သိန္နီမြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ သိသိသာသာ ပြန်လည်ဝင်ရောက်

 4698

သန့်ဇင်(NP News)-စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ သိသိသာသာ ပြန် လည်ဝင် ရောက်နေ ပြီဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
MNDAA လက်နက်ကိုင်အဖွဲ့သည် သိန္နီမြို့ကို တစ်နှစ်ခွဲကျော်ထိန်းချုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ဒုတိယပတ်မှစတင်ကာ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပြင် အခြားသော ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည် ဝင်ရောက်လာခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က ဝင်တာတော့ကြာပါပြီ။ ပြီးခဲ့တဲ့ လတည်းက နည်းနည်းဝင်နေကြတယ်။ ကျန်းမာရေး ရယ်၊ ပညာရေး ရယ်နဲ့ ဘက်စုံကတော့ဝင်နေကြ တယ်။ အရေးကြီးတဲ့အပိုင်းတွေအရင်ဝင်နေကြ တယ်။ အခုဆိုတော်တော်များတယ်။ တချို့ပြောတာက အရင်ကလားရှိုးမှာ ကိုးကန့်တွေရှိတုန်းကဘာသိ ဘာသာပြန်နေတဲ့လူတွေလည်းရှိရင် လည်းရှိမှာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သိန္နီမြို့မှ MNDAA တို့ ပြန်လည် ဆုတ်ခွာရန်ကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကိုယ်စား လှယ်အဖွဲ့နှင့် MNDAA တို့ ပြီခဲ့သည့် ဩဂုတ်လ (၁၄)ရက်ကလည်း လားရှုံးမြို့ရှိ ဆင်နှစ်ကောင် ဟိုတယ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ (၁၆)ရက်ကလည်း အဆိုပါဟိုတယ် တွင်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲရလဒ် များမထွက် ပေါ်ခဲ့သော်လည်း တပ်မတော်အနေဖြင့် သိန္နီမြို့နှင့်ပတ်သက်ကာ ရလဒ်ကောင်းများထွက် ပေါ်ခဲ့ဟန်ရှိကြောင်း ၎င်းက ဆိုသည်။
‘ဘယ်လိုရလဒ်ထွက်တယ်ဆိုတာတော့ ထဲထဲဝင်ဝင်မသိဘူး။ သိန္နီမှာတော့ အစိုးရဝန်ထမ်းတွေ ဝင်ထားပြီး သားလေ။ လားရှိုးမရတုန်းကတောင် ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ အထိုက်အလျောက် တော့ဝင်ထားပြီးသား ပေါ့နော်။ ကျွန်တော့်အထင်ကတော့ လူကြီးချင်းလုပ်တဲ့ကိစ္စဆိုတော့ ဆုတ်ဆိုရင် ဆုတ်ပေးရမှာပေါ့လေ။ ဒါကလူကြီး ချင်းလုပ်တဲ့ ကိစ္စဆိုတော့ သူတို့ကပိုသိမှာပေါ့။ ကြားမိထားသ လောက်ဆိုရင် ကွမ်းလုံဘက်မှာတောင် ဌာနဆိုင်ရာ တွေဝင်တာတော့ရှိတယ်။ ကျွန်တော်တို့အများစု သိထားတာကတော့ ကြိုကြားကြိုကြားဝင်တာတော့ ရှိတယ်’ဟု ၎င်းကဆိုသည်။
လာမည့် ပါတီစုံအထွေထွေရွေးကောက် ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို ပြည် ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)က စက်တင်ဘာလ (၁၄)ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းကဲ့သို့ မပြုလုပ်မည့် မြို့နယ်များ အတွင်း သိန္နီမြို့နယ်လည်း ပါဝင်ခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် လက်ရှိအခြေအနေနှင့် ရွေးကောက်ပွဲမကျင်းပမည့် မဲဆန္ဒနယ်စာရင်းအတွင်း သိန္နီမြို့ပါဝင်လာခြင်း သည် ထူးခြားမှုတစ်ခုဖြစ် ကြောင်း အခြားသောဒေသခံတစ်ဦးက ဆိုသည်။
“သိန္နီအနေအထားကတော့ သွားလာမှု တွေရှိတယ်။ ဌာနဆိုင်ရာတချို့ကတော့ သူ့နည်းသူဟန်နဲ့ဝင်ရောက်ကြ တယ်ပေါ့။ ဒါပေမဲ့ ရွေးကောက် ပွဲကျင်းပမယ့်နေရာမှာ မပါတဲ့အတွက်တော့ ထူးခြား မှုတစ်ခုပေါ့။ ဘယ်လိုပုံစံနဲ့သွား မလဲဆိုတောတော့ စောင့်ကြည့်ရမယ့်အရာ တစ်ခုပေါ့လေ။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့သွားမလဲဆိုတာတော့ ပြောရခက် သေး တယ်ပေါ့”ဟု ၎င်းကပြောသည်။

