အီရန်အပေါ် တိုက်ခိုက်မယ့်အစီအစဉ်ကို ဒေါ်နယ်ထရမ့်အတည်ပြုခဲ့တယ်လို့ WSJ ဖော်ပြ

 175

Pika (NP News) - ဇွန် ၂၂

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အီရန်အပေါ် အမေရိကန်ရဲ့တိုက်ရိုက်တိုက်ခိုက်မှုတွေအတွက် အစီအစဉ်တွေကို လျှို့ဝှက်အတည်ပြုခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်ဖို့ အမိန့်ပေးတာမျိုးတော့ မရှိသေးဘူးလို့ Wall Street Journal က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့စစ်ရေးအရ ဝင်ရောက်စွက်ဖက် မှုမှန်သမျှဟာ အမေရိကန်အတွက် ပြုပြင်မရတဲ့ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်လာစေလိမ့်မယ်လို့ အီရန်အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ အီရန်ကနျူကလီးယားလက်နက်ကို ထုတ်လုပ်နေတယ်လို့ အစ္စရေးက အခိုင်အမာ ပြောဆိုမှုနဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်နယ်ထရမ့်ဟာ အီရန်အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေက ငြိမ်းချမ်းရေးအတွက်သာဖြစ်တယ်လို့ အီရန်ဘက်က အကြိမ်ကြိမ်ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုတွေမှာ အမေရိကန်နိုင်ငံ ပါဝင် လာမယ့်အလားအလာဟာ ခြွင်းချက်မရှိ လက်နက်ချအရှုံးပေးဖို့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အီရန်ကို တွန်းအားပေးလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်နေတယ်လို့လည်း WSJ က ရေးသား ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ်တွေကို ဒေါ်နယ်ထရမ့်ကထောက်ခံခဲ့တယ်လို့ ၎င်းရဲ့အကြီးတန်း လက်ထောက်တွေက ပြောကြားခဲ့ပေမယ့်လည်း အီရန်အစိုးရက နျူကလီးယားသန့်စင်ရေးအစီအစဉ်ကို လုံးဝ ရပ်ဆိုင်းဖို့ သဘောတူတာမျိုး ရှိ/မရှိ ရှင်းရှင်းလင်းလင်းမသိရမချင်း နောက်ဆုံးအမိန့်ကို စောင့်ဆိုင်းနေတယ်လို့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

အီရန္အေပၚ တိုက္ခိုက္မယ့္အစီအစဥ္ကို ေဒၚနယ္ထရမ့္အတည္ျပဳခဲ့တယ္လို႔ WSJ ေဖာ္ျပ
Pika (NP News) - ဇြန္ ၂၂
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အီရန္အေပၚ အေမရိကန္ရဲ႕တိုက္႐ိုက္တိုက္ခိုက္မႈေတြအတြက္ အစီအစဥ္ေတြကို လွ်ိဳ႕ဝွက္အတည္ျပဳခဲ့ေပမယ့္ ဆက္လက္လုပ္ေဆာင္ဖို႔ အမိန႔္ေပးတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ Wall Street Journal က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ရဲ႕စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ မႈမွန္သမွ်ဟာ အေမရိကန္အတြက္ ျပဳျပင္မရတဲ့ပ်က္စီးဆုံးရႈံးမႈေတြကို ျဖစ္ေပၚလာေစလိမ့္မယ္လို႔ အီရန္အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ အီရန္ကန်ဴကလီးယားလက္နက္ကို ထုတ္လုပ္ေနတယ္လို႔ အစၥေရးက အခိုင္အမာ ေျပာဆိုမႈနဲ႔အတူ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေဒၚနယ္ထရမ့္ဟာ အီရန္အေပၚ တိုက္႐ိုက္ၿခိမ္းေျခာက္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြက ၿငိမ္းခ်မ္းေရးအတြက္သာျဖစ္တယ္လို႔ အီရန္ဘက္က အႀကိမ္ႀကိမ္ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။အစၥေရးရဲ႕အီရန္အေပၚတိုက္ခိုက္မႈေတြမွာ အေမရိကန္ႏိုင္ငံ ပါဝင္ လာမယ့္အလားအလာဟာ ႁခြင္းခ်က္မရွိ လက္နက္ခ်အရႈံးေပးဖို႔ေတာင္းဆိုခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ အီရန္ကို တြန္းအားေပးလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ေနတယ္လို႔လည္း WSJ က ေရးသား ေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ကိုတိုက္ခိုက္မယ့္အစီအစဥ္ေတြကို ေဒၚနယ္ထရမ့္ကေထာက္ခံခဲ့တယ္လို႔ ၎ရဲ႕အႀကီးတန္း လက္ေထာက္ေတြက ေျပာၾကားခဲ့ေပမယ့္လည္း အီရန္အစိုးရက န်ဴကလီးယားသန႔္စင္ေရးအစီအစဥ္ကို လုံးဝ ရပ္ဆိုင္းဖို႔ သေဘာတူတာမ်ိဳး ရွိ/မရွိ ရွင္းရွင္းလင္းလင္းမသိရမခ်င္း ေနာက္ဆုံးအမိန႔္ကို ေစာင့္ဆိုင္းေနတယ္လို႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.