သမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှုလုပ်ဆောင်ပြီး ပြီဖြစ်သည့် IU

 327

Pika (Ref : allkpop)
တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU သည် တောင်ကိုရီးယား၏(၂၁)ကြိမ်မြောက် သမ္မတရွေး ကောက် ပွဲအတွက် အစောပိုင်းမဲပေးမှုများကို အောင်မြင်စွာလုပ်ဆောင်ပြီးပြီဖြစ်ကြောင်းသိရသည်။ IU သည် ၎င်း၏အစောပိုင်း မဲပေးမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို Berriz ပလက်ဖောင်းပေါ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ Berriz က ‘အစောပိုင်းမဲပေးမှုတွေကို ကျွန်မလုပ်ဆောင်ပြီးပါပြီ။ အစောပိုင်းမဲပေးမှုတွေက ညနေ (၆) နာရီမတိုင်ခင်အချိန်အထိ ဖွင့်ပါတယ်’ ဟု ရေးသားဖော်ပြခဲ့သည်။
ထွက်ရှိလာသည့်ဓာတ်ပုံတွင် IU သည် အစောပိုင်းမဲပေးရုံအတွက် ရေးသားဖော်ပြထားသော ဆိုင်းဘုတ်ရှေ့တွင် ရပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါဓာတ်ပုံတွင် IU သည် ဦးထုပ်ဆောင်း ကာ လက်ရှည်အင်္ကျီအကွက်ကို ဝတ်ဆင်ထားပြီး မျက်နှာကိုအုပ်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှုများကို နိုင်ငံတစ်ဝန်းရှိ မဲရုံ (၃၅၆၈)ရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ မဲဆန္ဒရှင်ဦး ရေမှာ (၃၂ ဒသမ ၉၅)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း လည်းသိရသည်။ တောင်ကိုရီးယား၏ တရားဝင် သမ္မတရွေးကောက်ပွဲကို ဇွန်လ(၃)ရက် တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် IU သည် ၎င်း၏တတိယမြောက်အယ်လ်ဘမ် ‘Kkot Galpi #3’ ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ဂီတဆိုက်အမျိုးမျိုးတွင် ထုတ်ပြန်ခဲ့ပြီးပြီဖြစ်ကြောင်းသိရသည်။

Zawgyi Version:
သမၼတေ႐ြးေကာက္ပြဲအတြက္ အေစာပိုင္းမဲေပးမႈလုပ္ေဆာင္ၿပီး ၿပီျဖစ္သည့္ IU
Pika (Ref : allkpop)
ေတာင္ကိုရီးယားနာမည္ေက်ာ္အဆိုေတာ္ IU သည္ ေတာင္ကိုရီးယား၏(၂၁)ႀကိမ္ေျမာက္ သမၼတေ႐ြး ေကာက္ ပြဲအတြက္ အေစာပိုင္းမဲေပးမႈမ်ားကို ေအာင္ျမင္စြာလုပ္ေဆာင္ၿပီးၿပီျဖစ္ေၾကာင္းသိရသည္။ IU သည္ ၎၏အေစာပိုင္း မဲေပးမႈမ်ားႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို Berriz ပလက္ေဖာင္းေပၚတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ Berriz က ‘အေစာပိုင္းမဲေပးမႈေတြကို ကြၽန္မလုပ္ေဆာင္ၿပီးပါၿပီ။ အေစာပိုင္းမဲေပးမႈေတြက ညေန (၆) နာရီမတိုင္ခင္အခ်ိန္အထိ ဖြင့္ပါတယ္’ ဟု ေရးသားေဖာ္ျပခဲ့သည္။
ထြက္ရွိလာသည့္ဓာတ္ပုံတြင္ IU သည္ အေစာပိုင္းမဲေပး႐ုံအတြက္ ေရးသားေဖာ္ျပထားေသာ ဆိုင္းဘုတ္ေရွ႕တြင္ ရပ္ေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အဆိုပါဓာတ္ပုံတြင္ IU သည္ ဦးထုပ္ေဆာင္း ကာ လက္ရွည္အက်ႌအကြက္ကို ဝတ္ဆင္ထားၿပီး မ်က္ႏွာကိုအုပ္ထားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ေတာင္ကိုရီးယားသမၼတေ႐ြးေကာက္ပြဲအတြက္ အေစာပိုင္းမဲေပးမႈမ်ားကို ႏိုင္ငံတစ္ဝန္းရွိ မဲ႐ုံ (၃၅၆၈)႐ုံတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အမ်ိဳးသားေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ လက္ရွိအခ်ိန္အထိ မဲဆႏၵရွင္ဦး ေရမွာ (၃၂ ဒသမ ၉၅)ရာခိုင္ႏႈန္းရွိၿပီျဖစ္ေၾကာင္း လည္းသိရသည္။ ေတာင္ကိုရီးယား၏ တရားဝင္ သမၼတေ႐ြးေကာက္ပြဲကို ဇြန္လ(၃)ရက္ တြင္ က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ IU သည္ ၎၏တတိယေျမာက္အယ္လ္ဘမ္ ‘Kkot Galpi #3’ ကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဂီတဆိုက္အမ်ိဳးမ်ိဳးတြင္ ထုတ္ျပန္ခဲ့ၿပီးၿပီျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.