ကနေဒါနဲ့ ဩစတြေးလျတို့က ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြု

 183

Pika (NP News) - စက်တင်ဘာ ၂၃
ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မာ့ခ်ကာနေးက “ကနေဒါနိုင်ငံဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံစလုံးအတွက် ငြိမ်းချမ်းတဲ့အနာဂါတ်ကိုတည်ဆောက်ရာမှာ ကျွန်တော်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှုကို ကမ်းလှမ်းပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဩစတြေးလျနိုင်ငံကလည်း လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနိစ်က ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ အန်သိုနီအယ်လ်ဘာနိစ်က “သြစတြေးလျဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင်ပြီး ကာလရှည်ကြာ တောင့်ခံထားတဲ့ဆန္ဒတွေကို အသိအမှတ်ပြုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံဟာ ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစ္စရေးအပေါ်ဖိအားပေးမှုတွေမှာ အနောက်အုပ်စုနိုင်ငံတွေနဲ့အတူ ပူးပေါင်းပါဝင်လာခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အန်သိုနီအယ်လ်ဘာနိစ်က “ဒီအသိအမှတ်ပြုမှုဟာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တည်တံ့စေမယ့် နှစ်နိုင်ငံဖြေရှင်းချက်အတွက် ဩစတြေးလျရဲ့ကတိဝတ်တွေကို သက်သေပြနေတာ မျိုးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ကေနဒါနဲ႔ ဩစေၾတးလ်တို႔က ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္ အသိအမွတ္ျပဳ
Pika (NP News) - စက္တင္ဘာ ၂၃
ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္အသိအမွတ္ျပဳလိုက္ၿပီလို႔ ကေနဒါဝန္ႀကီးခ်ဳပ္ မာ့ခ္ကာေနးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ မာ့ခ္ကာေနးက “ကေနဒါႏိုင္ငံဟာ ပါလက္စတိုင္းႏိုင္ငံကို အသိအမွတ္ျပဳၿပီး အစၥေရးနဲ႔ ပါလက္စတိုင္း ႏွစ္ႏိုင္ငံစလုံးအတြက္ ၿငိမ္းခ်မ္းတဲ့အနာဂါတ္ကိုတည္ေဆာက္ရာမွာ ကြၽန္ေတာ္တို႔ရဲ႕ပူးေပါင္း ေဆာင္႐ြက္မႈကို ကမ္းလွမ္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဩစေၾတးလ်ႏိုင္ငံကလည္း လြတ္လပ္ၿပီးအခ်ဳပ္အျခာအာဏာပိုင္ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္ အသိအမွတ္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ အန္သိုနီအယ္လ္ဘာနိစ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ အန္သိုနီအယ္လ္ဘာနိစ္က “ၾသစေၾတးလ်ဟာ ပါလက္စတိုင္းျပည္သူေတြရဲ႕ တရားဝင္ၿပီး ကာလရွည္ၾကာ ေတာင့္ခံထားတဲ့ဆႏၵေတြကို အသိအမွတ္ျပဳပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဩစေၾတးလ်ႏိုင္ငံဟာ ဂါဇာမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အစၥေရးအေပၚဖိအားေပးမႈေတြမွာ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔အတူ ပူးေပါင္းပါဝင္လာခဲ့ၿပီးေနာက္ ယခုလိုထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။ အန္သိုနီအယ္လ္ဘာနိစ္က “ဒီအသိအမွတ္ျပဳမႈဟာ အစၥေရးနဲ႔ ပါလက္စတိုင္းျပည္သူေတြအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို တည္တံ့ေစမယ့္ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္အတြက္ ဩစေၾတးလ်ရဲ႕ကတိဝတ္ေတြကို သက္ေသျပေနတာ မ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.