လျှပ်စစ်အပါအဝင် လုပ်ငန်းကဏ္ဍ (၇)ခုအတွက်  ကန်ဒေါ်လာ (၁၀၉)သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၉)ခု ထပ်မံခွင့်ပြု
                        
                            
                             
 488
 
                             
                            
                            
                         
                        
ချယ်ရီ (NP News) - စက်တင်ဘာ ၂၇
စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ (၁၀၉) သန်းကျော်တန်ဖိုးရှိ ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၉)ခု ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်)က နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမတွင်ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အထက်ပါအစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၄)ခုနှင့် စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၅) ခုတို့ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၀၉ ဒသမ ၆၂၆) သန်း၊ ငွေကျပ် (၄၁၇၅၄၂ ဒသမ ၁၂) သန်းဖြစ်ပြီး လူဦးရေ(၄,၄၄၆) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးမှ ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံ၊ ဒေသပေါင်း (၅၃) ခုအနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး စီးပွားရေးကဏ္ဍ (၁၂) ခုအနက် လျှပ်စစ် ဓာတ်အားကဏ္ဍမှာ အများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၈ ဒသမ ၃၂) ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄ ဒသမ ၆၈) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၅၈) ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
                     
                        
                                                                    
Zawgyi Version: 
လွ်ပ္စစ္အပါအဝင္ လုပ္ငန္းက႑ (၇)ခုအတြက္  ကန္ေဒၚလာ (၁၀၉)သန္းေက်ာ္ရွိ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းသစ္ (၁၉)ခု ထပ္မံခြင့္ျပဳ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၇
စက္မႈ၊ ဝန္ေဆာင္မႈ၊ လွ်ပ္စစ္၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑မ်ားအတြက္ အေမရိကန္ေဒၚလာ (၁၀၉) သန္းေက်ာ္တန္ဖိုးရွိ ျပည္တြင္း၊ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၁၉)ခု ထပ္မံခြင့္ျပဳခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္မွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္၏ (၅/၂၀၂၅) ႀကိမ္ေျမာက္အစည္းအေဝးကို ယမန္ေန႔ (စက္တင္ဘာလ ၂၆ ရက္)က ေနျပည္ေတာ္ရွိ ႐ုံးအမွတ္ (၅) အစည္းအေဝးခန္းမတြင္က်င္းပေသာ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အထက္ပါအစည္းအေဝးတြင္ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းတိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တို႔မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၄)ခုႏွင့္ စက္မႈ၊ ဝန္ေဆာင္မႈ၊ လွ်ပ္စစ္၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑မ်ားမွ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၁၅) ခုတို႔ကို ခြင့္ျပဳေပးခဲ့ ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၁၀၉ ဒသမ ၆၂၆) သန္း၊ ေငြက်ပ္ (၄၁၇၅၄၂ ဒသမ ၁၂) သန္းျဖစ္ၿပီး လူဦးေရ(၄,၄၄၆) ဦးအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အစည္းအေဝးမွ ခြင့္ျပဳေပးသည့္လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ား၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျပင္ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ အထည္ခ်ဳပ္လုပ္ငန္းတို႔လည္း ပါဝင္ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ၾသဂုတ္လကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ႏိုင္ငံ၊ ေဒသေပါင္း (၅၃) ခုအနက္ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔မွာ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျဖစ္ၿပီး စီးပြားေရးက႑ (၁၂) ခုအနက္ လွ်ပ္စစ္ ဓာတ္အားက႑မွာ အမ်ားဆုံးျဖစ္ၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၈ ဒသမ ၃၂) ရာခိုင္ႏႈန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၄ ဒသမ ၆၈) ရာခိုင္ႏႈန္း၊ စက္မႈက႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄ ဒသမ ၅၈) ရာခိုင္ႏႈန္းျဖင့္ အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။