အစ္စရေး-အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး လုပ်သင့်တာကိုလုပ်ဆောင်သွားမယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပြော

275

Pika (NP News) - ဇွန် ၂၁
အစ္စရေးနဲ့ အီရန်ကြား ဆက်လက်ဖြစ်ပွားနေတဲ့စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင် သွားမယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Naim Qassem က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့အီရန်ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ကြားနေအဖြစ်နေမှာ မဟုတ်ကြောင်း နဲ့ အစ္စရေး-အမေရိကန် ကျူးကျော်ရန်စမှုတွေကို ရင်ဆိုင်ရာမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမယ်လို့ Naim Qassem က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Naim Qassem က “အာဏာရှင်အမေရိကန်နဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အစ္စရေးတို့ဟာ အီရန်ပြည်သူ တွေနဲ့ အီရန်စစ်တပ်ကို ချေမှုန်းနိုင်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အီရန်ဘက်ကရပ်တည်ပြီး အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်စေဖို့အတွက် ကူညီထောက်ပံ့ပေးမှု ပုံစံအားလုံးကို ပံ့ပိုးပေးဖို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိတယ်လို့ Naim Qassem က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ အဆုံးသတ်သွားခဲ့တဲ့အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဆိုးရွားတဲ့ဆုံးရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဇွန်လ(၁၉)ရက်အစောပိုင်းက ဆီးရီးယားနိုင်ငံဆိုင်ရာအမေရိကန်အထူးသံတမန် Tom Barrack က အစ္စရေး နဲ့ အီရန်ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုးမလုပ်ဆောင်ဖို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရး-အီရန္စစ္ပြဲနဲ႔ပတ္သက္ၿပီး လုပ္သင့္တာကိုလုပ္ေဆာင္သြားမယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ဇြန္ ၂၁
အစၥေရးနဲ႔ အီရန္ၾကား ဆက္လက္ျဖစ္ပြားေနတဲ့စစ္ပြဲကို တုံ႔ျပန္တဲ့အေနနဲ႔ လုပ္သင့္လုပ္ထိုက္တာကို လုပ္ေဆာင္ သြားမယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Naim Qassem က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးနဲ႔အီရန္ၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ၾကားေနအျဖစ္ေနမွာ မဟုတ္ေၾကာင္း နဲ႔ အစၥေရး-အေမရိကန္ က်ဴးေက်ာ္ရန္စမႈေတြကို ရင္ဆိုင္ရာမွာ လုပ္သင့္လုပ္ထိုက္တာကို လုပ္ေဆာင္သြားမယ္လို႔ Naim Qassem က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Naim Qassem က “အာဏာရွင္အေမရိကန္နဲ႔ ရာဇဝတ္မႈေတြကို က်ဴးလြန္ေနတဲ့အစၥေရးတို႔ဟာ အီရန္ျပည္သူ ေတြနဲ႔ အီရန္စစ္တပ္ကို ေခ်မႈန္းႏိုင္မွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ဘက္ကရပ္တည္ၿပီး အာဏာရွင္စနစ္နဲ႔ ဖိႏွိပ္မႈေတြကို အဆုံးသတ္ေစဖို႔အတြက္ ကူညီေထာက္ပံ့ေပးမႈ ပုံစံအားလုံးကို ပံ့ပိုးေပးဖို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕မွာ တာဝန္ရွိတယ္လို႔ Naim Qassem က ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔ အဆုံးသတ္သြားခဲ့တဲ့အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ စစ္ပြဲမွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ဆိုး႐ြားတဲ့ဆုံးရႈံးမႈမ်ားစြာကို ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဇြန္လ(၁၉)ရက္အေစာပိုင္းက ဆီးရီးယားႏိုင္ငံဆိုင္ရာအေမရိကန္အထူးသံတမန္ Tom Barrack က အစၥေရး နဲ႔ အီရန္ၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ပါဝင္ပတ္သက္တာမ်ိဳးမလုပ္ေဆာင္ဖို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။