“NUG-CRPH ကလူတွေ သတ္တိရှိရင် ပြည်တွင်းကိုပြန်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်ဆိုင်လိုက်ပါ”

440

Pearl (NP News) - ဇူလိုင် ၁ဝ
ပြီးခဲ့သောရက်ပိုင်းက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သော ဒေါ်အောင် ဆန်းစုကြည်၏ တရားရုံးထွက်ဆိုချက်နှင့်ပတ်သက်၍ အမြင်သဘောထား၊ လက်ရှိနိုင်ငံရေးအခင်းအကျင်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မည်သို့သဘောထားမည်နည်းဆိုသောအချက်များနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်နှင့် (၂၀၂၂)ခုနှစ်က တွေ့ဆုံခွင့်ရခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းအား ကိုကျော်နု မှ စာဖတ်သူများအတွက် မှတ်တမ်းတစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။
(ယခင်တစ်ပတ်မှအဆက်)
မေး - နောက် စာမျက်နှာ(၄)မှာပဲ အောက်ဆုံးမှာ PDF တွေက အများပြည်သူနေရာတွေကို ဗုံးခွဲတိုက် ခိုက်တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်စွဲကိုင် တော်လှန်တာ၊ အပြစ်မဲ့ပြည်သူတွေကို တပ်သတင်း ပေးဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်တာတွေကို သိပါသ လားလို့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေကမေး တယ်ဆိုတော့ ဒီစာကိုမကြည့်ဘဲပြောမယ်။ ဒေါ်အောင် ဆန်းစုကြည်က အဲဒီစကားကြားရင် သူဘာဖြစ်သွား မယ်ထင်လဲ ။
ဖြေ- ဟာ သူတော်တော်လန့်သွားမှာပေါ့။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ PDF ဆိုတာ အခုတော်လှန်ရေး ကနေမှ ပေါ်ပေါက်လာတယ်ပေါ့။ ဒီဆန္ဒပြမှုလေးကနေပြီး တော့ ဒီလောက်အခြေအနေတောင်ရောက်သွားသ လားဆိုတဲ့ဟာမျိုးကို သူရှော့ခ်ဖြစ်သွားမယ်လို့ကျွန်မထင်တာပေါ့နော်။ အဲဒီလောက်ကြီးအထိလည်း သူမ မျှော်မှန်းထားဘူး။ ဘာလို့လဲဆိုတော့ သူကအမြဲ တမ်းပြောလေ့ရှိတာက ဆန္ဒပြလို့ရတယ်။ ကိုယ်မကြိုက်တဲ့ ဟာကို သူ့လက်ထက်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေရှိခဲ့တာပဲလေ။ အဲဒီတော့ဆန္ဒပြလို့ ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး လူသတ်တာတွေ၊ တိုင်းပြည် ကိုဖျက်ဆီးတာတွေကိုတော့ သူလက်မခံပါဘူး။ နဂိုတုန်းကလည်း လက် မခံခဲ့ဘူး အခုလည်း လက်မခံပါဘူး။ အဲဒီတော့ ဒီလိုမျိုးသတင်းတွေသတင်းတွေ ကြားရင်ဟာ ဒါကြီးက ဒီ လောက်တောင်ဖြစ်ဖို့လိုအပ် သလားလို့ သူရှော့ခ်ရသွားနိုင်တယ်။ ဘာဖြစ်လို့ ဒီစ ကားကိုပြောနိုင်တာလဲဆိုတော့ သူရဲ့နောက်ဆုံး ရွေး ကောက်ပွဲဝင်တဲ့ကြေညာစာတမ်းမှာဆိုရင် ရေးထား ပြီးသားအခက်အခဲတွေ တွေ့ကြုံလာ နိုင်တယ်။ “မည် သို့သောအခက်အခဲများကြုံတွေ့စေကာမူ စေ့စပ် ဆွေးနွေးသောနည်းဖြင့်သာ ညှိနှိုင်းဖြေရှင်း သွားရမည်” ဆိုတဲ့ဟာက ရွေးကောက်ပွဲကြေညာစာတမ်းမှာ ရေးထားပြီးသား။
မေး-(၂၀၂၀) ကြေညာစာတမ်းမှာလား။
ဖြေ- ဟုတ်တယ်။ (၂၀၂၀)ကြေညာစာတမ်းမှာ ရေးထားပြီးသား။ ဒါက သူကိုယ်တိုင်လက်မှတ်ထိုးထား တာလေ။ ဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေအား လုံးသိပါတယ်ဆိုတဲ့ဟာကို လက်မှတ်ထိုးထားပြီးသား။ အဲဒီတော့ ဒီလိုမျိုးကြီးဖြစ်သွားသလားဆိုတဲ့ဟာကို သူရှော့ခ်ရမှာပေါ့ ။
မေး - နောက်တစ်ခုက သူအံ့အားသင့်သွားမယ်ဆိုတဲ့ဟာနဲ့ ကျွန်တော်တစ်ခုချိတ်ပြောချင်တာက အစ်မ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတဲ့ တစ်ဦးတည်း သော တစ်ဖွဲ့တည်းသော NLD ရဲ့ကိုယ်စားလှယ်တစ်ဦး သာ ဖြစ်နေတာသွားတွေ့ရတယ်။ အဲဒီဒီတွေ့ခွင့်ရတဲ့အချိန်တုန်းကကော အစ်မဘာတွေပြောခဲ့လဲ ဒေါ် အောင် ဆန်းစုကြည်ကို။
ဖြေ - ကျွန်မအဲဒီတုန်းက သူ့ကို နှစ်နှစ်လောက် ရှိသွားပြီပေါ့နော်။ အဲဒီအချိန်မှာသူနဲ့တွေ့ရတဲ့အချိန် ကာလ။ ကျွန်မသူ့ကို နံပါတ်(၁)ပြောထားတာက ကျွန်မတို့က အဲဒီအချိန်မှာတော့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ဆိုတာမထွက်သေဘူး။ မထွက်သေးတော့ ကျွန်မသူ့ကို ပါတီက အန်တီရေ Stay Alife သူ့ကို အဲဒီလို တောင် ပြောခဲ့တယ်။ ကျွန်မသုံးခဲ့တဲ့စကား Stay Alife ရှိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အခွန်စာရွက် တွေ အကုန်ရောက်လာတယ်။ ဒီအခွန်စာရွက်တွေအာလုံး မီးခွန်၊ ရေခွန်၊ Properties Tax အားလုံးကို ကျွန်မ ဆောင်ပေးနေတယ်။ နောက်တစ်ခုက ပါတီရုံးကြီးကိုလည်း ကျွန်မတို့အနေနဲ့ မပျက်စီးအောင်ထိန်းသိမ်းထား ပါတယ်။ နောက်ပြီး ပါတီဝင်တွေအကုန်လုံးက ထွက်ပြေးသွားတာမ ဟုတ်ဘူးအန်တီ။ ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်ပြီးတော့ စုစုစည်းစည်းရှိနေသေးတဲ့အုပ်စုတွေ ကျန်နေ ပါသေးတယ်။ ဒါကြောင့်မို့လို့ အာဆီယံက ပရက်ဆို ခွန်းလာတဲ့အချိန်မှာတောင် ကျွန်မတို့ပြည်တွင်းမှာရှိ နေတဲ့ NLD အုပ်စုနဲ့တွေ့ဖို့ဆိုပြီးတော့ နစကကို တောင်းဆိုတယ်လို့ ကျွန်မကပြောခဲ့တယ်။အဲဒီလို ပြောတာကို အန်တီက သေသေချာချာနားထောင်တယ်။ ပြီးတော့ သူကျေနပ်တယ်ပေါ့နော်။ ပြည်တွင်း ထဲမှာ ပါတီရဲ့မူဝါဒအတိုင်းပဲ ဆက်ရပ်တည်ပါလို့ ကျွန်မကို ပြော တယ်။ အဲဒီတော့ ကျွန်မသူ့ပြောစကား ကိုသေချာနားထောင်ထားတယ်။ ဒါကြောင့်မို့ ကျွန်မ တို့ဟာ ဒီနေ့ အချိန် အထိ ပါတီရဲ့မူဝါဒမတိုင်းပဲ ရပ်တည်တယ်။ ဒါကြောင့်မို့လို့ သူက အဲဒီတုန်းကတည်း ကိုက ပါတီရဲ့မူဝါဒ အတိုင်း ပဲရပ်တည်ပါ။ အခြေအနေ နဲ့အချိန်အခါကိုကြည့်ပြီး မူဝါဒကိုပြောင်းရမယ်တို့၊ အကြမ်းဖက်လုပ်ငန်းတွေလုပ်ရ မယ်လို့ သူ တစ်ခါမှ ကျွန်မတို့ကို မပြောခဲ့ဖူးဘူး။ ဒါကြောင့်မို့လို့ သူကိုယ်တိုင်လည်း ပြည်သူကိုပန်ကြားတဲ့ စာထုတ်ထားတာ ဖြစ်တဲ့အတွက် ဒီလိုစာတွေတွေ့သွားရင် သူတော်တော် ရှော့ခ်ဖြစ်မှာလို့ ကျွန်မပြောနိုင်တယ် ဒီမေးခွန်းတွေက။
မေး- ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုတွေ အကုန်လုံးကို အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေက CCTV မှတ်တမ်းတွေလုပ်ထားမယ်လို့ ကျွန်တော် ကောက်ချက်ချတယ်ပေါ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ The Guardianမှာ ပေါက်ကြားထား တဲ့ video file မျိုးဆိုရင် မှတ်တမ်းလုပ်ထားတယ်ဆိုတာ သက်သေတစ်ခုသွားတွေ့ရတယ်။ မှတ်တမ်းလုပ်ထားခြင်းအားဖြင့် ဘာကိုသွားတွေ့ရလဲဆိုတော့ သူ့ ထွက်စာနဲ့ ရော အသံနဲ့ရော ရုပ်နဲ့ပါမှတ်တမ်းယူထားတယ်ဆိုတဲ့ evidenc ကောင်းကောင်း ယူထားတယ်ဆိုတဲ့အဓိပ္ပာယ် ကောင်းကောင်းသက်ရောက်တယ်။ ဆိုတော့ အစ်မနဲ့တွေ့တဲ့ဟာကိုလည်း evidence ကောင်းကောင်းယူထား တယ်လို့ နားလည်ထားလား။
ဖြေ - ဒါကတော့ ယူထားနိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ တွေ့ရတာကတော့ ကျွန်မတို့လွတ်လွတ်လပ် လပ်တွေ့ရတာပါ။ ပြောဆိုရတာလည်း လွတ်လွတ် လပ်လပ်ပဲပြောဆိုရတယ်။ သို့သော်လည်း သက်ဆိုင်ရာ အာဏာ ပိုင်ဆိုတဲ့ဟာကတော့ သူတို့မှာလည်း evidence ကတော့ရှိမှာပါ။
မေး - အဲဒီတော့ အထဲမှာဘာပဲပြောခဲ့ပြောခဲ့ သူပြောတဲ့ဟာတွေအကုန်လုံးကတော့ ဒီမှာ record ရှိနေပြီး သားဖြစ်တဲ့အတွက် တစ်ချိန်မှာတော့ ဘယ်သူပဲ ဘာ ပြောပြော သူဘယ်လိုပဲပြောပြော အကုန်လုံးက မှတ်တမ်း video ကတော့ ထပ်ပြီးတော့ထွက်လာနိုင်တယ်ဆိုတဲ့ကောက်ချက်လည်း ကျွန်တော့်မှာ စဉ်းစားမိ တာတော့ရှိတယ်။ ဖြစ်လာနိုင်ခြေကောရှိလား။ ဘာလို့လဲဆိုတော့ ဦးခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ video ဖိုင်တွေတောင် အခုလိုထွက်လာရတာ ပွက်လောရိုက်နေတာလေ။
ဖြေ- တိုင်းပြည်ကနေပြီးတော့ ပြည်သူလူထုသိသင့်ပါတယ်ဆိုတဲ့အခြေအနေအချိန်အခါကိုရောက်ရင် တော့ ဒါတွေလည်းထွက်လာမှာပေါ့နော်။
