မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ထွက်ခွာ
                        
                            
                             
 728
 
                             
                            
                            
                         
                        
Pearl (NP News) - စက်တင်ဘာ ၂၄
မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်တက်ရောက်ရန်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ယနေ့ ( စက်တင်ဘာ ၂၄ ရက်) ၊ နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း  ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week 2025)သို့ တက်ရောက်ခြင်း၊ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ပိုမိုတိုးတက်ခိုင်မာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
                     
                        
                                                                    
Zawgyi Version: 
ေမာ္စကိုၿမိဳ႕တြင္ က်င္းပမည့္ ကမာၻ႔အဏုျမဴသီတင္းပတ္ဖိုရမ္တက္ေရာက္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားသို႔ထြက္ခြာ
Pearl (NP News) - စက္တင္ဘာ ၂၄
ေမာ္စကိုၿမိဳ႕တြင္ က်င္းပမည့္ ကမာၻ႔အဏုျမဴသီတင္းပတ္ဖိုရမ္တက္ေရာက္ရန္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားသို႔ ထြက္ခြာသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ 
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာဗလာဒီမာပူတင္၏ ဖိတ္ၾကားခ်က္အရ ယေန႔ ( စက္တင္ဘာ ၂၄ ရက္) ၊ နံနက္ပိုင္းက အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္တပ္မေတာ္ ေလဆိပ္မွ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္အတူ ေကာ္မရွင္အတြင္းေရးမႉး တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာ္မရွင္အဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာသက္ခိုင္ဝင္း၊ ေဒါက္တာ မ်ိဳးသိမ္းေက်ာ္၊ ဦးကိုကိုလြင္၊ မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ခရီးစဥ္တြင္ လိုက္ပါသြားၾကေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း  ကမာၻ႔အဏုျမဴသီတင္းပတ္ဖိုရမ္-၂၀၂၅(World Atomic Week 2025)သို႔ တက္ေရာက္ျခင္း၊ ႐ုရွားသမၼတ မစၥတာဗလာဒီမာပူတင္ အပါအဝင္ ႐ုရွားႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာမ်ား ပိုမိုတိုးတက္ခိုင္မာရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။