ရုရှားနိုင်ငံရဲ့ရန်လိုမှုတွေကနေ ပိုလန်နဲ့ဘော်လ်တစ်နိုင်ငံတွေကို ကာကွယ်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့် ကတိပြု
                        
                            
                             
 1269
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၃
ရုရှားနိုင်ငံရဲ့ ရန်လိုမှုတွေကနေ ပိုလန်နဲ့ ဘော်လ်တစ်နိုင်ငံတွေကို ကာကွယ်ပေးမှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အက်စတိုးနီးယားလေပိုင်နက်ကို ရုရှားရဲ့ ချိုးဖောက်ဝင်ရောက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 
ရုရှားရဲ့ရန်လိုမှုတွေမြင့်တက်လာခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရာမှာ ကူညီပေးသွားမှာ လားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုပြန်လည် တုံ့ပြန်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ဟုတ်ပါတယ်။ ကျွန်တော် ကာကွယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ ရုရှားရဲ့ကျူးကျော် ဝင်ရောက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ကျင်းပဖို့ အက်စတိုးနီးယားနိုင်ငံက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 
ရုရှားရဲ့ MiG-31 တိုက်လေယာဉ်သုံးစီးဟာ ၎င်းရဲ့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ အက်စတိုးနီးယား နိုင်ငံက စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်စတိုးနီးယားလေပိုင်နက်ကို ချိုးဖောက် ဝင်ရောက်တာမျိုး မဟုတ်ကြောင်းနဲ့ ပုံမှန်ပျံသန်းမှုတွေကိုသာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စင်းဟာ ပိုလန်လေပိုင်နက်ကို ဝင်ရောက်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
                     
                        
                                                                    
Zawgyi Version: 
႐ုရွားႏိုင္ငံရဲ႕ရန္လိုမႈေတြကေန ပိုလန္နဲ႔ေဘာ္လ္တစ္ႏိုင္ငံေတြကို ကာကြယ္ေပးသြားမယ္လို႔ ေဒၚနယ္ထရမ့္ ကတိျပဳ
Pika (NP News) - စက္တင္ဘာ ၂၃
႐ုရွားႏိုင္ငံရဲ႕ ရန္လိုမႈေတြကေန ပိုလန္နဲ႔ ေဘာ္လ္တစ္ႏိုင္ငံေတြကို ကာကြယ္ေပးမႈေတြလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အက္စတိုးနီးယားေလပိုင္နက္ကို ႐ုရွားရဲ႕ ခ်ိဳးေဖာက္ဝင္ေရာက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ 
႐ုရွားရဲ႕ရန္လိုမႈေတြျမင့္တက္လာခဲ့မယ္ဆိုရင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြကို ကာကြယ္ရာမွာ ကူညီေပးသြားမွာ လားဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုျပန္လည္ တုံ႔ျပန္ေျဖၾကားခဲ့တာလည္း ျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ဟုတ္ပါတယ္။ ကြၽန္ေတာ္ ကာကြယ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားရဲ႕က်ဴးေက်ာ္ ဝင္ေရာက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးကို က်င္းပဖို႔ အက္စတိုးနီးယားႏိုင္ငံက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ 
႐ုရွားရဲ႕ MiG-31 တိုက္ေလယာဥ္သုံးစီးဟာ ၎ရဲ႕ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တယ္လို႔ အက္စတိုးနီးယား ႏိုင္ငံက စြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း အက္စတိုးနီးယားေလပိုင္နက္ကို ခ်ိဳးေဖာက္ ဝင္ေရာက္တာမ်ိဳး မဟုတ္ေၾကာင္းနဲ႔ ပုံမွန္ပ်ံသန္းမႈေတြကိုသာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းတစ္စင္းဟာ ပိုလန္ေလပိုင္နက္ကို ဝင္ေရာက္သြားခဲ့တဲ့ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။