မေး - အဲဒီတော့ အစ်မက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပါတီရဲ့မူဝါဒအတိုင်းရပ်တည်တယ်ဆိုတာကို အစ်မ ဘက်က ဒေါ်အောင်ဆန်းစုကြည်ပြောတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံတယ် သ ဘောကျတယ်ပေါ့နော်။ အဲဒီတော့ ပါတီရဲ့မူဝါဒအရ ကျွန်တော်တို့ကတော့ သိကောင်းသိနိုင်တယ်ဆိုရင် တောင် သာမန်ပြည်သူက သေချာမသိဘူး။ ဘာလို့လဲ ဆိုရင် အခုအချိန်မှာက ပြည်သူက ယောင်ဝါးဝါးဖြစ် နေတာပေါ့နော်။ သို့လောသို့လောဖြစ်နေတဲ့အချိန်မှာ မသိဘူး။ ပါတီရဲ့မူဝါဒက ဘာလဲ။ ရှင်းရှင်းလင်းလင်း ပြောရင် လူထုတစ်ခုလုံးပါတီကိုထောက်ခံသည်ဟုဆိုသော။ ပါတီကပျက်ပြယ်သွားပြီဆိုပေမယ့် ထိုစဉ်ကပေါ့နော် ပါတီရဲ့မူဝါဒက ဘာလဲ။
ဖြေ- ကျွန်မတို့မှာ ကျွန်မတို့ပါတီမူဝါက အဓိကတော့ လက်နက်ကိုင်လမ်းစဉ်မဟုတ်ဘူး။ ကျွန်မတို့ ပါတီရဲ့ လမ်းစဉ်ဘဲ။ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ပဲ။ ဒီ လမ်းစဉ်ကိုပဲ ကျန်မတို့လက်ကိုင်ထားရမယ်။ တစ်ဦး နဲ့တစ်ဦး လေးစားရမယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် လေးစားမှုရှိရမယ်ဆိုတဲ့ဟာလည်း အချက်ထဲမှာ ပါပြီးသား။ လိုအပ်ရင် စေ့စပ်ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့အချက်ဟာလည်း မူဝါဒထဲမှာပါပြီးသားဖြစ်တယ်။ နောက်ပြီးတော့ အပြန်အလှန်လေးစားမှုရှိရမယ်ဆိုတဲ့ဟာက အဓိကအရေးကြီးဆုံးအချက်ပဲ။ ဒီထဲမှာ မူဝါဒ ထဲမှာပါပြီးသား။
မေး - ဆိုတော့ NLD ပါတီကတချို့ တော်တော်များ များပြောကြတာရှိတယ်။ NLD ပါတီက ပြီးခဲ့တဲ့ NLD ပါတီပေါ့။ အခုကတော့ထားပါတော့။ အဲဒီ NLD ပါတီက လက်ရှိ တိုင်းပြည်မှာဖြစ်နေတဲ့ ဆူပူ အုံကြွမှုတွေ၊ လက်နက်ကိုင်တော်လှန်မှုတွေပေါ့။ အဲဒါတွေရဲ့အဓိကတရားခံလို့ ဝိုင်းဝန်းပြောဆိုကြတာ ရှိတယ်။ တချို့တွေက လည်း အဲဒီလိုကောက်ချက်ဆွဲကြတာရှိတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ပြန် ကြားတဲ့အခါမှာ သူ လက်ခံ နိုင်ပါ့မလား။ အစ်မကိုယ်တိုင်ကကော လက်ခံနိုင်လား။
ဖြေ - ကျွန်မကတော့ လက်မခံဘူး။ အန်တီ့အနေနဲ့တော့ ကျွန်မ မပြောတတ်ဘူးပေါ့နော်။ ကျွန်မအနေနဲ့ ကတော့ လက်မခံပါဘူး။ ဘာလို့လဲဆို ကျွန်မတို့ ခုန က အပြန်အလှန်လေးစားမှုရှိရမယ်ဆိုတဲ့ ပါတီရဲ့မူဝါ ဒထဲမှာ အချက်ပါပြီးသား။ ဒီမူဝါဒထဲမှာ ဒီအချက် သည် အရေးအကြီးဆုံးပဲဖြစ်တယ်။ နောက်တစ်ခုက စေ့စပ်ဆွေးနွေး ညှိနှိုင်းခြင်းဆိုတဲ့ဟာကလည်း မူဝါဒ ထဲမှာပါဝင်တဲ့အချက်တစ်ခုဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့တွေက အခုလုပ် နေရတာက ဒီအတိုင်းရပ် တည်နေတဲ့လူတွေကို နဂိုတုန်းကတော့။ ဒီမေးခွန်း နဲ့ပတ်သက်ပြီး နဂိုတုန်းကဆိုရင် ကျွန်မက သံတမန် တွေနဲ့ဆွေးနွေးတဲ့အချိန်တိုင်း သူတို့က ဒါတွေကိုမသိဘူး၊ သူတို့က တစ်ဖက်နိုင်ငံကို ရောက် နေတဲ့လူတွေနဲ့ပဲ အမြဲတွေ့ရတဲ့အခါကျတော့ သူတို့ပြောစကားတွေကိုပဲ နားထဲမှာရောက်နေတာ။ ကျွန်မတို့ ပါတီ က ထင်တာက သံတမန်ဆိုတာက NLD ပါတီနဲ့ဆက်ဆံပြီးသားပဲ။ ဒါပေမဲ့ အခြေအနေနဲ့အချိန်အခါအရ သူတို့ မူဝါဒကြီးက ဒီလိုပြောင်းတာလားလို့ထင်နေတာလေ။ ကျွန်မကပြောတယ်။ မဟုတ်ဘူး၊ မူဝါဒဆိုတာပြောင်းလို့ လည်းမရဘူး၊ ကိုယ့်ရပ်တည်ချက်ပဲ။ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန်စေ့စပ်ညှိနှိုင်းခြင်းဆိုတဲ့ဟာက ကျွန်မတို့ရဲ့ရပ်တည်ချက်ပဲ။ ဒီရပ်တည်ချက်က ဘယ်လိုအခြေအနေနဲ့အချိန်အခါမှာပဲဖြစ်ဖြစ် ပြောင်းလဲလို့ မရဘူး ဆိုတာမျိုးကို ကျွန်မ အမျိုးမျိုးရှင်းပြတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ပြည်တွင်းမှာရှိနေတဲ့ လူတွေဟာ ဒီအတိုင်းပဲရပ်တည်နေတဲ့လူတွေအနေနဲ့ NLD ပါတီရဲ့ ပုံရိပ်ကိုကျစေတဲ့ အကြမ်းဖက်မှုလုပ် ငန်းတွေပေါ်ပေါက် လာတဲ့အခါကျတော့ လူတွေက စွပ်စွဲကြတာပေါ့နော်။ တကယ်တမ်း မူဝါဒအတိုင်းလုပ် နေတဲ့လူတွေကကျတော့ ဒါတွေကိုလုပ်နေတဲ့လူတွေ မဟုတ်ဘူး။ လူတစ်စုကသာလျှင် တိုင်းပြည်ရဲ့ပြင်ပကို ထွက်သွားတယ်။ နောက်ပြီး တော့ လူတစ်စုကသာလျှင် တိုင်းပြည်ရဲ့နယ်စပ်မှာနေကြတယ်။ ပြီးတဲ့အခါမှာ ပါတီရဲ့စည်းမျဉ်းစည်းကမ်း မူဝါဒ တွေချိုးဖောက်ပြီး လုပ်ဆောင်တာဖြစ်တယ်။ ဒါသည် ပါတီနဲ့မသက်ဆိုင်ဘူးလို့ ကျွန်မပြောချင်တယ်။
မေး - အဲဒီတော့ အဲဒီလူတစ်စုသည် ပြည်ပကိုထွက်ပြေးပြီးတော့ NLD ပါတီရဲ့ပုံရိပ်ကိုရော။ မသိရင် ဒီ လူတစ်စုကြောင့် NLD ပါတီသည် အကြမ်းဖက်ပါတီ ပုံစံမျိုးအထိအောင် ပုံဖော်ခံရတာမျိုးအထိအောင်ဖြစ်လာ တာတွေ့ရတယ်။ ဆိုတော့ အဲဒီလူတစ်စုကို ဒေါ် အောင်ဆန်းစုကြည်သာအပြင်ထွက်ခွင့်ရလာခဲ့မယ်၊ အေးအေး ဆေးဆေးပြောခွင့်ရလာခဲ့မယ်ဆိုရင် သူ လက်ခံလိမ့်မယ်လို့ အစ်မထင်လား။
ဖြေ - ကျွန်မကတော့ မထင်ပါဘူး။ ဒါကို ဘယ်တော့ မှလက်ခံလိမ့်မယ်လို့မထင်ဘူး။ ဒေါ်အောင်ဆန်းစု ကြည်ပဲဖြစ်ဖြစ်၊ ဘယ်လိုမျိုးပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် ကျွန် မတို့ပါတီကိုဦးဆောင်တဲ့လူဖြစ်နေတယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကြီးတွေက အသက်အရွယ်အရသော်လည်း ကောင်း၊ အခြေအနေအရသော်လည်းကောင်း ပါတီမှာ ရှိချင်လည်းရှိမယ်၊ မရှိချင်လည်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ ငါ့အောက်ကလူတွေက ဒီပါတီကမွေးထုတ်လာတဲ့ လူတွေဟာ ငါရှိရင်ပဲဖြစ်ဖြစ်၊ ငါမရှိရင်ပဲဖြစ်ဖြစ် ဒီအတိုင်းရပ်တည်နေတဲ့လူတွေပဲဖြစ်ရမယ်လို့ Train လုပ်ပေး ခဲ့တာလေ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပဲ ကျွန်မတို့ငယ်ငယ်လေးကတည်းက Train လုပ်ပေးခဲ့တာ ဖြစ် တဲ့အတွက် အခုလိုမျိုးကြီးဖြစ်ရမယ် ဆိုတဲ့ဟာကို သူဘယ်လိုလုပ်လက်ခံမလဲ။ သူဘယ် တော့မှလက်ခံမှာ မဟုတ်ဘူး။ သူက အမြဲတမ်းပဲ ကျွန်မတို့ကိုပြောတာက ဥပဒေဘောင်ထဲမှာပဲနေပါ Rule Of Law ဆိုတဲ့စကား လုံးကို လွန်ခဲ့တဲ့နှစ်တွေ တော်တော်များက အရမ်းသုံးခဲ့တယ်ပေါ့နော်။ ဒီအတိုင်းပဲ ကျွန်မတို့ကိုလည်း ဒီအတိုင်းပဲ ရပ်တည်ခိုင်းတယ်။ ဥပမာပြောရရင် ကျွန်မတို့လွှတ်တော်ကိုယ် စားလှယ်ဖြစ်တုန်းကဆိုရင်တောင် ကျွန်မတို့ကို ပေါ့နော်။ လွှတ်တော်သက်တမ်း ပြီးတဲ့အချိန်ကျတော့ ပေးတယ်။ ဒါပေမဲ့ သူက အဲဒါကိုမယူရဘူးလို့ပြော တယ်။ ဒါကို မယူနဲ့ပေါ့နော် အဲဒီလိုပြောတဲ့အခါကျ တော့ ဦးရွှေမန်းက မဟုတ်ဘူး၊ ဒါကဥပဒေအရပေး ထားတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ယူခွင့်ရှိပါတယ်လို့ပြောတဲ့အခါ ကျမှသာ လျှင် ကျွန်မတို့က ယူလို့ရတယ်။ ဆိုလိုချင်တာက ဒီလိုကိစ္စမျိုးကိုတောင် သူက ဥပဒေအကြောင်း အရပဲလက်ခံ တာဖြစ်တယ်။ ဒါကြောင့် ပါတီရဲ့စည်း မျဉ်းစည်းကမ်းတွေ မူဝါဒတွေကိုကျော်လွန်ပြီးတော့ ဒါမျိုးတွေလုပ်နေတဲ့ ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ်လက်ခံမလဲ။ သူထွက်လာရင် လည်း ဒါကိုလက်မခံဘူးလို့ သူ ပြောမယ်ဆိုတာကို ကျွန်မယုံကြည်ပါတယ်။
မေး - အစ်မ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခဲ့တဲ့အချိန်တုန်းက ပြည်တွင်းမှာပေါ့နော်။ အဲဒီအချိန်တုန်း က သတ်ဖြတ်မှုတွေအရမ်းများနေခဲ့ပြီ။ ဒလန်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတ်ဖြတ်ခံရမှုတွေအများအပြား ဖြစ်ကုန်တာ တွေ အဲဒီအကြောင်းရင်းခံတွေအကုန်လုံးက လည်း စာတစ်စောင်ကနေစခဲ့တယ်ဆိုတာမျိုးတွေ အဲဒီလိုတွေ ဆက်တိုက်ရှိတာတွေအကုန်လုံးကို အစ်မ အဲ့ Message ကို ရှင်းရှင်းလင်းလင်းပေးခဲ့လား သူ့ကို။
ဖြေ - ကျွန်မပြောခဲ့တယ်သူ့ကို။ အန်တီနဲ့တွေ့တဲ့ အချိန်မှာ ကျွန်မဘာပြောလဲဆိုတော့ အဲဒီအချိန်မှာ လူ (၅၅၀ဝ) ကျော်သေနေပါပြီလို့ အန်တီ့ကို ကျွန်မ ပြောလိုက်တယ် ။ အန်တီလို့ အဲဒါ ပြည်သူ (၅၅၀ဝ) ကျော်သေ နေပါတယ်လို့။ ဒါကြောင့်မို့လို့ ပြည်သူ တွေက အန်တီကနေပြီးတော့ သူတို့ဘက်နဲ့ စေ့စပ် ဆွေးနွေးညှိနှိုင်းတဲ့ ဟာကို မျှော်လင့်နေပါတယ် အန်တီလို့ပြောလိုက်တဲ့အချိန်မှာ ဒေါ်စုက တော်တော် Shock ဖြစ်သွားတာ။ ကျွန်မ ပြောကို ပြောလိုက်တယ် ဘာလို့လဲဆိုတော့ အဲဒီ( ၅၅၀ဝ)ကျော်သေနေတာ ဖြစ်တဲ့အတွက် ဒီဟာကို ပြည်ထောင် စု ကြံ့ခိုင်ရေးပါတီအနေနဲ့ ပရက်ဆိုခွန်းလာတဲ့အချိန်မှာ ဒီဟာတွေက သူတို့ပါတီဝင်ကလည်း အဲဒီတုန်းက တော် တော် သတ်ခံနေရတယ်ဆိုတဲ့ဟာကို သူတို့အနေနဲ့ Document အထောက်အထားတွေနဲ့ကို တင်ပြလိုက်ပါတယ် ဆိုတဲ့ဟာမျိုးကိုလည်း ကျွန်မ သူ့ကိုပြောခဲ့လိုက်တယ်။ အဲဒီတော့ အဲဒီအချိန်မှာ (၅၅၀ဝ)သေ သွားပြီလို့ပြောတဲ့ အချိန်မှာ သူ့မျက်နှာက တော်တော်လည်း Shock ဖြစ်တယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ သူ ကျွန်မကို ဘာမှထပ်ပြီးတော့မမေးတော့ဘူး ဒါနဲ့ပတ်သက်ပြီးတော့။
