ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို့ အချိန်မတန်သေးဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 130

Pika (NP News) - စက်တင်ဘာ ၂ဝ
ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို့ အချိန်မတန်သေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးဖို့ အချိန်ရောက်ပြီလားလို့မေးခဲ့တဲ့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုပြန်လည် တုံ့ပြန်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အချိန်မတန်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ အဲ့ဒါကို ကျွန်တော်လုပ်ဆောင်သွားမှာပါ။ အဲဒီအချိန်ကြရင်တော့ အရာအားလုံးက ကြမ်းတမ်းနေပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးကို ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ဖို့က ထင်ထားတာထက်ပိုပြီးခက်ခဲတယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း ဝန်ခံပြောဆိုခဲ့ဖူး တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို တကယ်ကို စိတ်ပျက်မိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒီစစ်ပွဲဟာ ဒေါ်နယ်ထရမ့်ရဲ့ စစ်ပွဲ မဟုတ်ပါဘူး။ ဒါက အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်နဲ့ ဇီလန်စကီးတို့ရဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို ပြစ်တင်ဝေဖန်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွား-ယူကရိန္း အပစ္အခတ္ရပ္စဲေရးအတြက္ ေတာင္းဆိုဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၂ဝ
႐ုရွားနဲ႔ ယူကရိန္းၾကား အပစ္အခတ္ရပ္စဲေရးအတြက္ ေတာင္းဆိုဖို႔ အခ်ိန္မတန္ေသးဘူးလို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကား အပစ္အခတ္ရပ္စဲေရးအတြက္ ဖိအားေပးဖို႔ အခ်ိန္ေရာက္ၿပီလားလို႔ေမးခဲ့တဲ့ သတင္းေထာက္တစ္ဦးရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုျပန္လည္ တုံ႔ျပန္ေျဖၾကားခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အခ်ိန္မတန္ေသးဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ အခ်ိန္တန္ရင္ေတာ့ အဲ့ဒါကို ကြၽန္ေတာ္လုပ္ေဆာင္သြားမွာပါ။ အဲဒီအခ်ိန္ၾကရင္ေတာ့ အရာအားလုံးက ၾကမ္းတမ္းေနပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ႏိုင္ငံစလုံးကို ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့တဲ့ ေဒၚနယ္ထရမ့္က ႐ုရွား-ယူကရိန္း ပဋိပကၡကို အဆုံးသတ္ဖို႔က ထင္ထားတာထက္ပိုၿပီးခက္ခဲတယ္လို႔ ၿပီးခဲ့တဲ့လေတြအတြင္း ဝန္ခံေျပာဆိုခဲ့ဖူး တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ကို တကယ္ကို စိတ္ပ်က္မိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဒီစစ္ပြဲဟာ ေဒၚနယ္ထရမ့္ရဲ႕ စစ္ပြဲ မဟုတ္ပါဘူး။ ဒါက အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္နဲ႔ ဇီလန္စကီးတို႔ရဲ႕ စစ္ပြဲပဲ ျဖစ္ပါတယ္” လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ဂ်ိဳးဘိုင္ဒန္ကို ျပစ္တင္ေဝဖန္မႈေတြ အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.