Zawgyi Version:
သိႏၷီၿမိဳ႕သို႔ အစိုးရဌာနဆိုင္ရာဝန္ထမ္းမ်ား သိသိသာသာ ျပန္လည္ဝင္ေရာက္
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕သို႔ အစိုးရဌာနဆိုင္ရာဝန္ထမ္းမ်ား သိသိသာသာ ျပန္ လည္ဝင္ ေရာက္ေန ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
MNDAA လက္နက္ကိုင္အဖြဲ႕သည္ သိႏၷီၿမိဳ႕ကို တစ္ႏွစ္ခြဲေက်ာ္ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ စက္တင္ဘာလ ဒုတိယပတ္မွစတင္ကာ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအျပင္ အျခားေသာ ဌာနဆိုင္ရာဝန္ထမ္းမ်ား ျပန္လည္ ဝင္ေရာက္လာခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။
“သူတို႔က ဝင္တာေတာ့ၾကာပါၿပီ။ ၿပီးခဲ့တဲ့ လတည္းက နည္းနည္းဝင္ေနၾကတယ္။ က်န္းမာေရး ရယ္၊ ပညာေရး ရယ္နဲ႔ ဘက္စုံကေတာ့ဝင္ေနၾက တယ္။ အေရးႀကီးတဲ့အပိုင္းေတြအရင္ဝင္ေနၾက တယ္။ အခုဆိုေတာ္ေတာ္မ်ားတယ္။ တခ်ိဳ႕ေျပာတာက အရင္ကလားရႈိးမွာ ကိုးကန႔္ေတြရွိတုန္းကဘာသိ ဘာသာျပန္ေနတဲ့လူေတြလည္းရွိရင္ လည္းရွိမွာေပါ့” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
သိႏၷီၿမိဳ႕မွ MNDAA တို႔ ျပန္လည္ ဆုတ္ခြာရန္ကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္ကိုယ္စား လွယ္အဖြဲ႕ႏွင့္ MNDAA တို႔ ၿပီခဲ့သည့္ ဩဂုတ္လ (၁၄)ရက္ကလည္း လားရႈံးၿမိဳ႕ရွိ ဆင္ႏွစ္ေကာင္ ဟိုတယ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ စက္တင္ဘာ (၁၆)ရက္ကလည္း အဆိုပါဟိုတယ္ တြင္ထပ္မံေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ေဆြးေႏြးပြဲရလဒ္ မ်ားမထြက္ ေပၚခဲ့ေသာ္လည္း တပ္မေတာ္အေနျဖင့္ သိႏၷီၿမိဳ႕ႏွင့္ပတ္သက္ကာ ရလဒ္ေကာင္းမ်ားထြက္ ေပၚခဲ့ဟန္ရွိေၾကာင္း ၎က ဆိုသည္။
‘ဘယ္လိုရလဒ္ထြက္တယ္ဆိုတာေတာ့ ထဲထဲဝင္ဝင္မသိဘူး။ သိႏၷီမွာေတာ့ အစိုးရဝန္ထမ္းေတြ ဝင္ထားၿပီး သားေလ။ လားရႈိးမရတုန္းကေတာင္ ဌာနဆိုင္ရာဝန္ထမ္းေတြကေတာ့ အထိုက္အေလ်ာက္ ေတာ့ဝင္ထားၿပီးသား ေပါ့ေနာ္။ ကြၽန္ေတာ့္အထင္ကေတာ့ လူႀကီးခ်င္းလုပ္တဲ့ကိစၥဆိုေတာ့ ဆုတ္ဆိုရင္ ဆုတ္ေပးရမွာေပါ့ေလ။ ဒါကလူႀကီး ခ်င္းလုပ္တဲ့ ကိစၥဆိုေတာ့ သူတို႔ကပိုသိမွာေပါ့။ ၾကားမိထားသ ေလာက္ဆိုရင္ ကြမ္းလုံဘက္မွာေတာင္ ဌာနဆိုင္ရာ ေတြဝင္တာေတာ့ရွိတယ္။ ကြၽန္ေတာ္တို႔အမ်ားစု သိထားတာကေတာ့ ႀကိဳၾကားႀကိဳၾကားဝင္တာေတာ့ ရွိတယ္’ဟု ၎ကဆိုသည္။
လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ ပြဲမ်ား က်င္းပျခင္းမျပဳမည့္ မဲဆႏၵနယ္စာရင္းကို ျပည္ ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ (UEC)က စက္တင္ဘာလ (၁၄)ရက္ ညပိုင္းတြင္ ထုတ္ျပန္ ေၾကညာခဲ့ၿပီး ယင္းကဲ့သို႔ မျပဳလုပ္မည့္ ၿမိဳ႕နယ္မ်ား အတြင္း သိႏၷီၿမိဳ႕နယ္လည္း ပါဝင္ခဲ့ေၾကာင္း သိရ သည္။
ထို႔ေၾကာင့္ လက္ရွိအေျခအေနႏွင့္ ေ႐ြးေကာက္ပြဲမက်င္းပမည့္ မဲဆႏၵနယ္စာရင္းအတြင္း သိႏၷီၿမိဳ႕ပါဝင္လာျခင္း သည္ ထူးျခားမႈတစ္ခုျဖစ္ ေၾကာင္း အျခားေသာေဒသခံတစ္ဦးက ဆိုသည္။
“သိႏၷီအေနအထားကေတာ့ သြားလာမႈ ေတြရွိတယ္။ ဌာနဆိုင္ရာတခ်ိဳ႕ကေတာ့ သူ႔နည္းသူဟန္နဲ႔ဝင္ေရာက္ၾက တယ္ေပါ့။ ဒါေပမဲ့ ေ႐ြးေကာက္ ပြဲက်င္းပမယ့္ေနရာမွာ မပါတဲ့အတြက္ေတာ့ ထူးျခား မႈတစ္ခုေပါ့။ ဘယ္လိုပုံစံနဲ႔သြား မလဲဆိုေတာေတာ့ ေစာင့္ၾကည့္ရမယ့္အရာ တစ္ခုေပါ့ေလ။ ဒါေပမဲ့ ဘယ္လိုပုံစံမ်ိဳးနဲ႔သြားမလဲဆိုတာေတာ့ ေျပာရခက္ ေသး တယ္ေပါ့”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.