မေး - အဲဒီတော့ အစ်မအဲဒီလိုတွေ့တဲ့အချိန်မှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပါတီရှင်သန်ရေးကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့အခုချိန်အထိ အစ်မ အင်တာဗျူးအကြိမ်ကြိမ်ဖြေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ (၄၊ ၅၊ ၆) ကြိမ် တစ်ခြားလူနဲ့ ဖြေထားတာတွေ လည်းတွေ့တယ်။ ဆိုတော့ အစ်မမပြောဘဲနဲ့ ထိန်းသိမ်းထားရမယ် လို့ယူဆရမယ့်ထိန်းသိမ်းထားရမယ့်အချက်တွေရှိနိုင်သေးလား။
ဖြေ - မရှိတော့ပါဘူး။ ကျွန်မအများကြီးလည်း မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ခုနက အရေးကြီး တဲ့ကိစ္စတွေပေါ့နော်။ အဓိကကတော့ ပါတီကိစ္စတွေပဲ အများကြီးပြောတာပေါ့နော်။ အန်တီက ခုနက မှာခဲ့တာ ဟာ လေးတွေကို ပြည်သူသိအောင်ကို ကျွန်မအစောကြီးကတည်းကပြောပြတယ်။ ဒါပေမဲ့ လူတွေကလည်း မယုံကြဘူး။ ကျွန်မကိုဆဲကြတာတွေ၊ ကန့်ကွက်ကြ တာတွေ၊ ထောက်ခံကြတာတွေ ဒါမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ ဒါတွေက ကျွန်မအတွက် ဘာမှပြဿနာမရှိဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကျွန်မက ဒီနေ့ဒီအချိန်ခါမှာ တော့ သတင်းမှန်ကိုလည်း သိစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ် အမှန်၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ခံယူချက်ကိုလည်း သိစေချင်တယ်။ ကျွန်မတို့ပါတီရဲ့ခံယူချက်ကိုလည်း သိစေချင်လို့ ကျွန်မ ဒီနေ့ ကိုကျော်မျိုး မင်းကို တော်တော်များများ ပြောခဲ့တာဖြစ်တယ်။
မေး - အဲဒီတော့ ဒီတရားရုံးစာထဲက စာမျက်နှာ(၅)အရဆိုရင် ခုနက ဒီ PDF ကိစ္စတွေပါလာသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခုနက ကျွန်တော် မေးတဲ့မေးခွန်းတွေနဲ့ချိတ်ဆက်သလိုပေါ့နော်။ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင်ပြုလုပ်မယ်လို့မယုံကြည် ပါလို့ သူဖြေတယ်။ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုထိခိုက်စေမယ့် ပြစ်မှုကို တစ်စုံတစ်ယောက်ကကျူးလွန်စေရန် ရည်ရွယ်ချက်ဖြင့် သက်သေခံအကြောင်းကြားစာ ထုတ်ပြန်ခြင်း က အတုအစစ်မသိရဆိုတဲ့ဟာမျိုးတွေ၊ အဲဒါကြောင့် သူမှတ်ချက်မပေးဘူးဆိုတဲ့ဟာမျိုးတွေ၊ နောက် သက်သေခံ (က) ဆိုတဲ့ ဦးဝင်းထိန်ဆိုတဲ့ဟာတွေ။ အဲဒါတာတွေနဲ့ပတ်သက်တဲ့ဟာတွေကိုလည်း သူက တော်တော်လေး ဒါ တွေအကုန်လုံးကို နောက် ဆုံးအပိတ်မှာပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအားလုံးသဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့တယ်လို့ ပြောတယ်ပေါ့နော်။ ဆိုတော့ သူကမဟုတ်ဘူးလို့ဖြေတယ်။ အဲဒါကို အစ်မဘယ်လို နားလည်လဲ။
ဖြေ - အဲ့ဒါက မဟုတ်ဘူးလို့ သူဖြေခဲ့တဲ့ဟာက အမှန်ပဲ။ ကျွန်မ ဘာကိုပြောချင်တာလဲဆိုတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ခုနကလိုမျိုးပေါ့နော်၊ ကြေညာစာတမ်းတွေထုတ်ရမယ်။ ဒီကြေညာစာတမ်းက တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေသိအောင် ထုတ်ရတာလေ။ နောက်အရေးကြီးတယ်။ ဘာကြေညာစာတမ်းပဲ ဖြစ်ဖြစ် တစ်နိုင်ငံလုံးကပြည်သူတွေ သိအောင်ထုတ်ရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကြေညာချက်တွေက သိပ်အရေးကြီးတယ်။ ဒါကြောင့်မိုလို့ ကြေညာချက်တစ်စောင်ထုတ်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌ တို့၊ အဖွဲ့ဝင်တွေအားလုံးရဲ့ ဆုံးဖြတ်ချက်တွေပါရမယ်။ ကြေညာချက်မှာ အောက်မှာတာဝန်ခံတဲ့လူက လက် မှတ်ထိုးပေးရတယ်။ ဒါမှသာလျှင် ကြေညာချက်အစစ်ဖြစ်တယ်။ အဲဒီတော့ အခုလိုမျိုးထုတ်နေတဲ့ဟာတွေက ဒီလူတွေအားလုံး အခုသူပြောတဲ့ ဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေ အား လုံးက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ကာလတွေဖြစ်နေတာကြောင့် ဒီကြေ ညာချက်တွေထုတ်ခဲ့တယ်ဆိုတာက ဒီပါတီရဲ့ တူညီချက်အရ ထုတ်တာမဟုတ်ဘူးဆိုတဲ့ဟာမျိုးကို သူဆိုလိုတာပဲဖြစ်ပါတယ်။
မေး - ဒါဆိုရင်တော့ ဒီလက်ရှိဖြစ်နေတဲ့အကြမ်းဖက်မှုတွေ၊ NUG -CRPH ရဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေ၊ နိုင်ငံတော်ပုန်ကုန်မှုတွေ၊ ဖျက်ဆီးလို ဖျက်ဆီးရာမှုတွေက NLD ရဲ့ CEO ဥက္ကဋ္ဌတွေ၊ အတွင်း ရေးမှူးတွေ၊ CEC တွေ သူတို့အားလုံးရဲ့သဘောတူညီချက်နဲ့မဟုတ်ဘူး။ လူတစ်စုရဲ့လုပ်ဆောင်ချက်လို့ပြောရင် ရလား။
ဖြေ - မှန်ပါတယ်။ လူတစ်စုက သူ့ရဲ့စိတ်ခံစားချက်အရ သူတို့လုပ်ဆောင်ချက်တွေဖြစ်တယ်။ ဒါသည် ပါတီနဲ့ မသက်ဆိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ပါတီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ဘောင်တွေကို ကျော်လွန်ပြီး လုပ်ဆောင်လိုက်တယ်ဆိုရင် ဒါသူတို့ ရဲ့စည်းမျဉ်းစည်းကမ်း ချိုးဖောက်တာပဲဖြစ်တယ်။ ပါတီက လုပ်ခိုင်းတာမဟုတ်ဘူး။ ခုနကလိုမျိုး ပါတီက လုပ်ခိုင်းတယ်ဆိုရင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ CEC တွေ အားလုံးဟာ ကြေညာချက်မှာလက်မှတ်ထိုးပြီးတော့ သူတို့ကိုခိုင်းစေရမှာဖြစ်တယ်။ ဒါတွေအားလုံးကို လုပ်ထားတာ မဟုတ် တဲ့အတွက် လူတစ်စုရဲ့ စိတ်ခံ စားချက်အရလုပ်တာဖြစ်တယ်။ ပါတီနဲ့လုံးဝ မသက်ဆိုင်ပါဘူးလို့ ကျွန်မ ပြော ချင်ပါတယ်။
မေး - အစ်မမှတ်မိအုံးမလားတော့မသိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ဒီကောင်နဲ့ပုံစံတူ အလား တူ သတင်းတွေထွက်ခဲ့တယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားလွှာဆိုတဲ့ဟာမျိုးလေ။ ဒီ CWC ဖွဲ့တာ သူ မကြိုက်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ အပြင်ကနေပြီးတော့ အဲဒီလို အကြမ်းဖက်လှုံ့ဆော်တာတွေမလုပ်ဖို့ ဆိုတဲ့ပုံစံမျိုး တွေနဲ့သဘောမျိုး ဆက်စပ်တာမျိုးတွေ ပေါ့။ ပန်ကြားလွှာဆိုပြီးထုတ်ခဲ့တာမျိုးရှိတယ်။ အဲဒါ ကို အဲဒီလို ထွက် ခဲ့တဲ့အချိန်မှာ ကျွန်တော်က ဒါဆို ရင်တော့ ကောင်းတယ်လို့ပြောပေမယ့် အဲဒီအချိန်မှာ ပဲ ပြည်ပရောက်သွားတဲ့ ဦးအောင်ကြည်ညွန့်တို့အပါ အဝင် နေဘုန်းလတ်တို့အပါအဝင် သူတို့အဖွဲ့တွေက ဒါကြီးကအတုကြီးပါဆိုပြီး တော့ တစ်ခါတည်း အဲဒီစာ ကို သင်းသတ်ပစ်လိုက်တာတွေ့ရတယ်။ ဆိုတော့ အဲဒီဟာက ဘာကို သူတို့ရည်ညွှန်း လိုက်တယ်လို့ ပြောလို့ရလဲ။ စာကိုအတုလို့ပြောတာလား ဒေါ်အောင်ဆန်းစုကြည်ကိုအတုလို့ပြောချင်တာလား ဒါမှမဟုတ် သူတို့ရည်ရွယ်ချက်ကိုသွားချင်လို့ကို လူတွေကို မှိုင်းတိုက်လိုက်တယ်လို့ ထင်လား။ ဘယ်လိုပြောချင် လဲ။
ဖြေ - ကျွန်မနောက်ဆုံးအဖြေပေါ့နော်။ သူတို့ရည်ရွယ်ချက်ကို သူတို့က ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေ ကိုကျော်လွန်သွားပြီ။ မူဝါဒတွေကိုလည်းကျော် လွန်သွားပြီ။ ဘောင်ကိုလည်းကျော်သွားပြီ။ နောက်ပြီးတော့ ဥက္ကဋ္ဌတွေရဲ့ CEC တွေရဲ့ သဘောတူညီချက် အရလည်း လုပ်တာမဟုတ်ဘူး။ ဆိုတော့ အရာရာ အားလုံးကို ကျော်လွန်သွားပြီ။ အဲဒီတော့ သူတို့ရဲ့ သွားနေတဲ့ကိစ္စတွေအားလုံးကို လူထုယုံကြည်အောင်ဆိုရင် ဒီလို Fake News ဆိုပြီးတော့ပဲ သူတို့ပြန်လုပ် တယ် ဒီဟာကြီးကို။ ဒါပေမဲ့ သူတို့ကိုယ်တိုင်သိပါတယ်။ သူတို့ကျူးလွန်တာ သူတို့ပေါ့နော်။ သူတို့လုပ်ရပ် သည် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ မထောက်ခံဘူး။ ပြီးတော့ သူတို့လုပ်ရပ်သည် အများ ကြီးဘောင်ကျော်သွားပြီဆိုတာ လုပ်တဲ့လူတွေကိုယ်တိုင်အားလုံးသိပါတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ က ဒီလိုကာလမှာ အဲဒါထွက်တာနည်းနည်းစောတယ် ဆိုတော့ ဒီလိုကာလမှာ တော် လှန်ရေးအောင်မြင်ဦးမလားဆိုပြီးတော့ လူထုကို ဆက်ပြီးတော့ မှိုင်းတိုက်ရတာပေါ့နော်။
