုေရရွည္အစီအမံမ်ားခ်မွတ္ၿပီး မူလအေျခအေနထက္ ပိုမိုသာလြန္ေကာင္းမြန္သည့္ ျပန္လည္ထူေထာင္မႈျဖစ္ေစေရး၊ မည္သူတစ္ဦးတစ္ေယာက္မွ် ခ်န္လွပ္မႈမရွိေစေရးတို႔ကို ဦးတည္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္အစိုးရ၏ အင္အားတစ္ခုတည္းျဖင့္ ေဆာင္႐ြက္ရန္ အကန႔္အသတ္မ်ားရွိေသာေၾကာင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကမွသာ ငလ်င္ေဘးသင့္ေဒသမ်ား၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ျမန္ျမန္ဆန္ဆန္ႏွင့္ ထိေရာက္ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.