စစ်ပွဲကို အဆုံးမသတ်ဘူးဆိုရင် ဗုံးခိုကျင်းတွေကိုရှာထားဖို့ ရုရှားကို ယူကရိန်းသမ္မတ သတိပေး
                        
                            
                             
 4306
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၇ 
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတာတွေကို မရပ်တန့်ဘူးဆိုရင် ရုရှားဟာ ဗုံးခိုကျင်းအဆောက်အဦး တွေကို ရှာဖွေထားသင့်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက သတိပေးပြောဆိုခဲ့ပါတယ်။ 
ဒါ့ပြင် ရုရှားနိုင်ငံ မော်စကိုမြို့ကလည်း တရားဝင်ပစ်မှတ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ဇီလန်စကီးက ထပ်မံ သတိပေးပြောဆိုခဲ့ပါတယ်။ ဇီလန်စကီးက “ဗုံးခိုကျင်းတွေ ဘယ်နေရာမှာရှိတယ်ဆိုတာကို သူတို့သိထားဖို့ လိုအပ်ပါတယ်။ ရုရှားက ဗုံးခိုကျင်းတွေကို လိုအပ်လာပါလိမ့်မယ်။ ရုရှားက အခုဖြစ်ပွားနေတဲ့စစ်ပွဲကို မရပ်တန့်ဘူး ဆိုရင် မကြာခင်အချိန်အတွင်း ဗုံးခိုကျင်းတွေကို လိုအပ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
စစ်ပွဲပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက် သမ္မတရာထူးကနေနှုတ်ထွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဇီလန်စကီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပသွားမှာလား ဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဇီလန်စကီးက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ 
ဇီလန်စကီးက “အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်က စစ်ပွဲကို အဆုံးသတ်သွားအောင်လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အပစ်အခတ်ရပ်စဲရေးကာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။
                     
                        
                                                                    
Zawgyi Version: 
စစ္ပြဲကို အဆုံးမသတ္ဘူးဆိုရင္ ဗုံးခိုက်င္းေတြကိုရွာထားဖို႔ ႐ုရွားကို ယူကရိန္းသမၼတ သတိေပး
Pika (NP News) - စက္တင္ဘာ ၂၇ 
ယူကရိန္းအေပၚ က်ဴးေက်ာ္တိုက္ခိုက္ေနတာေတြကို မရပ္တန႔္ဘူးဆိုရင္ ႐ုရွားဟာ ဗုံးခိုက်င္းအေဆာက္အဦး ေတြကို ရွာေဖြထားသင့္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက သတိေပးေျပာဆိုခဲ့ပါတယ္။ 
ဒါ့ျပင္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကလည္း တရားဝင္ပစ္မွတ္တစ္ခုျဖစ္လာလိမ့္မယ္လို႔ ဇီလန္စကီးက ထပ္မံ သတိေပးေျပာဆိုခဲ့ပါတယ္။ ဇီလန္စကီးက “ဗုံးခိုက်င္းေတြ ဘယ္ေနရာမွာရွိတယ္ဆိုတာကို သူတို႔သိထားဖို႔ လိုအပ္ပါတယ္။ ႐ုရွားက ဗုံးခိုက်င္းေတြကို လိုအပ္လာပါလိမ့္မယ္။ ႐ုရွားက အခုျဖစ္ပြားေနတဲ့စစ္ပြဲကို မရပ္တန႔္ဘူး ဆိုရင္ မၾကာခင္အခ်ိန္အတြင္း ဗုံးခိုက်င္းေတြကို လိုအပ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
စစ္ပြဲၿပီးဆုံးသြားတာနဲ႔တစ္ၿပိဳင္နက္ သမၼတရာထူးကေနႏႈတ္ထြက္သြားဖို႔ အဆင္သင့္ရွိတယ္လို႔လည္း ဇီလန္စကီး က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အပစ္အခတ္ရပ္စဲေရးကာလအတြင္းမွာ ေ႐ြးေကာက္ပြဲက်င္းပသြားမွာလား ဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဇီလန္စကီးက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ 
ဇီလန္စကီးက “အပစ္အခတ္ရပ္စဲေရးကာလအတြင္းမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္က စစ္ပြဲကို အဆုံးသတ္သြားေအာင္လုပ္ေဆာင္ႏိုင္ဖို႔ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အပစ္အခတ္ရပ္စဲေရးကာလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မႈေတြ လုပ္ေဆာင္သြားမွာ မဟုတ္ဘူးလို႔လည္း ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။