ဖိလစ်ပိုင်ကို အပူပိုင်းမုန်တိုင်း Bualoi ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး လူထောင် ပေါင်းများစွာကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းထားရ

 346

Pika (NP News) - စက်တင်ဘာ ၂၇
စက်တင်ဘာလ(၂၆)ရက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို အပူပိုင်းမုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့မှုနဲ့အတူ အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ပြီးကတည်းက အပူပိုင်း မုန်တိုင်း Bualoi ဟာ တစ်ဖြည်းဖြည်း အားနည်းလာခဲ့တယ်လို့လည်း ဖိလစ်ပိုင်အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရာဂါဆာကြောင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ အနည်းဆုံးလူ(၂၅)ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အပူပိုင်းမုန်တိုင်း Bualoi ဟာ Eastern Samar ပြည်နယ် San Policarpoမြို့ကို တစ်နာရီလျှင် လေတိုက်နှုန်း (၁၁ဝ) ကီလိုမီတာနဲ့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး မြို့တွေနဲ့ ရွာတွေ ရေနစ်မြုပ်သွားခဲ့ကာ လျှပ်စစ်မီး ပြတ်တောက်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အပူပိုင်းမုန်တိုင်း Bualoi တိုက်ခတ်မှု ကြောင့် မြေပြိုမှုနှစ်ခုလည်းဖြစ်ပွားခဲ့တယ်လို့ ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ Eastern Samar နဲ့ Northern Samar ပြည်နယ်တွေက လူပေါင်း (၇၃၀၀၀) ကျော်ဟာ အစိုးရရဲ့အရေးပေါ်ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြရတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ကို အပူပိုင္းမုန္တိုင္း Bualoi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးၿပီး လူေထာင္ ေပါင္းမ်ားစြာကို ေဘးလြတ္ကင္းရာသို႔ေ႐ႊ႕ေျပာင္းထားရ
Pika (NP News) - စက္တင္ဘာ ၂၇
စက္တင္ဘာလ(၂၆)ရက္မွာ ဖိလစ္ပိုင္ကြၽန္းစုေတြကို အပူပိုင္းမုန္တိုင္းတစ္ခုဝင္ေရာက္တိုက္ခတ္ခဲ့မႈနဲ႔အတူ အနည္းဆုံးလူ(၄)ဦးေသဆုံးၿပီး လူေထာင္ေပါင္းမ်ားစြာကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ကုန္းတြင္းပိုင္းဝင္ေရာက္တိုက္ခတ္ၿပီးကတည္းက အပူပိုင္း မုန္တိုင္း Bualoi ဟာ တစ္ျဖည္းျဖည္း အားနည္းလာခဲ့တယ္လို႔လည္း ဖိလစ္ပိုင္အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ခတ္ခဲ့တဲ့ တိုင္ဖြန္းမုန္တိုင္းရာဂါဆာေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံ ေျမာက္ပိုင္းမွာ အနည္းဆုံးလူ(၂၅)ဦးေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
အပူပိုင္းမုန္တိုင္း Bualoi ဟာ Eastern Samar ျပည္နယ္ San Policarpoၿမိဳ႕ကို တစ္နာရီလွ်င္ ေလတိုက္ႏႈန္း (၁၁ဝ) ကီလိုမီတာနဲ႔ စတင္ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္ၿပီး ၿမိဳ႕ေတြနဲ႔ ႐ြာေတြ ေရနစ္ျမဳပ္သြားခဲ့ကာ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အပူပိုင္းမုန္တိုင္း Bualoi တိုက္ခတ္မႈ ေၾကာင့္ ေျမၿပိဳမႈႏွစ္ခုလည္းျဖစ္ပြားခဲ့တယ္လို႔ ဖိလစ္ပိုင္သဘာဝေဘးအႏၲရာယ္ ေလ်ာ့ပါးေရးေအဂ်င္စီက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ Eastern Samar နဲ႔ Northern Samar ျပည္နယ္ေတြက လူေပါင္း (၇၃၀၀၀) ေက်ာ္ဟာ အစိုးရရဲ႕အေရးေပၚကယ္ဆယ္ေရးစခန္းမွာ ခိုလႈံေနၾကရတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.