နေတိုးနယ်မြေတွေရဲ့တစ်လက်မတိုင်းကို အမေရိကန်နဲ့မိတ်ဖက်တွေက ကာကွယ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန်အသစ်ပြော

 239

Pika (NP News) - စက်တင်ဘာ ၂၄
အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေဟာ နေတိုးအဖွဲ့ရဲ့ နယ်မြေတစ်လက်မတိုင်းကို ကာကွယ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန်အသစ် မိုက်ကယ်‌ဝေါ့ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့လေပိုင်နက်ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဆောင်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်းမှာ မိုက်ကယ်ဝေါ့ဇ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ မိုက်ကယ်ဝေါ့ဇ်က “အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေက နေတိုးအဖွဲ့နယ်မြေတစ်လက်မတိုင်းကို ကာကွယ်သွားမယ်ဆိုတာကို အလေးပေးပြောကြားလိုပါတယ်” လို့ ပြောပါတယ်။
နေတိုးအဖွဲ့ဟာ ရုရှားရဲ့စစ်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့ လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီး Dovile Sakaliene က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မိုက်ကယ်ဝေါ့ဇ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ Dovile Sakaliene က “ရုရှားစစ်လေယာဉ်တွေကို ပစ်ချသင့်ပါတယ်။ ရုရှားဟာ နေတိုးအဖွဲ့ ရဲ့နယ်နိမိတ်တွေကို စမ်းသပ်မှုတွေလုပ်နေတာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လွန်ခဲ့တဲ့(၁၀)ခန့်က တူရကီကလုပ်ဆောင်ခဲ့တဲ့အတိုင်း နေတိုးအဖွဲ့က ပြုမူသင့်တယ်လို့လည်း Dovile Sakalieneက အကြံပြုပြောဆိုခဲ့ပါတယ်။ တူရကီလေတပ်တပ်ဖွဲ့တွေဟာ ရုရှားဗုံးကြဲလေယာဉ်တစ်စင်းကို ဆီးရီးယားနိုင်ငံမှာ ပစ်ချခဲ့တဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြီး Dovile Sakaliene က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနတိုးနယ္ေျမေတြရဲ႕တစ္လက္မတိုင္းကို အေမရိကန္နဲ႔မိတ္ဖက္ေတြက ကာကြယ္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာအေမရိကန္သံတမန္အသစ္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄
အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြဟာ ေနတိုးအဖြဲ႕ရဲ႕ နယ္ေျမတစ္လက္မတိုင္းကို ကာကြယ္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာအေမရိကန္သံတမန္အသစ္ မိုက္ကယ္‌ေဝါ့ဇ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားရဲ႕ေလပိုင္နက္ခ်ိဳးေဖာက္မႈစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြလုပ္ေဆာင္မယ့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးအတြင္းမွာ မိုက္ကယ္ေဝါ့ဇ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ မိုက္ကယ္ေဝါ့ဇ္က “အေမရိကန္နဲ႔မိတ္ဖက္ႏိုင္ငံေတြက ေနတိုးအဖြဲ႕နယ္ေျမတစ္လက္မတိုင္းကို ကာကြယ္သြားမယ္ဆိုတာကို အေလးေပးေျပာၾကားလိုပါတယ္” လို႔ ေျပာပါတယ္။
ေနတိုးအဖြဲ႕ဟာ ႐ုရွားရဲ႕စစ္ေလယာဥ္ေတြကို ပစ္ခ်သင့္တယ္လို႔ လစ္သူေယးနီးယားကာကြယ္ေရးဝန္ႀကီး Dovile Sakaliene က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ မိုက္ကယ္ေဝါ့ဇ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။ Dovile Sakaliene က “႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်သင့္ပါတယ္။ ႐ုရွားဟာ ေနတိုးအဖြဲ႕ ရဲ႕နယ္နိမိတ္ေတြကို စမ္းသပ္မႈေတြလုပ္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လြန္ခဲ့တဲ့(၁၀)ခန႔္က တူရကီကလုပ္ေဆာင္ခဲ့တဲ့အတိုင္း ေနတိုးအဖြဲ႕က ျပဳမူသင့္တယ္လို႔လည္း Dovile Sakalieneက အႀကံျပဳေျပာဆိုခဲ့ပါတယ္။ တူရကီေလတပ္တပ္ဖြဲ႕ေတြဟာ ႐ုရွားဗုံးႀကဲေလယာဥ္တစ္စင္းကို ဆီးရီးယားႏိုင္ငံမွာ ပစ္ခ်ခဲ့တဲ့ျဖစ္ရပ္ကို ရည္ၫႊန္းၿပီး Dovile Sakaliene က ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.