မေး - အဲဒါဆိုရင် သူတို့ပြောပုံအရဆိုရင် သူတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်ဆို တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောတဲ့ဟာကိုတောင် သူတို့က ရှင်းရှင်းပြောရင်တော့ ကလန်ကဆန်လုပ်ချင် တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာကိုတောင် သူတို့က လုံးဝ လူတွေကြားထဲမှာ ပေးမသိချင်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုန်ကန်ချင်တဲ့သဘောမျိုးတောင် သက်ရောက်သွားလား။ အဲဒီလိုသက်ရောက်သွားပြီ လို့ပြောလို့ရနိုင်လား။
ဖြေ - အဲဒါတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့လည်း သူတို့က တကယ်သာသတ္တိရှိတယ်ဆိုရင် ပြည်တွင်း ထဲမှာပဲနေပေါ့နော်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ထွက်လာမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ရင်ဆိုင်လိုက်ပေါ့။ ပြန်ရင်ဆိုင်လိုက်ဆိုတာ တစ်နေ့တစ်ချိန်မှာ ပြည်တွင်းထဲမှာရှိနေရင် ကျွန်မ အခု အမှား တွေပြောတယ်ဆိုရင်လည်း တစ်နေ့ ဒေါ် အောင်ဆန်းစုကြည်ဆိုတာက အသက်ရှင်လျက်နဲ့ပဲ သူ့အိမ်ကိုသူပြန် ရောက်ဦးမှာပဲလေ။ ဒီကာလမှာ ကျွန် မအမှားပြောရင် ဟုတ်လား သူနဲ့ကျွန်မ မျက်နှာချင်း ဘယ်လိုဆိုင်မလဲ။ အဲဒီတော့ သူတို့ ဒီလိုအမှားတွေ လုပ်တဲ့သူတွေက သတ္တိရှိရင် ပြည်တွင်းမှာပဲနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့မျက်နှာချင်းဆိုင်လိုက်ပါလို့ ကျွန်မကပြောချင်ပါတယ်။
မေး - နောက်တစ်ခုက ဒီဟာက နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းတွေမှာရော၊ နိုင်ငံတကာအသိုင်းအ ဝိုင်းနဲ့တချို့ နိုင်ငံတွေမှာရော ဒီစာကပျံ့နှံ့နေလောက်ပြီလို့ ကောက်ချက်ချလို့ရလား၊ ပြောလို့ရလား။
ဖြေ - ပြောလို့ရပါတယ်။ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဂျပန်သွားတုန်းက အဲဒီစာရွက် ကြီးကို ကျွန်မတို့ကိုထုတ်ပြတယ်လေ လွှတ်တော်ကိုယ်စားလှယ်က။ ဂျပန်လွှတ်တော်အမတ်က ထုတ်ပြတယ် လေ။ သူက ဒါကအမှန်လားလို့တောင် ကျွန်မတို့ကို မေးတော့ အမှန်ပဲလို့ပြောခဲ့တာရှိတယ်။
မေး - ဆိုတော့ နိုင်ငံတကာသံတမန် အသိုင်းအဝိုင်း မှာလည်းရှိနေတယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအ သိုင်းအဝိုင်းတချို့မှာလည်းရှိတယ်။ အစ်မမှာလည်း ရှိတယ်။ ဒါပေမဲ့ ထူးခြားစွာဖြင့် အွန်လိုင်းမှာလည်း ပျံ့လာ တယ်။ ထူးခြားစွာဖြင့် လူတွေကြားထဲမှာ ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးတာက ဖြစ်မလာဘူး။ ဘာကြောင့်လို့ ထင်လဲ။
ဖြေ - ဒါကတော့ တော်လှန်ရေးကို အောင်မြင်ဦးမယ် ထင်လို့ပေါ့နော်။ တော်လှန်ရေးကို အမှားတွေနဲ့အောင် မြင်ဦးမယ်လို့လည်း ထင်ကောင်းထင်ဦးမယ်လို့ဖြစ်ပါ မယ်။
မေး- ဒီလောက်ခိုင်မှာတဲ့ Evidence တစ်ခုကို ချပြပြီးတော့ NUG-CRPHကို ဒေါ်အောင်ဆန်းစုကြည် က လက်မခံတဲ့သဘောတရားကို အထောက် အထားကြီးကိုချပြလာတဲ့အထိ၊ ပေါ်လာတဲ့အထိ၊ ဖြစ်ပေါ်လာတဲ့ အထိကို မီဒီယာတွေပေါ့။ ပြည်ပမှာရှိနေ တဲ့ ပြည်ပြေးမီဒီယာလို့ပဲ ကျွန်တော်သုံးပါမယ်။ အကြမ်းဖက်မီဒီယာ တွေက ထူးခြားစွာဖြင့် တစ်ယောက် မှမဖော်ပြဘူး။ မီဒီယာ (၄၀)ကျော်လောက်ကို လေ့လာကြည့်တယ်၊ တစ် ယောက်မှမဖော်ပြဘူး။ ဘာ ကြောင့်လို့ထင်လဲ။ သူတို့ ရည်ရွယ်ချက်က ဘယ်ကို သွားနေတယ်လို့ထင်လဲ။
ဖြေ - လူထုကို အမှန်တရားကိုမဖော်ပြဘဲနဲ့ လူထု ကိုလိမ်ချင်နေတာပေါ့နော်။ ဆက်ပြီးလိမ်ချင်နေတာ ပေါ့နော်။ ဒီလိုမျိုးတွေက အမှန်မှာဆိုရင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ပုံရိပ်ကိုလည်း ကျအောင်လုပ်နေတာပေါ့ နော်။ အဲဒီတော့ အခုဆိုရင်လည်း ကျွန်မတို့လည်း မြင်နေရပါတယ်။ အွန်လိုင်းတွေပေါ်မှာ ကျွန်မတို့နိုင်ငံက အခု လိုဖြစ်သွားတာ NLD ကြောင့်။ ဒေါ်အောင် ဆန်းစုကြည်ကြောင့်ဆိုတာမျိုးတွေ။ ဒီလိုမျိုး လူထုကို အမှန်တရား မပြောဘဲလိမ်နေရင် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ကျလေပဲဖြစ်တာပေါ့။ ဒီလိုမျိုးတွေလည်း ဖြစ်စေချင်တဲ့ ဆန္ဒ ရှိတယ်နဲ့ တူပါတယ်။
မေး - ပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲ သတိထားမိသ လောက် ဒူဝါလရှီးလတို့၊ မန်းဝင်းခိုင်သန်းတို့ နောက် ဦးဟံသာမြင့်တို့ သူတို့အုပ်စုတွေက တစ်ပြိုင်နက် တည်းဆိုသလို အုံနဲ့ကျင်းနဲ့ ပြည်ပြေးမီဒီယာအများစုမှာ ဖော် ပြနေတာတွေ့ရတယ်။ ဆိုတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ဒီစာကိုတော့ တိုက်ရိုက်တုံ့ပြန်တာ မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတုံ့ပြန်တဲ့သဘောနဲ့ ဒေါ် အောင်ဆန်းစုကြည်က လက်ရှိ လူထုရဲ့ သွားနေတဲ့ လှုပ်ရှားမှုကို ကန့်ကွက် လိမ့်မယ်မထင်ဘူး ဒါမျိုးပြော တယ်။ စကားလုံးကို ဝေ့လည်ကြောင်ပတ်ပြောသွားတာ တွေ့ရတယ်။ ကန့်ကွက် လိမ့်မယ် မဟုတ်ဘူးဆို တာ ထောက်ခံလိမ့်မယ်လို့ပြောတာလည်းမဟုတ်ဘူး။ ဒါပေမဲ့ မထောက်ခံဘူးလို့ ပြော တာလည်း မဟုတ်ဘူး။ ဆိုတော့ စကားလုံးကိုလှည့်ပတ်ပြီး အဲဒီအုပ်စုက ပြောနေတာတွေ့ရတယ်။ သူတို့ကို ကော အစ်မ ဘာများပြောပြချင်လဲ။ ပြည်တွင်းမှာလည်း သူတို့ကြောင့် အစ်မနေရထိုင်ရ ကျပ်တာကိုး။
ဖြေ - မှန်ပါတယ်။ ကျွန်မ သူတို့ကိုတော့ ဘာမှမပြောချင်ပါဘူး။ ပြောချင်တာက ခုနကလိုမျိုး ကန့် ကွက်လိမ့်မှာမဟုတ်ဘူးဆိုရင် ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမျိုးလူတစ်ယောက်လုပ်တဲ့ကိစ္စ ကိုတော့ ဘယ်ကန့်ကွက်မလဲ။ တစ်တိုင်းပြည်လုံး လုပ်တဲ့ကိစ္စကိုတော့ ဘယ်ကန့်ကွက်မလဲ။ ဒါပေမဲ့ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် သတ်ကြဖြတ်ကြ ဆိုတဲ့ကိစ္စမျိုးတွေကိုတော့ သူကြိုက်မှာမှမဟုတ်တာ။ သူရဲ့ လမ်းစဉ်က ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းဆွေးနွေး ရေးလမ်းစဉ်ပဲဖြစ်တဲ့အတွက် ဒီလောက်အခြေအနေ ကြီးဆိုး သွားအောင်လုပ်နေတာကိုတော့ ဘယ်လက်ခံနိုင်မလဲ။
မေး - အဲဒါဆိုရင် ဦးအောင်ကြည်ညွန့်တို့ မန်းဝင်း ခိုင်သန်းတို့ ဒူဝါလရှီးလတို့ နေဘုန်းလတ်တို့ ဦးဟံ သာမြင့်တို့ တောက်လျှောက်အစဉ်တဆက်ပြောနေ တာမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူတို့ရဲ့ လုပ်ကြံ သတ်ဖြတ်မူတွေကို ကန့်ကွက်လိမ့်မယ် မထင်ဘူး သို့မဟုတ် ပြည်သူလူထုရဲ့ဆန္ဒကို ကန့်ကွက် လိမ့်မယ် မထင် ဘူးပြောခြင်းအားဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို တစ်နည်းအားဖြင့် အကြမ်းဖက်သမားလို့ တွန်းပို့သလို ရောက် မနေဘူးလား။
ဖြေ - အဲဒီလိုပုံစံဖြစ်သွားတာပေါ့နော်။ အဲဒီလိုပုံစံကို တဖြည်းဖြည်းနဲ့ရောက်လာပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာတွေကို မှေးမှိန်အောင်လုပ်တာ မျိုးလို့မြင်တယ်။
မေး - တစ်နည်းအားဖြင့်တော့ ကျွန်တော့်အမြင်ပြော ရရင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် ခေါင်းဆောင်ကြီးဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောတာ မပြောတာခဏထား။ ဒေါ်အောင်ဆန်းစုကြည် က အကြမ်းဖက်သမားခေါင်းဆောင်ကြီးလို့ တွန်းပို့လိုက်တာမျိုးတော့ သူတို့လုပ်နေတာက ဒေါ် အောင်ဆန်းစု ကြည်ကို သူတို့ကိုယ်တိုင်ဆွဲချသလိုဖြစ် နေတာပေါ့။
ဖြေ - မှန်တာပေါ့လေ။ ဒီလိုအခြေအနေကိုတောင် မရောက်ရောက်အောင်တွန်းပို့နေသလိုဖြစ်တာပေါ့။
မေး - ဒီစာရယ် အခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ Video File ထွက်လာတာရယ် နောက် အ ချိန်ကိုက်ဆိုသလို ဟိုဘက်အုပ်စုတွေက ပြည်ပြေး အုပ်စုတွေကပြောနေတာကိုချိတ်ဆက်ပြီးတော့ အစ်မအနေနဲ့ လူထုကို ဘာများ မက်ဆေ့ပေးချင်တာရှိလဲ။ ဘာအမှန်တိုင်းပြောပြချင်တာရှိလဲ။ PDF ညီငယ်၊ ညီမငယ်တွေကို။
