အစ္စရေးရဲ့သတိပေးမှုတွေရှိနေပေမယ့်လည်း ဂါဇာကိုသွားရောက်အကူအညီပေးဖို့ နိုင်ငံတကာအဖွဲ့ စီစဉ်နေ

 424

Pika (NP News) - စက်တင်ဘာ ၂၇
ဂါဇာအကူအညီပေးရေး နိုင်ငံတကာရေယာဉ်စုဟာ အစ္စရေးရဲ့သတိပေးမှုတွေကို ဖီဆန်ပြီး ဂရိရေပြင်ကနေ ဂါဇာကမ်းမြောင်ဒေသကို ထွက်ခွာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေဝင်ရောက်ခွင့်ကို ဘယ်လိုနည်းလမ်းနဲ့မဆို ပိတ်ဆို့မှုတွေလုပ်ဆောင်သွား မယ်လို့ အစ္စရေးအစိုးရက သတိပေးပြောဆိုခဲ့ပေမယ့်လည်း ယခုလိုစီစဉ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Global Sumud Flotilla အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ပိတ်ပင်မှုတွေကို ချိုးဖျက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အရပ်ဘက်သင်္ဘောအစီးရေ(၅၀)စီးခန့်ကို အသုံးပြုနေတာလည်းဖြစ်ပြီး Global Sumud Flotilla ရဲ့လုပ်ရပ်တွေကို အစ္စရေးအစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အစ္စရေးရဲ့ပိတ်ပင်မှုတွေကို ချိုးဖျက်ဖို့ကြိုးပမ်းတဲ့သင်္ဘောတွေအပေါ်မှာ ဆွီဒင်ရာသီဥတုဆိုင်ရာ လှုံ့ဆော်သူ Greta Thunberg အပါအဝင် ရှေ့နေတွေ၊ လွှတ်တော်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူအများအပြား လိုက်ပါလာခဲ့ကြ တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဂါဇာအကူအညီပေးရေးသင်္ဘောတစ်စင်းကို အစ္စရေးကဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေထွက်ပေါ်လာခဲ့ပြီးနောက် တင်းမာမှုအရှိန် တွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဂါဇာအကူအညီပေးရေးသင်္ဘောတွေကို ကာကွယ်ဖို့နဲ့ အကူအညီတွေထောက်ပံ့ပေးဖို့အတွက် ရေတပ်သင်္ဘောတွေကို စေလွှတ်သွားမယ်လို့လည်း အီတလီနဲ့စပိန်အစိုးရ တို့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အစၥေရးရဲ႕သတိေပးမႈေတြရွိေနေပမယ့္လည္း ဂါဇာကိုသြားေရာက္အကူအညီေပးဖို႔ ႏိုင္ငံတကာအဖြဲ႕ စီစဥ္ေန
Pika (NP News) - စက္တင္ဘာ ၂၇
ဂါဇာအကူအညီေပးေရး ႏိုင္ငံတကာေရယာဥ္စုဟာ အစၥေရးရဲ႕သတိေပးမႈေတြကို ဖီဆန္ၿပီး ဂရိေရျပင္ကေန ဂါဇာကမ္းေျမာင္ေဒသကို ထြက္ခြာဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေတြဝင္ေရာက္ခြင့္ကို ဘယ္လိုနည္းလမ္းနဲ႔မဆို ပိတ္ဆို႔မႈေတြလုပ္ေဆာင္သြား မယ္လို႔ အစၥေရးအစိုးရက သတိေပးေျပာဆိုခဲ့ေပမယ့္လည္း ယခုလိုစီစဥ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ Global Sumud Flotilla အဖြဲ႕ဟာ ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရးရဲ႕ပိတ္ပင္မႈေတြကို ခ်ိဳးဖ်က္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ အရပ္ဘက္သေဘၤာအစီးေရ(၅၀)စီးခန႔္ကို အသုံးျပဳေနတာလည္းျဖစ္ၿပီး Global Sumud Flotilla ရဲ႕လုပ္ရပ္ေတြကို အစၥေရးအစိုးရက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အစၥေရးရဲ႕ပိတ္ပင္မႈေတြကို ခ်ိဳးဖ်က္ဖို႔ႀကိဳးပမ္းတဲ့သေဘၤာေတြအေပၚမွာ ဆြီဒင္ရာသီဥတုဆိုင္ရာ လႈံ႕ေဆာ္သူ Greta Thunberg အပါအဝင္ ေရွ႕ေနေတြ၊ လႊတ္ေတာ္အမတ္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူအမ်ားအျပား လိုက္ပါလာခဲ့ၾက တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဂါဇာအကူအညီေပးေရးသေဘၤာတစ္စင္းကို အစၥေရးကဒ႐ုန္းနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြထြက္ေပၚလာခဲ့ၿပီးေနာက္ တင္းမာမႈအရွိန္ ေတြ ပိုမိုျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ဂါဇာအကူအညီေပးေရးသေဘၤာေတြကို ကာကြယ္ဖို႔နဲ႔ အကူအညီေတြေထာက္ပံ့ေပးဖို႔အတြက္ ေရတပ္သေဘၤာေတြကို ေစလႊတ္သြားမယ္လို႔လည္း အီတလီနဲ႔စပိန္အစိုးရ တို႔က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.