(IAEA) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းကြောင်း အီရန်အစိုးရ ကြေညာ

268

Pika (NP News) - စက်တင်ဘာ ၂၃
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့ နျူကလီးယားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက် ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီရန်နိုင်ငံကို ဆန့်ကျင်တဲ့ အနောက် ဥရောပနိုင်ငံတွေရဲ့လုပ်ရပ်တွေကို ကိုးကားပြီး အီရန်အစိုးရက ယခုလိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အီရန်ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အီရန်အစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီက “အီရန်နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီတို့ရဲ့ မထင်မှတ်ထားတဲ့လုပ်ရပ်တွေက (IAEA) နဲ့ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ရပ်ဆိုင်းစေခဲ့တာပါ။ (IAEA) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး နျူကလီးယားအရေးကိုဖြေရှင်းဖို့ အစီအစဉ်တွေကို တင်ပြခဲ့ပေမယ့် လည်း ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီတို့က ယခုလိုလုပ်ဆောင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို စစ်ဆေးမှုတွေပြန်လည်စတင်ဖို့ သဘောတူညီချက်တစ်ရပ်ကို ယခုလ အစောပိုင်းမှာ အီရန်နဲ့(IAEA) အဖွဲ့တို့ကြား ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အီရန်အစိုးရဲ့ ယခုလိုထုတ်ပြန် ကြေညာချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက အီရန်ရဲ့နျူကလီးယားနေရာတွေကို အမေရိကန်နဲ့အစ္စရေးတို့က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အီရန်အစိုးရဟာ (IAEA) နဲ့ပူးပေါင်း ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
(IAEA) နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ရပ္ဆိုင္းေၾကာင္း အီရန္အစိုးရ ေၾကညာ
Pika (NP News) - စက္တင္ဘာ ၂၃
ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) နဲ႔ န်ဴကလီးယားဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြကို ရပ္ဆိုင္းလိုက္ ေၾကာင္း အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အီရန္ႏိုင္ငံကို ဆန႔္က်င္တဲ့ အေနာက္ ဥေရာပႏိုင္ငံေတြရဲ႕လုပ္ရပ္ေတြကို ကိုးကားၿပီး အီရန္အစိုးရက ယခုလိုထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။ အီရန္ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီက မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ အီရန္အစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီက “အီရန္န်ဴကလီးယားအေရးနဲ႔ပတ္သက္ၿပီး ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီတို႔ရဲ႕ မထင္မွတ္ထားတဲ့လုပ္ရပ္ေတြက (IAEA) နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈလမ္းေၾကာင္းကို ရပ္ဆိုင္းေစခဲ့တာပါ။ (IAEA) နဲ႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ပူးေပါင္းၿပီး န်ဴကလီးယားအေရးကိုေျဖရွင္းဖို႔ အစီအစဥ္ေတြကို တင္ျပခဲ့ေပမယ့္ လည္း ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီတို႔က ယခုလိုလုပ္ေဆာင္ခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို စစ္ေဆးမႈေတြျပန္လည္စတင္ဖို႔ သေဘာတူညီခ်က္တစ္ရပ္ကို ယခုလ အေစာပိုင္းမွာ အီရန္နဲ႔(IAEA) အဖြဲ႕တို႔ၾကား ရရွိခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ အီရန္အစိုးရဲ႕ ယခုလိုထုတ္ျပန္ ေၾကညာခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြတုန္းက အီရန္ရဲ႕န်ဴကလီးယားေနရာေတြကို အေမရိကန္နဲ႔အစၥေရးတို႔က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္အစိုးရဟာ (IAEA) နဲ႔ပူးေပါင္း ေဆာင္႐ြက္မႈေတြကို ရပ္ဆိုင္းခဲ့တယ္လို႔လည္း သိရပါတယ္။