ဖြေ - မှန်ပါတယ်။ ညီငယ်၊ ညီမငယ်တွေကိုလည်း အဓိကပြောချင်တာက ဒီလိုမျိုး ဒေါ်အောင်ဆန်းစု ကြည်ပြောတာက မည်သို့သောအခက်အခဲပဲဖြစ်ပါစေ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်နဲ့ပဲသွားပါမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ပဲဖြစ်တယ်။ အဲဒီတော့ အခုလိုမျိုးတစ်နိုင်ငံလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြတာတွေ ဘယ်ဘက်ကနေပဲ လုပ်လုပ် သေဆုံးနေကြတာတွေ ထိခိုက်နစ်နာတဲ့ဟာတွေအားလုံး ကို ကျွန်မတို့ ရပ်တန်းကရပ်စေချင်တယ်။ အားလုံးကိုလည်း ရပ်တန်းကရပ်စေချင်တယ်။ တကယ်လို့သာ ဒေါ် အောင်ဆန်းစုကြည်ကို ချစ် တယ်ဆိုရင် သူရဲ့လမ်းစဉ်အတိုင်းပဲလိုက်ကြပါလို့ ဒီကနေပဲ မေတ္တာရပ်ခံပါတယ်။
ကျေးဇူးတင်ပါတယ်ဗျာ ။

Zawgyi Version:
“NUG-CRPH ကလူေတြ သတၱိရွိရင္ ျပည္တြင္းကိုျပန္လာၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ရင္ဆိုင္လိုက္ပါ”
Pearl (NP News) - ဇူလိုင္ ၁ဝ
ၿပီးခဲ့ေသာရက္ပိုင္းက လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ထြက္ေပၚလာခဲ့ေသာ ေဒၚေအာင္ ဆန္းစုၾကည္၏ တရား႐ုံးထြက္ဆိုခ်က္ႏွင့္ပတ္သက္၍ အျမင္သေဘာထား၊ လက္ရွိႏိုင္ငံေရးအခင္းအက်င္း အေပၚ ေဒၚေအာင္ဆန္းစုၾကည္ မည္သို႔သေဘာထားမည္နည္းဆိုေသာအခ်က္မ်ားႏွင့္ပတ္သက္၍ ေဒၚေအာင္ ဆန္းစုၾကည္ႏွင့္ (၂၀၂၂)ခုႏွစ္က ေတြ႕ဆုံခြင့္ရခဲ့သူ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစႏၵာမင္းအား ကိုေက်ာ္ႏု မွ စာဖတ္သူမ်ားအတြက္ မွတ္တမ္းတစ္ခုအေနျဖင့္ ေဖာ္ျပအပ္ပါသည္။
(ယခင္တစ္ပတ္မွအဆက္)
ေမး - ေနာက္ စာမ်က္ႏွာ(၄)မွာပဲ ေအာက္ဆုံးမွာ PDF ေတြက အမ်ားျပည္သူေနရာေတြကို ဗုံးခြဲတိုက္ ခိုက္တာ၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို လက္နက္စြဲကိုင္ ေတာ္လွန္တာ၊ အျပစ္မဲ့ျပည္သူေတြကို တပ္သတင္း ေပးဒလန္လို႔စြပ္စြဲၿပီး သတ္ျဖတ္တာေတြကို သိပါသ လားလို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေရွ႕ေနကေမး တယ္ဆိုေတာ့ ဒီစာကိုမၾကည့္ဘဲေျပာမယ္။ ေဒၚေအာင္ ဆန္းစုၾကည္က အဲဒီစကားၾကားရင္ သူဘာျဖစ္သြား မယ္ထင္လဲ ။
ေျဖ- ဟာ သူေတာ္ေတာ္လန႔္သြားမွာေပါ့။ ဘာျဖစ္လို႔ လဲဆိုေတာ့ ဒီ PDF ဆိုတာ အခုေတာ္လွန္ေရး ကေနမွ ေပၚေပါက္လာတယ္ေပါ့။ ဒီဆႏၵျပမႈေလးကေနၿပီး ေတာ့ ဒီေလာက္အေျခအေနေတာင္ေရာက္သြားသ လားဆိုတဲ့ဟာမ်ိဳးကို သူေရွာ့ခ္ျဖစ္သြားမယ္လို႔ကြၽန္မထင္တာေပါ့ေနာ္။ အဲဒီေလာက္ႀကီးအထိလည္း သူမ ေမွ်ာ္မွန္းထားဘူး။ ဘာလို႔လဲဆိုေတာ့ သူကအၿမဲ တမ္းေျပာေလ့ရွိတာက ဆႏၵျပလို႔ရတယ္။ ကိုယ္မႀကိဳက္တဲ့ ဟာကို သူ႔လက္ထက္မွာလည္း ဆႏၵျပတဲ့ေက်ာင္းသားေတြရွိခဲ့တာပဲေလ။ အဲဒီေတာ့ဆႏၵျပလို႔ ရတယ္။ ဒါေပမဲ့ ဒီလိုမ်ိဳး လူသတ္တာေတြ၊ တိုင္းျပည္ ကိုဖ်က္ဆီးတာေတြကိုေတာ့ သူလက္မခံပါဘူး။ နဂိုတုန္းကလည္း လက္ မခံခဲ့ဘူး အခုလည္း လက္မခံပါဘူး။ အဲဒီေတာ့ ဒီလိုမ်ိဳးသတင္းေတြသတင္းေတြ ၾကားရင္ဟာ ဒါႀကီးက ဒီ ေလာက္ေတာင္ျဖစ္ဖို႔လိုအပ္ သလားလို႔ သူေရွာ့ခ္ရသြားႏိုင္တယ္။ ဘာျဖစ္လို႔ ဒီစ ကားကိုေျပာႏိုင္တာလဲဆိုေတာ့ သူရဲ႕ေနာက္ဆုံး ေ႐ြး ေကာက္ပြဲဝင္တဲ့ေၾကညာစာတမ္းမွာဆိုရင္ ေရးထား ၿပီးသားအခက္အခဲေတြ ေတြ႕ႀကဳံလာ ႏိုင္တယ္။ “မည္ သို႔ေသာအခက္အခဲမ်ားႀကဳံေတြ႕ေစကာမူ ေစ့စပ္ ေဆြးေႏြးေသာနည္းျဖင့္သာ ညႇိႏႈိင္းေျဖရွင္း သြားရမည္” ဆိုတဲ့ဟာက ေ႐ြးေကာက္ပြဲေၾကညာစာတမ္းမွာ ေရးထားၿပီးသား။
ေမး-(၂၀၂၀) ေၾကညာစာတမ္းမွာလား။
ေျဖ- ဟုတ္တယ္။ (၂၀၂၀)ေၾကညာစာတမ္းမွာ ေရးထားၿပီးသား။ ဒါက သူကိုယ္တိုင္လက္မွတ္ထိုးထား တာေလ။ ဒီကိစၥကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြအား လုံးသိပါတယ္ဆိုတဲ့ဟာကို လက္မွတ္ထိုးထားၿပီးသား။ အဲဒီေတာ့ ဒီလိုမ်ိဳးႀကီးျဖစ္သြားသလားဆိုတဲ့ဟာကို သူေရွာ့ခ္ရမွာေပါ့ ။
ေမး - ေနာက္တစ္ခုက သူအံ့အားသင့္သြားမယ္ဆိုတဲ့ဟာနဲ႔ ကြၽန္ေတာ္တစ္ခုခ်ိတ္ေျပာခ်င္တာက အစ္မ က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ရတဲ့ တစ္ဦးတည္း ေသာ တစ္ဖြဲ႕တည္းေသာ NLD ရဲ႕ကိုယ္စားလွယ္တစ္ဦး သာ ျဖစ္ေနတာသြားေတြ႕ရတယ္။ အဲဒီဒီေတြ႕ခြင့္ရတဲ့အခ်ိန္တုန္းကေကာ အစ္မဘာေတြေျပာခဲ့လဲ ေဒၚ ေအာင္ ဆန္းစုၾကည္ကို။
ေျဖ - ကြၽန္မအဲဒီတုန္းက သူ႔ကို ႏွစ္ႏွစ္ေလာက္ ရွိသြားၿပီေပါ့ေနာ္။ အဲဒီအခ်ိန္မွာသူနဲ႔ေတြ႕ရတဲ့အခ်ိန္ ကာလ။ ကြၽန္မသူ႔ကို နံပါတ္(၁)ေျပာထားတာက ကြၽန္မတို႔က အဲဒီအခ်ိန္မွာေတာ့ ပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ဆိုတာမထြက္ေသဘူး။ မထြက္ေသးေတာ့ ကြၽန္မသူ႔ကို ပါတီက အန္တီေရ Stay Alife သူ႔ကို အဲဒီလို ေတာင္ ေျပာခဲ့တယ္။ ကြၽန္မသုံးခဲ့တဲ့စကား Stay Alife ရွိေနေသးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရက အခြန္စာ႐ြက္ ေတြ အကုန္ေရာက္လာတယ္။ ဒီအခြန္စာ႐ြက္ေတြအာလုံး မီးခြန္၊ ေရခြန္၊ Properties Tax အားလုံးကို ကြၽန္မ ေဆာင္ေပးေနတယ္။ ေနာက္တစ္ခုက ပါတီ႐ုံးႀကီးကိုလည္း ကြၽန္မတို႔အေနနဲ႔ မပ်က္စီးေအာင္ထိန္းသိမ္းထား ပါတယ္။ ေနာက္ၿပီး ပါတီဝင္ေတြအကုန္လုံးက ထြက္ေျပးသြားတာမ ဟုတ္ဘူးအန္တီ။ ပါတီရဲ႕မူဝါဒအတိုင္း ရပ္တည္ၿပီးေတာ့ စုစုစည္းစည္းရွိေနေသးတဲ့အုပ္စုေတြ က်န္ေန ပါေသးတယ္။ ဒါေၾကာင့္မို႔လို႔ အာဆီယံက ပရက္ဆို ခြန္းလာတဲ့အခ်ိန္မွာေတာင္ ကြၽန္မတို႔ျပည္တြင္းမွာရွိ ေနတဲ့ NLD အုပ္စုနဲ႔ေတြ႕ဖို႔ဆိုၿပီးေတာ့ နစကကို ေတာင္းဆိုတယ္လို႔ ကြၽန္မကေျပာခဲ့တယ္။အဲဒီလို ေျပာတာကို အန္တီက ေသေသခ်ာခ်ာနားေထာင္တယ္။ ၿပီးေတာ့ သူေက်နပ္တယ္ေပါ့ေနာ္။ ျပည္တြင္း ထဲမွာ ပါတီရဲ႕မူဝါဒအတိုင္းပဲ ဆက္ရပ္တည္ပါလို႔ ကြၽန္မကို ေျပာ တယ္။ အဲဒီေတာ့ ကြၽန္မသူ႔ေျပာစကား ကိုေသခ်ာနားေထာင္ထားတယ္။ ဒါေၾကာင့္မို႔ ကြၽန္မ တို႔ဟာ ဒီေန႔ အခ်ိန္ အထိ ပါတီရဲ႕မူဝါဒမတိုင္းပဲ ရပ္တည္တယ္။ ဒါေၾကာင့္မို႔လို႔ သူက အဲဒီတုန္းကတည္း ကိုက ပါတီရဲ႕မူဝါဒ အတိုင္း ပဲရပ္တည္ပါ။ အေျခအေန နဲ႔အခ်ိန္အခါကိုၾကည့္ၿပီး မူဝါဒကိုေျပာင္းရမယ္တို႔၊ အၾကမ္းဖက္လုပ္ငန္းေတြလုပ္ရ မယ္လို႔ သူ တစ္ခါမွ ကြၽန္မတို႔ကို မေျပာခဲ့ဖူးဘူး။ ဒါေၾကာင့္မို႔လို႔ သူကိုယ္တိုင္လည္း ျပည္သူကိုပန္ၾကားတဲ့ စာထုတ္ထားတာ ျဖစ္တဲ့အတြက္ ဒီလိုစာေတြေတြ႕သြားရင္ သူေတာ္ေတာ္ ေရွာ့ခ္ျဖစ္မွာလို႔ ကြၽန္မေျပာႏိုင္တယ္ ဒီေမးခြန္းေတြက။
ေမး- ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လႈပ္ရွားမႈေတြ အကုန္လုံးကို အစိုးရအာဏာပိုင္အဖြဲ႕အစည္းေတြက CCTV မွတ္တမ္းေတြလုပ္ထားမယ္လို႔ ကြၽန္ေတာ္ ေကာက္ခ်က္ခ်တယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ The Guardianမွာ ေပါက္ၾကားထား တဲ့ video file မ်ိဳးဆိုရင္ မွတ္တမ္းလုပ္ထားတယ္ဆိုတာ သက္ေသတစ္ခုသြားေတြ႕ရတယ္။ မွတ္တမ္းလုပ္ထားျခင္းအားျဖင့္ ဘာကိုသြားေတြ႕ရလဲဆိုေတာ့ သူ႔ ထြက္စာနဲ႔ ေရာ အသံနဲ႔ေရာ ႐ုပ္နဲ႔ပါမွတ္တမ္းယူထားတယ္ဆိုတဲ့ evidenc ေကာင္းေကာင္း ယူထားတယ္ဆိုတဲ့အဓိပၸာယ္ ေကာင္းေကာင္းသက္ေရာက္တယ္။ ဆိုေတာ့ အစ္မနဲ႔ေတြ႕တဲ့ဟာကိုလည္း evidence ေကာင္းေကာင္းယူထား တယ္လို႔ နားလည္ထားလား။
ေျဖ - ဒါကေတာ့ ယူထားႏိုင္တာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ ေတြ႕ရတာကေတာ့ ကြၽန္မတို႔လြတ္လြတ္လပ္ လပ္ေတြ႕ရတာပါ။ ေျပာဆိုရတာလည္း လြတ္လြတ္ လပ္လပ္ပဲေျပာဆိုရတယ္။ သို႔ေသာ္လည္း သက္ဆိုင္ရာ အာဏာ ပိုင္ဆိုတဲ့ဟာကေတာ့ သူတို႔မွာလည္း evidence ကေတာ့ရွိမွာပါ။
ေမး - အဲဒီေတာ့ အထဲမွာဘာပဲေျပာခဲ့ေျပာခဲ့ သူေျပာတဲ့ဟာေတြအကုန္လုံးကေတာ့ ဒီမွာ record ရွိေနၿပီး သားျဖစ္တဲ့အတြက္ တစ္ခ်ိန္မွာေတာ့ ဘယ္သူပဲ ဘာ ေျပာေျပာ သူဘယ္လိုပဲေျပာေျပာ အကုန္လုံးက မွတ္တမ္း video ကေတာ့ ထပ္ၿပီးေတာ့ထြက္လာႏိုင္တယ္ဆိုတဲ့ေကာက္ခ်က္လည္း ကြၽန္ေတာ့္မွာ စဥ္းစားမိ တာေတာ့ရွိတယ္။ ျဖစ္လာႏိုင္ေျခေကာရွိလား။ ဘာလို႔လဲဆိုေတာ့ ဦးခင္ၫြန႔္ရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့ video ဖိုင္ေတြေတာင္ အခုလိုထြက္လာရတာ ပြက္ေလာ႐ိုက္ေနတာေလ။
ေျဖ- တိုင္းျပည္ကေနၿပီးေတာ့ ျပည္သူလူထုသိသင့္ပါတယ္ဆိုတဲ့အေျခအေနအခ်ိန္အခါကိုေရာက္ရင္ ေတာ့ ဒါေတြလည္းထြက္လာမွာေပါ့ေနာ္။
