မလေးရှားနိုင်ငံမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦး သေဆုံး

265

Pika (NP News) - ဇွန် ၁ဝ
မလေးရှားနိုင်ငံမြောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ မီနီဗန် တစ်ခုကို ဝင်တိုက်မိခဲ့ရာ အနည်းဆုံးလူ(၁၅)ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဝန်ဆောင်မှုတွေက ပြောကြားခဲ့ပါတယ်။
ထိုင်းနယ်စပ်အနီး အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ Gerik မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အတွင်း လူ(၁၃)ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာ ချက်ချင်းသေဆုံးခဲ့ပြီး အခြားလူ(၂)ဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမတော်တဆမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မလေးရှားနိုင်ငံရဲ့အန္တရာယ်များတဲ့လမ်းမတွေ ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေအတွင်း လူအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သိရပါ တယ်။
ရဲအရာရှိတစ်ဦးက “တက္ကသိုလ်ကျောင်းသားတွေတင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ထိန်းချုပ်မှုလွတ်သွားခဲ့ပြီး မီနီဗန်ကို အနောက်ကနေ ဝင်တိုက်မိခဲ့ပုံပေါ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဓါတ်ပုံတွေမှာ အစိမ်းရောင်ဘတ်စ်ကားက တိမ်းမှောက်နေပြီး အနီရောင် ဗန်ကားက မြောင်းထဲမှာ ထိုးကျနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေကို ကယ်ထုတ်ဖို့အတွက် ဟိုက်ဒရောလစ်ဖြတ်စက်တွေကို အသုံးပြုခဲ့ရတယ်လို့ လည်း သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦး ေသဆုံး
Pika (NP News) - ဇြန္ ၁ဝ
မေလးရွားႏိုင္ငံေျမာက္ပိုင္းမွာ တကၠသိုလ္ေက်ာင္းသားေတြတင္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စီးဟာ မီနီဗန္ တစ္ခုကို ဝင္တိုက္မိခဲ့ရာ အနည္းဆုံးလူ(၁၅)ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ ကယ္ဆယ္ေရးဝန္ေဆာင္မႈေတြက ေျပာၾကားခဲ့ပါတယ္။
ထိုင္းနယ္စပ္အနီး အေဝးေျပးလမ္းမႀကီးေပၚမွာရွိတဲ့ Gerik ၿမိဳ႕အနီးမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္အတြင္း လူ(၁၃)ဦးဟာ အခင္းျဖစ္ပြားရာေနရာမွာ ခ်က္ခ်င္းေသဆုံးခဲ့ၿပီး အျခားလူ(၂)ဦးကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီမေတာ္တဆမႈဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း မေလးရွားႏိုင္ငံရဲ႕အႏၲရာယ္မ်ားတဲ့လမ္းမေတြ ေပၚမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္ေတြအတြင္း လူအေသအေပ်ာက္အမ်ားဆုံးျဖစ္ရပ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါ တယ္။
ရဲအရာရွိတစ္ဦးက “တကၠသိုလ္ေက်ာင္းသားေတြတင္ေဆာင္လာတဲ့ ဘတ္စ္ကားဟာ ထိန္းခ်ဳပ္မႈလြတ္သြားခဲ့ၿပီး မီနီဗန္ကို အေနာက္ကေန ဝင္တိုက္မိခဲ့ပုံေပၚပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ ဓါတ္ပုံေတြမွာ အစိမ္းေရာင္ဘတ္စ္ကားက တိမ္းေမွာက္ေနၿပီး အနီေရာင္ ဗန္ကားက ေျမာင္းထဲမွာ ထိုးက်ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ ကယ္ဆယ္ေရးသမားေတြဟာ အသက္ရွင္က်န္ရစ္ခဲ့တဲ့လူေတြကို ကယ္ထုတ္ဖို႔အတြက္ ဟိုက္ဒေရာလစ္ျဖတ္စက္ေတြကို အသုံးျပဳခဲ့ရတယ္လို႔ လည္း သိရပါတယ္။