ေမး - အဲဒီေတာ့ အစ္မက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ ပါတီရဲ႕မူဝါဒအတိုင္းရပ္တည္တယ္ဆိုတာကို အစ္မ ဘက္က ေဒၚေအာင္ဆန္းစုၾကည္ေျပာတယ္။ အဲဒါကို ေဒၚေအာင္ဆန္းစုၾကည္ကလည္း လက္ခံတယ္ သ ေဘာက်တယ္ေပါ့ေနာ္။ အဲဒီေတာ့ ပါတီရဲ႕မူဝါဒအရ ကြၽန္ေတာ္တို႔ကေတာ့ သိေကာင္းသိႏိုင္တယ္ဆိုရင္ ေတာင္ သာမန္ျပည္သူက ေသခ်ာမသိဘူး။ ဘာလို႔လဲ ဆိုရင္ အခုအခ်ိန္မွာက ျပည္သူက ေယာင္ဝါးဝါးျဖစ္ ေနတာေပါ့ေနာ္။ သို႔ေလာသို႔ေလာျဖစ္ေနတဲ့အခ်ိန္မွာ မသိဘူး။ ပါတီရဲ႕မူဝါဒက ဘာလဲ။ ရွင္းရွင္းလင္းလင္း ေျပာရင္ လူထုတစ္ခုလုံးပါတီကိုေထာက္ခံသည္ဟုဆိုေသာ။ ပါတီကပ်က္ျပယ္သြားၿပီဆိုေပမယ့္ ထိုစဥ္ကေပါ့ေနာ္ ပါတီရဲ႕မူဝါဒက ဘာလဲ။
ေျဖ- ကြၽန္မတို႔မွာ ကြၽန္မတို႔ပါတီမူဝါက အဓိကေတာ့ လက္နက္ကိုင္လမ္းစဥ္မဟုတ္ဘူး။ ကြၽန္မတို႔ ပါတီရဲ႕ လမ္းစဥ္ဘဲ။ ေစ့စပ္ေဆြးေႏြးညႇိႏႈိင္းေရးလမ္းစဥ္ပဲ။ ဒီ လမ္းစဥ္ကိုပဲ က်န္မတို႔လက္ကိုင္ထားရမယ္။ တစ္ဦး နဲ႔တစ္ဦး ေလးစားရမယ္။ တစ္ဦးနဲ႔တစ္ဦးအျပန္အလွန္ ေလးစားမႈရွိရမယ္ဆိုတဲ့ဟာလည္း အခ်က္ထဲမွာ ပါၿပီးသား။ လိုအပ္ရင္ ေစ့စပ္ေဆြးေႏြးညႇိႏႈိင္းရမယ္ဆိုတဲ့အခ်က္ဟာလည္း မူဝါဒထဲမွာပါၿပီးသားျဖစ္တယ္။ ေနာက္ၿပီးေတာ့ အျပန္အလွန္ေလးစားမႈရွိရမယ္ဆိုတဲ့ဟာက အဓိကအေရးႀကီးဆုံးအခ်က္ပဲ။ ဒီထဲမွာ မူဝါဒ ထဲမွာပါၿပီးသား။
ေမး - ဆိုေတာ့ NLD ပါတီကတခ်ိဳ႕ ေတာ္ေတာ္မ်ား မ်ားေျပာၾကတာရွိတယ္။ NLD ပါတီက ၿပီးခဲ့တဲ့ NLD ပါတီေပါ့။ အခုကေတာ့ထားပါေတာ့။ အဲဒီ NLD ပါတီက လက္ရွိ တိုင္းျပည္မွာျဖစ္ေနတဲ့ ဆူပူ အုံႂကြမႈေတြ၊ လက္နက္ကိုင္ေတာ္လွန္မႈေတြေပါ့။ အဲဒါေတြရဲ႕အဓိကတရားခံလို႔ ဝိုင္းဝန္းေျပာဆိုၾကတာ ရွိတယ္။ တခ်ိဳ႕ေတြက လည္း အဲဒီလိုေကာက္ခ်က္ဆြဲၾကတာရွိတယ္။ အဲဒါကို ေဒၚေအာင္ဆန္းစုၾကည္ျပန္ ၾကားတဲ့အခါမွာ သူ လက္ခံ ႏိုင္ပါ့မလား။ အစ္မကိုယ္တိုင္ကေကာ လက္ခံႏိုင္လား။
ေျဖ - ကြၽန္မကေတာ့ လက္မခံဘူး။ အန္တီ့အေနနဲ႔ေတာ့ ကြၽန္မ မေျပာတတ္ဘူးေပါ့ေနာ္။ ကြၽန္မအေနနဲ႔ ကေတာ့ လက္မခံပါဘူး။ ဘာလို႔လဲဆို ကြၽန္မတို႔ ခုန က အျပန္အလွန္ေလးစားမႈရွိရမယ္ဆိုတဲ့ ပါတီရဲ႕မူဝါ ဒထဲမွာ အခ်က္ပါၿပီးသား။ ဒီမူဝါဒထဲမွာ ဒီအခ်က္ သည္ အေရးအႀကီးဆုံးပဲျဖစ္တယ္။ ေနာက္တစ္ခုက ေစ့စပ္ေဆြးေႏြး ညႇိႏႈိင္းျခင္းဆိုတဲ့ဟာကလည္း မူဝါဒ ထဲမွာပါဝင္တဲ့အခ်က္တစ္ခုျဖစ္တယ္။ အဲဒီေတာ့ ကြၽန္မတို႔ေတြက အခုလုပ္ ေနရတာက ဒီအတိုင္းရပ္ တည္ေနတဲ့လူေတြကို နဂိုတုန္းကေတာ့။ ဒီေမးခြန္း နဲ႔ပတ္သက္ၿပီး နဂိုတုန္းကဆိုရင္ ကြၽန္မက သံတမန္ ေတြနဲ႔ေဆြးေႏြးတဲ့အခ်ိန္တိုင္း သူတို႔က ဒါေတြကိုမသိဘူး၊ သူတို႔က တစ္ဖက္ႏိုင္ငံကို ေရာက္ ေနတဲ့လူေတြနဲ႔ပဲ အၿမဲေတြ႕ရတဲ့အခါက်ေတာ့ သူတို႔ေျပာစကားေတြကိုပဲ နားထဲမွာေရာက္ေနတာ။ ကြၽန္မတို႔ ပါတီ က ထင္တာက သံတမန္ဆိုတာက NLD ပါတီနဲ႔ဆက္ဆံၿပီးသားပဲ။ ဒါေပမဲ့ အေျခအေနနဲ႔အခ်ိန္အခါအရ သူတို႔ မူဝါဒႀကီးက ဒီလိုေျပာင္းတာလားလို႔ထင္ေနတာေလ။ ကြၽန္မကေျပာတယ္။ မဟုတ္ဘူး၊ မူဝါဒဆိုတာေျပာင္းလို႔ လည္းမရဘူး၊ ကိုယ့္ရပ္တည္ခ်က္ပဲ။ အျပန္အလွန္ ေလးစားျခင္း၊ အျပန္အလွန္ေစ့စပ္ညႇိႏႈိင္းျခင္းဆိုတဲ့ဟာက ကြၽန္မတို႔ရဲ႕ရပ္တည္ခ်က္ပဲ။ ဒီရပ္တည္ခ်က္က ဘယ္လိုအေျခအေနနဲ႔အခ်ိန္အခါမွာပဲျဖစ္ျဖစ္ ေျပာင္းလဲလို႔ မရဘူး ဆိုတာမ်ိဳးကို ကြၽန္မ အမ်ိဳးမ်ိဳးရွင္းျပတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔ ျပည္တြင္းမွာရွိေနတဲ့ လူေတြဟာ ဒီအတိုင္းပဲရပ္တည္ေနတဲ့လူေတြအေနနဲ႔ NLD ပါတီရဲ႕ ပုံရိပ္ကိုက်ေစတဲ့ အၾကမ္းဖက္မႈလုပ္ ငန္းေတြေပၚေပါက္ လာတဲ့အခါက်ေတာ့ လူေတြက စြပ္စြဲၾကတာေပါ့ေနာ္။ တကယ္တမ္း မူဝါဒအတိုင္းလုပ္ ေနတဲ့လူေတြကက်ေတာ့ ဒါေတြကိုလုပ္ေနတဲ့လူေတြ မဟုတ္ဘူး။ လူတစ္စုကသာလွ်င္ တိုင္းျပည္ရဲ႕ျပင္ပကို ထြက္သြားတယ္။ ေနာက္ၿပီး ေတာ့ လူတစ္စုကသာလွ်င္ တိုင္းျပည္ရဲ႕နယ္စပ္မွာေနၾကတယ္။ ၿပီးတဲ့အခါမွာ ပါတီရဲ႕စည္းမ်ဥ္းစည္းကမ္း မူဝါဒ ေတြခ်ိဳးေဖာက္ၿပီး လုပ္ေဆာင္တာျဖစ္တယ္။ ဒါသည္ ပါတီနဲ႔မသက္ဆိုင္ဘူးလို႔ ကြၽန္မေျပာခ်င္တယ္။
ေမး - အဲဒီေတာ့ အဲဒီလူတစ္စုသည္ ျပည္ပကိုထြက္ေျပးၿပီးေတာ့ NLD ပါတီရဲ႕ပုံရိပ္ကိုေရာ။ မသိရင္ ဒီ လူတစ္စုေၾကာင့္ NLD ပါတီသည္ အၾကမ္းဖက္ပါတီ ပုံစံမ်ိဳးအထိေအာင္ ပုံေဖာ္ခံရတာမ်ိဳးအထိေအာင္ျဖစ္လာ တာေတြ႕ရတယ္။ ဆိုေတာ့ အဲဒီလူတစ္စုကို ေဒၚ ေအာင္ဆန္းစုၾကည္သာအျပင္ထြက္ခြင့္ရလာခဲ့မယ္၊ ေအးေအး ေဆးေဆးေျပာခြင့္ရလာခဲ့မယ္ဆိုရင္ သူ လက္ခံလိမ့္မယ္လို႔ အစ္မထင္လား။
ေျဖ - ကြၽန္မကေတာ့ မထင္ပါဘူး။ ဒါကို ဘယ္ေတာ့ မွလက္ခံလိမ့္မယ္လို႔မထင္ဘူး။ ေဒၚေအာင္ဆန္းစု ၾကည္ပဲျဖစ္ျဖစ္၊ ဘယ္လိုမ်ိဳးပုဂၢိဳလ္ႀကီးပဲျဖစ္ျဖစ္ ကြၽန္ မတို႔ပါတီကိုဦးေဆာင္တဲ့လူျဖစ္ေနတယ္ဆိုလို႔ရွိရင္ ဒီပုဂၢိဳလ္ႀကီးေတြက အသက္အ႐ြယ္အရေသာ္လည္း ေကာင္း၊ အေျခအေနအရေသာ္လည္းေကာင္း ပါတီမွာ ရွိခ်င္လည္းရွိမယ္၊ မရွိခ်င္လည္းမရွိဘူးေပါ့ေနာ္။ ဒါေပမဲ့ ငါ့ေအာက္ကလူေတြက ဒီပါတီကေမြးထုတ္လာတဲ့ လူေတြဟာ ငါရွိရင္ပဲျဖစ္ျဖစ္၊ ငါမရွိရင္ပဲျဖစ္ျဖစ္ ဒီအတိုင္းရပ္တည္ေနတဲ့လူေတြပဲျဖစ္ရမယ္လို႔ Train လုပ္ေပး ခဲ့တာေလ။ ေဒၚေအာင္ဆန္းစုၾကည္လည္း ဒီလိုပဲ ကြၽန္မတို႔ငယ္ငယ္ေလးကတည္းက Train လုပ္ေပးခဲ့တာ ျဖစ္ တဲ့အတြက္ အခုလိုမ်ိဳးႀကီးျဖစ္ရမယ္ ဆိုတဲ့ဟာကို သူဘယ္လိုလုပ္လက္ခံမလဲ။ သူဘယ္ ေတာ့မွလက္ခံမွာ မဟုတ္ဘူး။ သူက အၿမဲတမ္းပဲ ကြၽန္မတို႔ကိုေျပာတာက ဥပေဒေဘာင္ထဲမွာပဲေနပါ Rule Of Law ဆိုတဲ့စကား လုံးကို လြန္ခဲ့တဲ့ႏွစ္ေတြ ေတာ္ေတာ္မ်ားက အရမ္းသုံးခဲ့တယ္ေပါ့ေနာ္။ ဒီအတိုင္းပဲ ကြၽန္မတို႔ကိုလည္း ဒီအတိုင္းပဲ ရပ္တည္ခိုင္းတယ္။ ဥပမာေျပာရရင္ ကြၽန္မတို႔လႊတ္ေတာ္ကိုယ္ စားလွယ္ျဖစ္တုန္းကဆိုရင္ေတာင္ ကြၽန္မတို႔ကို ေပါ့ေနာ္။ လႊတ္ေတာ္သက္တမ္း ၿပီးတဲ့အခ်ိန္က်ေတာ့ ေပးတယ္။ ဒါေပမဲ့ သူက အဲဒါကိုမယူရဘူးလို႔ေျပာ တယ္။ ဒါကို မယူနဲ႔ေပါ့ေနာ္ အဲဒီလိုေျပာတဲ့အခါက် ေတာ့ ဦးေ႐ႊမန္းက မဟုတ္ဘူး၊ ဒါကဥပေဒအရေပး ထားတဲ့ ကိစၥျဖစ္တယ္။ ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံးက ယူခြင့္ရွိပါတယ္လို႔ေျပာတဲ့အခါ က်မွသာ လွ်င္ ကြၽန္မတို႔က ယူလို႔ရတယ္။ ဆိုလိုခ်င္တာက ဒီလိုကိစၥမ်ိဳးကိုေတာင္ သူက ဥပေဒအေၾကာင္း အရပဲလက္ခံ တာျဖစ္တယ္။ ဒါေၾကာင့္ ပါတီရဲ႕စည္း မ်ဥ္းစည္းကမ္းေတြ မူဝါဒေတြကိုေက်ာ္လြန္ၿပီးေတာ့ ဒါမ်ိဳးေတြလုပ္ေနတဲ့ ဟာေတြကို ေဒၚေအာင္ဆန္းစုၾကည္က ဘယ္လိုလုပ္လက္ခံမလဲ။ သူထြက္လာရင္ လည္း ဒါကိုလက္မခံဘူးလို႔ သူ ေျပာမယ္ဆိုတာကို ကြၽန္မယုံၾကည္ပါတယ္။
ေမး - အစ္မ ေဒၚေအာင္ဆန္းစုၾကည္ကိုေတြ႕ခဲ့တဲ့အခ်ိန္တုန္းက ျပည္တြင္းမွာေပါ့ေနာ္။ အဲဒီအခ်ိန္တုန္း က သတ္ျဖတ္မႈေတြအရမ္းမ်ားေနခဲ့ၿပီ။ ဒလန္ဆိုတဲ့ ေခါင္းစဥ္နဲ႔ သတ္ျဖတ္ခံရမႈေတြအမ်ားအျပား ျဖစ္ကုန္တာ ေတြ အဲဒီအေၾကာင္းရင္းခံေတြအကုန္လုံးက လည္း စာတစ္ေစာင္ကေနစခဲ့တယ္ဆိုတာမ်ိဳးေတြ အဲဒီလိုေတြ ဆက္တိုက္ရွိတာေတြအကုန္လုံးကို အစ္မ အဲ့ Message ကို ရွင္းရွင္းလင္းလင္းေပးခဲ့လား သူ႔ကို။
ေျဖ - ကြၽန္မေျပာခဲ့တယ္သူ႔ကို။ အန္တီနဲ႔ေတြ႕တဲ့ အခ်ိန္မွာ ကြၽန္မဘာေျပာလဲဆိုေတာ့ အဲဒီအခ်ိန္မွာ လူ (၅၅၀ဝ) ေက်ာ္ေသေနပါၿပီလို႔ အန္တီ့ကို ကြၽန္မ ေျပာလိုက္တယ္ ။ အန္တီလို႔ အဲဒါ ျပည္သူ (၅၅၀ဝ) ေက်ာ္ေသ ေနပါတယ္လို႔။ ဒါေၾကာင့္မို႔လို႔ ျပည္သူ ေတြက အန္တီကေနၿပီးေတာ့ သူတို႔ဘက္နဲ႔ ေစ့စပ္ ေဆြးေႏြးညႇိႏႈိင္းတဲ့ ဟာကို ေမွ်ာ္လင့္ေနပါတယ္ အန္တီလို႔ေျပာလိုက္တဲ့အခ်ိန္မွာ ေဒၚစုက ေတာ္ေတာ္ Shock ျဖစ္သြားတာ။ ကြၽန္မ ေျပာကို ေျပာလိုက္တယ္ ဘာလို႔လဲဆိုေတာ့ အဲဒီ( ၅၅၀ဝ)ေက်ာ္ေသေနတာ ျဖစ္တဲ့အတြက္ ဒီဟာကို ျပည္ေထာင္ စု ႀကံ့ခိုင္ေရးပါတီအေနနဲ႔ ပရက္ဆိုခြန္းလာတဲ့အခ်ိန္မွာ ဒီဟာေတြက သူတို႔ပါတီဝင္ကလည္း အဲဒီတုန္းက ေတာ္ ေတာ္ သတ္ခံေနရတယ္ဆိုတဲ့ဟာကို သူတို႔အေနနဲ႔ Document အေထာက္အထားေတြနဲ႔ကို တင္ျပလိုက္ပါတယ္ ဆိုတဲ့ဟာမ်ိဳးကိုလည္း ကြၽန္မ သူ႔ကိုေျပာခဲ့လိုက္တယ္။ အဲဒီေတာ့ အဲဒီအခ်ိန္မွာ (၅၅၀ဝ)ေသ သြားၿပီလို႔ေျပာတဲ့ အခ်ိန္မွာ သူ႔မ်က္ႏွာက ေတာ္ေတာ္လည္း Shock ျဖစ္တယ္။ ေတာ္ေတာ္လည္း စိတ္မေကာင္းျဖစ္သြားတယ္။ ဒါေပမဲ့ သူ ကြၽန္မကို ဘာမွထပ္ၿပီးေတာ့မေမးေတာ့ဘူး ဒါနဲ႔ပတ္သက္ၿပီးေတာ့။
ေမး - အဲဒီေတာ့ အစ္မအဲဒီလိုေတြ႕တဲ့အခ်ိန္မွာ ေဒၚ ေအာင္ဆန္းစုၾကည္နဲ႔ ပါတီရွင္သန္ေရးကိစၥနဲ႔ပတ္ သက္ၿပီး ကြၽန္ေတာ္တို႔အခုခ်ိန္အထိ အစ္မ အင္တာဗ်ဴးအႀကိမ္ႀကိမ္ေျဖခဲ့တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ (၄၊ ၅၊ ၆) ႀကိမ္ တစ္ျခားလူနဲ႔ ေျဖထားတာေတြ လည္းေတြ႕တယ္။ ဆိုေတာ့ အစ္မမေျပာဘဲနဲ႔ ထိန္းသိမ္းထားရမယ္ လို႔ယူဆရမယ့္ထိန္းသိမ္းထားရမယ့္အခ်က္ေတြရွိႏိုင္ေသးလား။
ေျဖ - မရွိေတာ့ပါဘူး။ ကြၽန္မအမ်ားႀကီးလည္း မေျပာခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ခုနက အေရးႀကီး တဲ့ကိစၥေတြေပါ့ေနာ္။ အဓိကကေတာ့ ပါတီကိစၥေတြပဲ အမ်ားႀကီးေျပာတာေပါ့ေနာ္။ အန္တီက ခုနက မွာခဲ့တာ ဟာ ေလးေတြကို ျပည္သူသိေအာင္ကို ကြၽန္မအေစာႀကီးကတည္းကေျပာျပတယ္။ ဒါေပမဲ့ လူေတြကလည္း မယုံၾကဘူး။ ကြၽန္မကိုဆဲၾကတာေတြ၊ ကန႔္ကြက္ၾက တာေတြ၊ ေထာက္ခံၾကတာေတြ ဒါမ်ိဳးေတြလည္းရွိတယ္။ ဒါေပမဲ့ ဒါေတြက ကြၽန္မအတြက္ ဘာမွျပႆနာမရွိဘူး။ ဒါေပမဲ့ ျပည္သူေတြကို ကြၽန္မက ဒီေန႔ဒီအခ်ိန္ခါမွာ ေတာ့ သတင္းမွန္ကိုလည္း သိေစခ်င္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စိတ္ဓာတ္ အမွန္၊ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ခံယူခ်က္ကိုလည္း သိေစခ်င္တယ္။ ကြၽန္မတို႔ပါတီရဲ႕ခံယူခ်က္ကိုလည္း သိေစခ်င္လို႔ ကြၽန္မ ဒီေန႔ ကိုေက်ာ္မ်ိဳး မင္းကို ေတာ္ေတာ္မ်ားမ်ား ေျပာခဲ့တာျဖစ္တယ္။
ေမး - အဲဒီေတာ့ ဒီတရား႐ုံးစာထဲက စာမ်က္ႏွာ(၅)အရဆိုရင္ ခုနက ဒီ PDF ကိစၥေတြပါလာသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ခုနက ကြၽန္ေတာ္ ေမးတဲ့ေမးခြန္းေတြနဲ႔ခ်ိတ္ဆက္သလိုေပါ့ေနာ္။ ႏိုင္ငံေတာ္ မတည္မၿငိမ္ျဖစ္ေအာင္ျပဳလုပ္မယ္လို႔မယုံၾကည္ ပါလို႔ သူေျဖတယ္။ ႏိုင္ငံေတာ္ၿငိမ္ဝပ္ေရးကိုထိခိုက္ေစမယ့္ ျပစ္မႈကို တစ္စုံတစ္ေယာက္ကက်ဴးလြန္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ သက္ေသခံအေၾကာင္းၾကားစာ ထုတ္ျပန္ျခင္း က အတုအစစ္မသိရဆိုတဲ့ဟာမ်ိဳးေတြ၊ အဲဒါေၾကာင့္ သူမွတ္ခ်က္မေပးဘူးဆိုတဲ့ဟာမ်ိဳးေတြ၊ ေနာက္ သက္ေသခံ (က) ဆိုတဲ့ ဦးဝင္းထိန္ဆိုတဲ့ဟာေတြ။ အဲဒါတာေတြနဲ႔ပတ္သက္တဲ့ဟာေတြကိုလည္း သူက ေတာ္ေတာ္ေလး ဒါ ေတြအကုန္လုံးကို ေနာက္ ဆုံးအပိတ္မွာေပါ့ေနာ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ဥကၠ႒၊ ဒုဥကၠ႒နဲ႔ အဖြဲ႕ဝင္မ်ားအားလုံးသေဘာတူညီခ်က္ျဖင့္ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ ေျပာတယ္ေပါ့ေနာ္။ ဆိုေတာ့ သူကမဟုတ္ဘူးလို႔ေျဖတယ္။ အဲဒါကို အစ္မဘယ္လို နားလည္လဲ။
ေျဖ - အဲ့ဒါက မဟုတ္ဘူးလို႔ သူေျဖခဲ့တဲ့ဟာက အမွန္ပဲ။ ကြၽန္မ ဘာကိုေျပာခ်င္တာလဲဆိုေတာ့ အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ခုနကလိုမ်ိဳးေပါ့ေနာ္၊ ေၾကညာစာတမ္းေတြထုတ္ရမယ္။ ဒီေၾကညာစာတမ္းက တစ္ႏိုင္ငံလုံးမွာရွိတဲ့ျပည္သူေတြသိေအာင္ ထုတ္ရတာေလ။ ေနာက္အေရးႀကီးတယ္။ ဘာေၾကညာစာတမ္းပဲ ျဖစ္ျဖစ္ တစ္ႏိုင္ငံလုံးကျပည္သူေတြ သိေအာင္ထုတ္ရတာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီေၾကညာခ်က္ေတြက သိပ္အေရးႀကီးတယ္။ ဒါေၾကာင့္မိုလို႔ ေၾကညာခ်က္တစ္ေစာင္ထုတ္ေတာ့မယ္ဆိုရင္ ကြၽန္မတို႔ရဲ႕ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕ ဥကၠ႒တို႔၊ ဒုဥကၠ႒ တို႔၊ အဖြဲ႕ဝင္ေတြအားလုံးရဲ႕ ဆုံးျဖတ္ခ်က္ေတြပါရမယ္။ ေၾကညာခ်က္မွာ ေအာက္မွာတာဝန္ခံတဲ့လူက လက္ မွတ္ထိုးေပးရတယ္။ ဒါမွသာလွ်င္ ေၾကညာခ်က္အစစ္ျဖစ္တယ္။ အဲဒီေတာ့ အခုလိုမ်ိဳးထုတ္ေနတဲ့ဟာေတြက ဒီလူေတြအားလုံး အခုသူေျပာတဲ့ ဥကၠ႒ေတြ၊ ဒုဥကၠ႒ေတြနဲ႔ အဖြဲ႕ဝင္ေတြ အား လုံးက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ကာလေတြျဖစ္ေနတာေၾကာင့္ ဒီေၾက ညာခ်က္ေတြထုတ္ခဲ့တယ္ဆိုတာက ဒီပါတီရဲ႕ တူညီခ်က္အရ ထုတ္တာမဟုတ္ဘူးဆိုတဲ့ဟာမ်ိဳးကို သူဆိုလိုတာပဲျဖစ္ပါတယ္။
ေမး - ဒါဆိုရင္ေတာ့ ဒီလက္ရွိျဖစ္ေနတဲ့အၾကမ္းဖက္မႈေတြ၊ NUG -CRPH ရဲ႕ အၾကမ္းဖက္တိုက္ခိုက္ သတ္ျဖတ္မႈေတြ၊ ႏိုင္ငံေတာ္ပုန္ကုန္မႈေတြ၊ ဖ်က္ဆီးလို ဖ်က္ဆီးရာမႈေတြက NLD ရဲ႕ CEO ဥကၠ႒ေတြ၊ အတြင္း ေရးမႉးေတြ၊ CEC ေတြ သူတို႔အားလုံးရဲ႕သေဘာတူညီခ်က္နဲ႔မဟုတ္ဘူး။ လူတစ္စုရဲ႕လုပ္ေဆာင္ခ်က္လို႔ေျပာရင္ ရလား။
ေျဖ - မွန္ပါတယ္။ လူတစ္စုက သူ႔ရဲ႕စိတ္ခံစားခ်က္အရ သူတို႔လုပ္ေဆာင္ခ်က္ေတြျဖစ္တယ္။ ဒါသည္ ပါတီနဲ႔ မသက္ဆိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ပါတီမွာသတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းကို ေဘာင္ေတြကို ေက်ာ္လြန္ၿပီး လုပ္ေဆာင္လိုက္တယ္ဆိုရင္ ဒါသူတို႔ ရဲ႕စည္းမ်ဥ္းစည္းကမ္း ခ်ိဳးေဖာက္တာပဲျဖစ္တယ္။ ပါတီက လုပ္ခိုင္းတာမဟုတ္ဘူး။ ခုနကလိုမ်ိဳး ပါတီက လုပ္ခိုင္းတယ္ဆိုရင္ ဥကၠ႒၊ ဒုဥကၠ႒တို႔ CEC ေတြ အားလုံးဟာ ေၾကညာခ်က္မွာလက္မွတ္ထိုးၿပီးေတာ့ သူတို႔ကိုခိုင္းေစရမွာျဖစ္တယ္။ ဒါေတြအားလုံးကို လုပ္ထားတာ မဟုတ္ တဲ့အတြက္ လူတစ္စုရဲ႕ စိတ္ခံ စားခ်က္အရလုပ္တာျဖစ္တယ္။ ပါတီနဲ႔လုံးဝ မသက္ဆိုင္ပါဘူးလို႔ ကြၽန္မ ေျပာ ခ်င္ပါတယ္။
ေမး - အစ္မမွတ္မိအုံးမလားေတာ့မသိဘူး။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ေလာက္က ဒီေကာင္နဲ႔ပုံစံတူ အလား တူ သတင္းေတြထြက္ခဲ့တယ္ေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ က ပန္ၾကားလႊာဆိုတဲ့ဟာမ်ိဳးေလ။ ဒီ CWC ဖြဲ႕တာ သူ မႀကိဳက္ဘူးဆိုတဲ့ပုံစံမ်ိဳးေတြနဲ႔ အျပင္ကေနၿပီးေတာ့ အဲဒီလို အၾကမ္းဖက္လႈံ႕ေဆာ္တာေတြမလုပ္ဖို႔ ဆိုတဲ့ပုံစံမ်ိဳး ေတြနဲ႔သေဘာမ်ိဳး ဆက္စပ္တာမ်ိဳးေတြ ေပါ့။ ပန္ၾကားလႊာဆိုၿပီးထုတ္ခဲ့တာမ်ိဳးရွိတယ္။ အဲဒါ ကို အဲဒီလို ထြက္ ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္က ဒါဆို ရင္ေတာ့ ေကာင္းတယ္လို႔ေျပာေပမယ့္ အဲဒီအခ်ိန္မွာ ပဲ ျပည္ပေရာက္သြားတဲ့ ဦးေအာင္ၾကည္ၫြန႔္တို႔အပါ အဝင္ ေနဘုန္းလတ္တို႔အပါအဝင္ သူတို႔အဖြဲ႕ေတြက ဒါႀကီးကအတုႀကီးပါဆိုၿပီး ေတာ့ တစ္ခါတည္း အဲဒီစာ ကို သင္းသတ္ပစ္လိုက္တာေတြ႕ရတယ္။ ဆိုေတာ့ အဲဒီဟာက ဘာကို သူတို႔ရည္ၫႊန္း လိုက္တယ္လို႔ ေျပာလို႔ရလဲ။ စာကိုအတုလို႔ေျပာတာလား ေဒၚေအာင္ဆန္းစုၾကည္ကိုအတုလို႔ေျပာခ်င္တာလား ဒါမွမဟုတ္ သူတို႔ရည္႐ြယ္ခ်က္ကိုသြားခ်င္လို႔ကို လူေတြကို မႈိင္းတိုက္လိုက္တယ္လို႔ ထင္လား။ ဘယ္လိုေျပာခ်င္ လဲ။
ေျဖ - ကြၽန္မေနာက္ဆုံးအေျဖေပါ့ေနာ္။ သူတို႔ရည္႐ြယ္ခ်က္ကို သူတို႔က ပါတီရဲ႕စည္းမ်ဥ္းစည္းကမ္းေတြ ကိုေက်ာ္လြန္သြားၿပီ။ မူဝါဒေတြကိုလည္းေက်ာ္ လြန္သြားၿပီ။ ေဘာင္ကိုလည္းေက်ာ္သြားၿပီ။ ေနာက္ၿပီးေတာ့ ဥကၠ႒ေတြရဲ႕ CEC ေတြရဲ႕ သေဘာတူညီခ်က္ အရလည္း လုပ္တာမဟုတ္ဘူး။ ဆိုေတာ့ အရာရာ အားလုံးကို ေက်ာ္လြန္သြားၿပီ။ အဲဒီေတာ့ သူတို႔ရဲ႕ သြားေနတဲ့ကိစၥေတြအားလုံးကို လူထုယုံၾကည္ေအာင္ဆိုရင္ ဒီလို Fake News ဆိုၿပီးေတာ့ပဲ သူတို႔ျပန္လုပ္ တယ္ ဒီဟာႀကီးကို။ ဒါေပမဲ့ သူတို႔ကိုယ္တိုင္သိပါတယ္။ သူတို႔က်ဴးလြန္တာ သူတို႔ေပါ့ေနာ္။ သူတို႔လုပ္ရပ္ သည္ ေဒၚေအာင္ဆန္းစုၾကည္တို႔၊ ဦးဝင္းျမင့္တို႔ မေထာက္ခံဘူး။ ၿပီးေတာ့ သူတို႔လုပ္ရပ္သည္ အမ်ား ႀကီးေဘာင္ေက်ာ္သြားၿပီဆိုတာ လုပ္တဲ့လူေတြကိုယ္တိုင္အားလုံးသိပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း သူတို႔ က ဒီလိုကာလမွာ အဲဒါထြက္တာနည္းနည္းေစာတယ္ ဆိုေတာ့ ဒီလိုကာလမွာ ေတာ္ လွန္ေရးေအာင္ျမင္ဦးမလားဆိုၿပီးေတာ့ လူထုကို ဆက္ၿပီးေတာ့ မႈိင္းတိုက္ရတာေပါ့ေနာ္။
ေမး - အဲဒါဆိုရင္ သူတို႔ေျပာပုံအရဆိုရင္ သူတို႔ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ၫႊန္ၾကားခ်က္ဆို ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေျပာတဲ့ဟာကိုေတာင္ သူတို႔က ရွင္းရွင္းေျပာရင္ေတာ့ ကလန္ကဆန္လုပ္ခ်င္ တာ။ ေဒၚေအာင္ဆန္းစုၾကည္ဟာကိုေတာင္ သူတို႔က လုံးဝ လူေတြၾကားထဲမွာ ေပးမသိခ်င္ေလာက္ေအာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ပုန္ကန္ခ်င္တဲ့သေဘာမ်ိဳးေတာင္ သက္ေရာက္သြားလား။ အဲဒီလိုသက္ေရာက္သြားၿပီ လို႔ေျပာလို႔ရႏိုင္လား။
ေျဖ - အဲဒါေတာ့ မသိဘူးေပါ့ေနာ္။ ဒါေပမဲ့လည္း သူတို႔က တကယ္သာသတၱိရွိတယ္ဆိုရင္ ျပည္တြင္း ထဲမွာပဲေနေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ျပန္ထြက္လာမွာပဲ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပန္ရင္ဆိုင္လိုက္ေပါ့။ ျပန္ရင္ဆိုင္လိုက္ဆိုတာ တစ္ေန႔တစ္ခ်ိန္မွာ ျပည္တြင္းထဲမွာရွိေနရင္ ကြၽန္မ အခု အမွား ေတြေျပာတယ္ဆိုရင္လည္း တစ္ေန႔ ေဒၚ ေအာင္ဆန္းစုၾကည္ဆိုတာက အသက္ရွင္လ်က္နဲ႔ပဲ သူ႔အိမ္ကိုသူျပန္ ေရာက္ဦးမွာပဲေလ။ ဒီကာလမွာ ကြၽန္ မအမွားေျပာရင္ ဟုတ္လား သူနဲ႔ကြၽန္မ မ်က္ႏွာခ်င္း ဘယ္လိုဆိုင္မလဲ။ အဲဒီေတာ့ သူတို႔ ဒီလိုအမွားေတြ လုပ္တဲ့သူေတြက သတၱိရွိရင္ ျပည္တြင္းမွာပဲေနၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္ပါလို႔ ကြၽန္မကေျပာခ်င္ပါတယ္။
ေမး - ေနာက္တစ္ခုက ဒီဟာက ႏိုင္ငံတကာ သံတမန္အသိုင္းအဝိုင္းေတြမွာေရာ၊ ႏိုင္ငံတကာအသိုင္းအ ဝိုင္းနဲ႔တခ်ိဳ႕ ႏိုင္ငံေတြမွာေရာ ဒီစာကပ်ံ႕ႏွံ႔ေနေလာက္ၿပီလို႔ ေကာက္ခ်က္ခ်လို႔ရလား၊ ေျပာလို႔ရလား။
ေျဖ - ေျပာလို႔ရပါတယ္။ ေျပာလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္မတို႔ဂ်ပန္သြားတုန္းက အဲဒီစာ႐ြက္ ႀကီးကို ကြၽန္မတို႔ကိုထုတ္ျပတယ္ေလ လႊတ္ေတာ္ကိုယ္စားလွယ္က။ ဂ်ပန္လႊတ္ေတာ္အမတ္က ထုတ္ျပတယ္ ေလ။ သူက ဒါကအမွန္လားလို႔ေတာင္ ကြၽန္မတို႔ကို ေမးေတာ့ အမွန္ပဲလို႔ေျပာခဲ့တာရွိတယ္။
ေမး - ဆိုေတာ့ ႏိုင္ငံတကာသံတမန္ အသိုင္းအဝိုင္း မွာလည္းရွိေနတယ္။ ျပည္တြင္းမွာရွိတဲ့ ႏိုင္ငံေရးအ သိုင္းအဝိုင္းတခ်ိဳ႕မွာလည္းရွိတယ္။ အစ္မမွာလည္း ရွိတယ္။ ဒါေပမဲ့ ထူးျခားစြာျဖင့္ အြန္လိုင္းမွာလည္း ပ်ံ႕လာ တယ္။ ထူးျခားစြာျဖင့္ လူေတြၾကားထဲမွာ က်ယ္ က်ယ္ျပန႔္ျပန႔္ေဆြးေႏြးတာက ျဖစ္မလာဘူး။ ဘာေၾကာင့္လို႔ ထင္လဲ။
ေျဖ - ဒါကေတာ့ ေတာ္လွန္ေရးကို ေအာင္ျမင္ဦးမယ္ ထင္လို႔ေပါ့ေနာ္။ ေတာ္လွန္ေရးကို အမွားေတြနဲ႔ေအာင္ ျမင္ဦးမယ္လို႔လည္း ထင္ေကာင္းထင္ဦးမယ္လို႔ျဖစ္ပါ မယ္။
ေမး- ဒီေလာက္ခိုင္မွာတဲ့ Evidence တစ္ခုကို ခ်ျပၿပီးေတာ့ NUG-CRPHကို ေဒၚေအာင္ဆန္းစုၾကည္ က လက္မခံတဲ့သေဘာတရားကို အေထာက္ အထားႀကီးကိုခ်ျပလာတဲ့အထိ၊ ေပၚလာတဲ့အထိ၊ ျဖစ္ေပၚလာတဲ့ အထိကို မီဒီယာေတြေပါ့။ ျပည္ပမွာရွိေန တဲ့ ျပည္ေျပးမီဒီယာလို႔ပဲ ကြၽန္ေတာ္သုံးပါမယ္။ အၾကမ္းဖက္မီဒီယာ ေတြက ထူးျခားစြာျဖင့္ တစ္ေယာက္ မွမေဖာ္ျပဘူး။ မီဒီယာ (၄၀)ေက်ာ္ေလာက္ကို ေလ့လာၾကည့္တယ္၊ တစ္ ေယာက္မွမေဖာ္ျပဘူး။ ဘာ ေၾကာင့္လို႔ထင္လဲ။ သူတို႔ ရည္႐ြယ္ခ်က္က ဘယ္ကို သြားေနတယ္လို႔ထင္လဲ။
ေျဖ - လူထုကို အမွန္တရားကိုမေဖာ္ျပဘဲနဲ႔ လူထု ကိုလိမ္ခ်င္ေနတာေပါ့ေနာ္။ ဆက္ၿပီးလိမ္ခ်င္ေနတာ ေပါ့ေနာ္။ ဒီလိုမ်ိဳးေတြက အမွန္မွာဆိုရင္ ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕ပုံရိပ္ကိုလည္း က်ေအာင္လုပ္ေနတာေပါ့ ေနာ္။ အဲဒီေတာ့ အခုဆိုရင္လည္း ကြၽန္မတို႔လည္း ျမင္ေနရပါတယ္။ အြန္လိုင္းေတြေပၚမွာ ကြၽန္မတို႔ႏိုင္ငံက အခု လိုျဖစ္သြားတာ NLD ေၾကာင့္။ ေဒၚေအာင္ ဆန္းစုၾကည္ေၾကာင့္ဆိုတာမ်ိဳးေတြ။ ဒီလိုမ်ိဳး လူထုကို အမွန္တရား မေျပာဘဲလိမ္ေနရင္ ေဒၚေအာင္ဆန္းစုၾကည္ ပုံရိပ္က်ေလပဲျဖစ္တာေပါ့။ ဒီလိုမ်ိဳးေတြလည္း ျဖစ္ေစခ်င္တဲ့ ဆႏၵ ရွိတယ္နဲ႔ တူပါတယ္။
ေမး - ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္ကပဲ သတိထားမိသ ေလာက္ ဒူဝါလရွီးလတို႔၊ မန္းဝင္းခိုင္သန္းတို႔ ေနာက္ ဦးဟံသာျမင့္တို႔ သူတို႔အုပ္စုေတြက တစ္ၿပိဳင္နက္ တည္းဆိုသလို အုံနဲ႔က်င္းနဲ႔ ျပည္ေျပးမီဒီယာအမ်ားစုမွာ ေဖာ္ ျပေနတာေတြ႕ရတယ္။ ဆိုေတာ့ ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕ဒီစာကိုေတာ့ တိုက္႐ိုက္တုံ႔ျပန္တာ မဟုတ္ေပမယ့္ သြယ္ဝိုက္ၿပီးတုံ႔ျပန္တဲ့သေဘာနဲ႔ ေဒၚ ေအာင္ဆန္းစုၾကည္က လက္ရွိ လူထုရဲ႕ သြားေနတဲ့ လႈပ္ရွားမႈကို ကန႔္ကြက္ လိမ့္မယ္မထင္ဘူး ဒါမ်ိဳးေျပာ တယ္။ စကားလုံးကို ေဝ့လည္ေၾကာင္ပတ္ေျပာသြားတာ ေတြ႕ရတယ္။ ကန႔္ကြက္ လိမ့္မယ္ မဟုတ္ဘူးဆို တာ ေထာက္ခံလိမ့္မယ္လို႔ေျပာတာလည္းမဟုတ္ဘူး။ ဒါေပမဲ့ မေထာက္ခံဘူးလို႔ ေျပာ တာလည္း မဟုတ္ဘူး။ ဆိုေတာ့ စကားလုံးကိုလွည့္ပတ္ၿပီး အဲဒီအုပ္စုက ေျပာေနတာေတြ႕ရတယ္။ သူတို႔ကို ေကာ အစ္မ ဘာမ်ားေျပာျပခ်င္လဲ။ ျပည္တြင္းမွာလည္း သူတို႔ေၾကာင့္ အစ္မေနရထိုင္ရ က်ပ္တာကိုး။
ေျဖ - မွန္ပါတယ္။ ကြၽန္မ သူတို႔ကိုေတာ့ ဘာမွမေျပာခ်င္ပါဘူး။ ေျပာခ်င္တာက ခုနကလိုမ်ိဳး ကန႔္ ကြက္လိမ့္မွာမဟုတ္ဘူးဆိုရင္ ဟုတ္ပါတယ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီလိုမ်ိဳးလူတစ္ေယာက္လုပ္တဲ့ကိစၥ ကိုေတာ့ ဘယ္ကန႔္ကြက္မလဲ။ တစ္တိုင္းျပည္လုံး လုပ္တဲ့ကိစၥကိုေတာ့ ဘယ္ကန႔္ကြက္မလဲ။ ဒါေပမဲ့ ဒီလိုမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ သတ္ၾကျဖတ္ၾက ဆိုတဲ့ကိစၥမ်ိဳးေတြကိုေတာ့ သူႀကိဳက္မွာမွမဟုတ္တာ။ သူရဲ႕ လမ္းစဥ္က ၿငိမ္းခ်မ္းစြာ ေစ့စပ္ညႇိႏႈိင္းေဆြးေႏြး ေရးလမ္းစဥ္ပဲျဖစ္တဲ့အတြက္ ဒီေလာက္အေျခအေန ႀကီးဆိုး သြားေအာင္လုပ္ေနတာကိုေတာ့ ဘယ္လက္ခံႏိုင္မလဲ။
ေမး - အဲဒါဆိုရင္ ဦးေအာင္ၾကည္ၫြန႔္တို႔ မန္းဝင္း ခိုင္သန္းတို႔ ဒူဝါလရွီးလတို႔ ေနဘုန္းလတ္တို႔ ဦးဟံ သာျမင့္တို႔ ေတာက္ေလွ်ာက္အစဥ္တဆက္ေျပာေန တာမ်ိဳးဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္က သူတို႔ရဲ႕ လုပ္ႀကံ သတ္ျဖတ္မူေတြကို ကန႔္ကြက္လိမ့္မယ္ မထင္ဘူး သို႔မဟုတ္ ျပည္သူလူထုရဲ႕ဆႏၵကို ကန႔္ကြက္ လိမ့္မယ္ မထင္ ဘူးေျပာျခင္းအားျဖင့္ ေဒၚေအာင္ဆန္း စုၾကည္ကို တစ္နည္းအားျဖင့္ အၾကမ္းဖက္သမားလို႔ တြန္းပို႔သလို ေရာက္ မေနဘူးလား။
ေျဖ - အဲဒီလိုပုံစံျဖစ္သြားတာေပါ့ေနာ္။ အဲဒီလိုပုံစံကို တျဖည္းျဖည္းနဲ႔ေရာက္လာၿပီးေတာ့ ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕ဂုဏ္သိကၡာေတြကို ေမွးမွိန္ေအာင္လုပ္တာ မ်ိဳးလို႔ျမင္တယ္။
ေမး - တစ္နည္းအားျဖင့္ေတာ့ ကြၽန္ေတာ့္အျမင္ေျပာ ရရင္ ေဒၚေအာင္ဆန္းစုၾကည္က အၾကမ္းဖက္ ေခါင္းေဆာင္ႀကီးဆိုတာမ်ိဳးကို ေဒၚေအာင္ဆန္းစုၾကည္ ေျပာတာ မေျပာတာခဏထား။ ေဒၚေအာင္ဆန္းစုၾကည္ က အၾကမ္းဖက္သမားေခါင္းေဆာင္ႀကီးလို႔ တြန္းပို႔လိုက္တာမ်ိဳးေတာ့ သူတို႔လုပ္ေနတာက ေဒၚ ေအာင္ဆန္းစု ၾကည္ကို သူတို႔ကိုယ္တိုင္ဆြဲခ်သလိုျဖစ္ ေနတာေပါ့။
ေျဖ - မွန္တာေပါ့ေလ။ ဒီလိုအေျခအေနကိုေတာင္ မေရာက္ေရာက္ေအာင္တြန္းပို႔ေနသလိုျဖစ္တာေပါ့။
ေမး - ဒီစာရယ္ အခုရက္ပိုင္းမွာ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ Video File ထြက္လာတာရယ္ ေနာက္ အ ခ်ိန္ကိုက္ဆိုသလို ဟိုဘက္အုပ္စုေတြက ျပည္ေျပး အုပ္စုေတြကေျပာေနတာကိုခ်ိတ္ဆက္ၿပီးေတာ့ အစ္မအေနနဲ႔ လူထုကို ဘာမ်ား မက္ေဆ့ေပးခ်င္တာရွိလဲ။ ဘာအမွန္တိုင္းေျပာျပခ်င္တာရွိလဲ။ PDF ညီငယ္၊ ညီမငယ္ေတြကို။
ေျဖ - မွန္ပါတယ္။ ညီငယ္၊ ညီမငယ္ေတြကိုလည္း အဓိကေျပာခ်င္တာက ဒီလိုမ်ိဳး ေဒၚေအာင္ဆန္းစု ၾကည္ေျပာတာက မည္သို႔ေသာအခက္အခဲပဲျဖစ္ပါေစ ေစ့စပ္ေဆြးေႏြးညႇိႏႈိင္းေရးလမ္းစဥ္နဲ႔ပဲသြားပါမယ္ဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လမ္းစဥ္ပဲျဖစ္တယ္။ အဲဒီေတာ့ အခုလိုမ်ိဳးတစ္ႏိုင္ငံလုံးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သတ္ျဖတ္ေနၾကတာေတြ ဘယ္ဘက္ကေနပဲ လုပ္လုပ္ ေသဆုံးေနၾကတာေတြ ထိခိုက္နစ္နာတဲ့ဟာေတြအားလုံး ကို ကြၽန္မတို႔ ရပ္တန္းကရပ္ေစခ်င္တယ္။ အားလုံးကိုလည္း ရပ္တန္းကရပ္ေစခ်င္တယ္။ တကယ္လို႔သာ ေဒၚ ေအာင္ဆန္းစုၾကည္ကို ခ်စ္ တယ္ဆိုရင္ သူရဲ႕လမ္းစဥ္အတိုင္းပဲလိုက္ၾကပါလို႔ ဒီကေနပဲ ေမတၱာရပ္ခံပါတယ္။
ေက်းဇူးတင္ပါတယ္ဗ်ာ ။