ရုပ်ရှင်မြို့တော်စီမံကိန်း နှင့် ပတ်သက်၍ ကုမ္ပဏီ (၅)ခုက စိတ်ဝင်စားနေရာ အပိုင်းလိုက် ပွင့်လင်းမြင်သာစွာ လုပ်မည်

487

သန့်ဇင် (NP News) - စက်တင်ဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဧက(၂၀ဝ)အကျယ်ရှိ ရုပ်ရှင်မြို့တော် စီမံ ကိန်း နှင့်ပတ်သက်၍လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ (၅)ခုက စိတ်ဝင်စားနေရာ အပိုင်းလိုက် ပွင့်လင်း မြင်သာစွာလုပ်မည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးချမ်းသာ ကြည်စိုးက NP News သို့ပြောသည်။
ရုပ်ရှင်မြို့တော်စီမံကိန်းကို Master Plan ဖြင့် ဇုန် (၁၀) ဇုန်ကို အပိုင်းလိုက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားမှုဖော်ပြ လွှာ (EOI Form) ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ(၅)ခုက EOI အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ (၅)ခုအနေဖြင့် စိတ်ဝင်စားရာဇုန်များအတွင်း ဇုန် (၁) ခုမှ (၂) ခုသော်လည်း ကောင်း၊ ဇုန်တစ်ခုအတွင်းမှ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ကနဦးအကောင်အထည်ဖော်ရန် ဆန္ဒ ရှိနေကြောင်း သိရသည်။ “သူ့သက်ဆိုင်ရာ ဇုန်လေးတွေရှိပါတယ်။ ဇုန် (B) မှာစိတ်ဝင်စားတဲ့လူရှိတယ်။ ဇုန် (C) မှာ စိတ်ဝင်စားတဲ့လူရှိတယ်။ နောက်တစ်ခုက ဇုန် (D)နဲ့ (F) နဲ့ ကို စိတ်ဝင်စားတဲ့လူရှိတယ်။ နောက်တစ်ခုက ဇုန် (E) နဲ့ (F) နဲ့ကို စိတ်ဝင်စားတဲ့လူရှိတယ်။ အဲဒီလိုမျိုးပေါ့”ဟု ဦးချမ်းသာကြည်စိုး က ဆိုသည်။
စီမံကိန်း ကနဦးဖော်ဆောင်ရာတွင်၊ ပြန်ကြားရေးဝန်ကြီးဝန်ကြီးဌာန၏လမ်းညွှန်မှုကိုခံယူကာ အဆင့်ဆင့်ညှိနှိုင်း၊ သဘောတူညီချက်များဖြင့် ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အကောင်အထည်ဖော်ဖို့ ဒီစ်ထဲရအောင်လုပ်ရမှာပေါ့။ နို့မို့ဆို ဒါကြီးက အီးရောအီး ရော နဲ့ မလုပ်ရင်လည်းဒါကြီးက အလဟဿဖြစ်မယ်။ နိုင်ငံတော်ကလည်း ယုံယုံကြည်ကြည်နဲ့ လုပ်ခိုင်းထား တာ။ လုပ်ငန်းရှင်တွေဘက်ကလည်း ဆန္ဒရှိကြပါတယ်။ လုပ်ချင်ကြတယ်။ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် ဥပဒေနဲ့ညီအောင်လုပ်ရတာပဲ။ ဥပဒေနဲ့မညီရင် အကုန်လုံးက ပြဿနာတက်သွားမှာဆိုတော့ အဂတိ မရှိ ဘူးဆိုတဲ့အကြောင်းကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့အတွက်ကို ဒီမှာ စီစဉ်ချက်ချပြီး လုပ်နေရတာ ဖြစ်တဲ့အတွက် အဆင့်တိုင်း အဆင့်တိုင်းမှာဆိုရင်လည်း ဝန်ကြီးဌာနကိုအစီရင်ခံထားတယ်” ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိအချိန်အထိ ဇုန်(၁၀)ဇုန်အတွင်း စိတ်ဝင်စားမှုမရှိသော ဇုန်အလွတ်များလည်း ရှိနေပြီး အဆိုပါဇုန်များအတွက် EOI များဆက်ခေါ်သွားရန်ရှိကြောင်း သိရသည်။ “လွတ်တဲ့ဇုန်တွေလည်း ရှိသေးတယ်။ နောက်ထပ် စိတ်ဝင်စားလာပြီဆိုရင် ဒီဇုန်တွေကကျန်သေးတယ်။ ဒီဇုန်တွေကို မျှမျှတတနဲ့ သွားရမှာပေါ့။ ဘယ်ဇုန်တွေကို စအကောင်အထည်ဖော်မယ်။ ဘယ်နှစ်တွေမှာ ဘယ်အချိန် လောက်မှာ အကောင်အထည်ဖော်မယ်။ အဲဒီလိုပဲ ကျန်တဲ့ဇုန်တွေလည်းဖော်ဆောင်ဖို့ရှိတယ်။ စိတ်ဝင်စားတဲ့လူတွေ ဆက်ချင်ရတယ်။ EOI တင်လို့ရတယ်။ အဲဒီလိုမျိုးဆက်ခေါ်ရမှာပေါ့”ဟု ၎င်းကဆို သည်။ နှစ် (၃၀) လုပ် ပိုင်ခွင့်ရရှိထားသော အဆိုပါရုပ်ရှင်မြို့တော်စီမံကိန်းသည် အမြန်လမ်း၊ မိုင်တိုင် (၂၀)၊(၄)ဖာလုံတွင် တည် ရှိပြီး ၎င်း၏ဇုန် (၁၀)ဇုန်ထဲတွင် မြန်မာနိုင်ငံ မြို့ကြီးများမှ အထင်ကရနေရာများ၊ ရုပ်ရှင်လောကသားများ လိုအပ်သည့် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏နေအိမ်များ၊ ချောင်းများပါဝင်သည့် တောအုပ်များနှင့် စတူဒီယိုများအပါအဝင် ပြည်သူများအတွက် အပန်းဖြေနားနေရန်နေရာများ၊ စားသောက်ဆိုင်များနှင့် ကလေးကစားကွင်းများစသဖြင့် ပါဝင်ကြောင်း သိရသည်။ ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် အထက်ပါ နေရာမှ မြေဧက (၂၀ဝ) အကျယ်ရှိ မြေကွက်ကို သမ္မတဦးသိန်းစိန်လက်ထက် (၂၀ ၁၄) ခုနှစ်က ပြန် ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ ကြောင်း သိရ သည်။
ခွင့်ပြုချက်ရရှိပြီးနောက် အဆိုပါမြေကွက်အတွင်းရှိ သစ်ပင်၊ ချုံနွယ် ရှင်းလင်းခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ပြင်ဆင်ခြင်း များလုပ်ဆောင်ခဲ့သော်လည်း NLD အစိုးရလက်ထက် (၂၀၁၆) ခုနှစ် တွင် စီမံကိန်းကိုရပ်နားခြင်းခံခဲ့ရသည်။ ယင်းနောက် (၁၀)နှစ်အကြာ နစကအစိုးရလက်ထပ်တွင် ရုပ်ရှင် မြို့တော်စီမံကိန်းကို နှစ် (၃၀) လုပ်ပိုင်ခွင့်ဖြင့် ပြန်လည်ခွင့်ပြုပေးခဲ့ပြီးနောက် လက်ရှိတွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း ႏွင့္ ပတ္သက္၍ ကုမၸဏီ (၅)ခုက စိတ္ဝင္စားေနရာ အပိုင္းလိုက္ ပြင့္လင္းျမင္သာစြာ လုပ္မည္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃ဝ
ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္အတြင္းရွိ ဧက(၂၀ဝ)အက်ယ္ရွိ ႐ုပ္ရွင္ၿမိဳ႕ေတာ္ စီမံ ကိန္း ႏွင့္ပတ္သက္၍လုပ္ငန္းေဆာင္႐ြက္ရန္ ကုမၸဏီ (၅)ခုက စိတ္ဝင္စားေနရာ အပိုင္းလိုက္ ပြင့္လင္း ျမင္သာစြာလုပ္မည္ျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး ဦးခ်မ္းသာ ၾကည္စိုးက NP News သို႔ေျပာသည္။
႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းကို Master Plan ျဖင့္ ဇုန္ (၁၀) ဇုန္ကို အပိုင္းလိုက္ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ပါဝင္စားသူလုပ္ငန္းရွင္မ်ားအတြက္ စိတ္ဝင္စားမႈေဖာ္ျပ လႊာ (EOI Form) ေခၚယူခဲ့ရာတြင္ ကုမၸဏီ(၅)ခုက EOI ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကုမၸဏီ (၅)ခုအေနျဖင့္ စိတ္ဝင္စားရာဇုန္မ်ားအတြင္း ဇုန္ (၁) ခုမွ (၂) ခုေသာ္လည္း ေကာင္း၊ ဇုန္တစ္ခုအတြင္းမွ တစ္စိတ္တစ္ပိုင္းေသာ္လည္းေကာင္း ကနဦးအေကာင္အထည္ေဖာ္ရန္ ဆႏၵ ရွိေနေၾကာင္း သိရသည္။ “သူ႔သက္ဆိုင္ရာ ဇုန္ေလးေတြရွိပါတယ္။ ဇုန္ (B) မွာစိတ္ဝင္စားတဲ့လူရွိတယ္။ ဇုန္ (C) မွာ စိတ္ဝင္စားတဲ့လူရွိတယ္။ ေနာက္တစ္ခုက ဇုန္ (D)နဲ႔ (F) နဲ႔ ကို စိတ္ဝင္စားတဲ့လူရွိတယ္။ ေနာက္တစ္ခုက ဇုန္ (E) နဲ႔ (F) နဲ႔ကို စိတ္ဝင္စားတဲ့လူရွိတယ္။ အဲဒီလိုမ်ိဳးေပါ့”ဟု ဦးခ်မ္းသာၾကည္စိုး က ဆိုသည္။
စီမံကိန္း ကနဦးေဖာ္ေဆာင္ရာတြင္၊ ျပန္ၾကားေရးဝန္ႀကီးဝန္ႀကီးဌာန၏လမ္းၫႊန္မႈကိုခံယူကာ အဆင့္ဆင့္ညႇိႏႈိင္း၊ သေဘာတူညီခ်က္မ်ားျဖင့္ ပြင့္လင္းျမင္သာမႈရွိရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ “အေကာင္အထည္ေဖာ္ဖို႔ ဒီစ္ထဲရေအာင္လုပ္ရမွာေပါ့။ ႏို႔မို႔ဆို ဒါႀကီးက အီးေရာအီး ေရာ နဲ႔ မလုပ္ရင္လည္းဒါႀကီးက အလဟႆျဖစ္မယ္။ ႏိုင္ငံေတာ္ကလည္း ယုံယုံၾကည္ၾကည္နဲ႔ လုပ္ခိုင္းထား တာ။ လုပ္ငန္းရွင္ေတြဘက္ကလည္း ဆႏၵရွိၾကပါတယ္။ လုပ္ခ်င္ၾကတယ္။ လုပ္ထုံးလုပ္နည္းနဲ႔ညီေအာင္ ဥပေဒနဲ႔ညီေအာင္လုပ္ရတာပဲ။ ဥပေဒနဲ႔မညီရင္ အကုန္လုံးက ျပႆနာတက္သြားမွာဆိုေတာ့ အဂတိ မရွိ ဘူးဆိုတဲ့အေၾကာင္းကို ပြင့္လင္းျမင္သာမႈရွိေအာင္လုပ္ဖို႔အတြက္ကို ဒီမွာ စီစဥ္ခ်က္ခ်ၿပီး လုပ္ေနရတာ ျဖစ္တဲ့အတြက္ အဆင့္တိုင္း အဆင့္တိုင္းမွာဆိုရင္လည္း ဝန္ႀကီးဌာနကိုအစီရင္ခံထားတယ္” ၎က ေျပာသည္။
ထို႔ျပင္ လက္ရွိအခ်ိန္အထိ ဇုန္(၁၀)ဇုန္အတြင္း စိတ္ဝင္စားမႈမရွိေသာ ဇုန္အလြတ္မ်ားလည္း ရွိေနၿပီး အဆိုပါဇုန္မ်ားအတြက္ EOI မ်ားဆက္ေခၚသြားရန္ရွိေၾကာင္း သိရသည္။ “လြတ္တဲ့ဇုန္ေတြလည္း ရွိေသးတယ္။ ေနာက္ထပ္ စိတ္ဝင္စားလာၿပီဆိုရင္ ဒီဇုန္ေတြကက်န္ေသးတယ္။ ဒီဇုန္ေတြကို မွ်မွ်တတနဲ႔ သြားရမွာေပါ့။ ဘယ္ဇုန္ေတြကို စအေကာင္အထည္ေဖာ္မယ္။ ဘယ္ႏွစ္ေတြမွာ ဘယ္အခ်ိန္ ေလာက္မွာ အေကာင္အထည္ေဖာ္မယ္။ အဲဒီလိုပဲ က်န္တဲ့ဇုန္ေတြလည္းေဖာ္ေဆာင္ဖို႔ရွိတယ္။ စိတ္ဝင္စားတဲ့လူေတြ ဆက္ခ်င္ရတယ္။ EOI တင္လို႔ရတယ္။ အဲဒီလိုမ်ိဳးဆက္ေခၚရမွာေပါ့”ဟု ၎ကဆို သည္။ ႏွစ္ (၃၀) လုပ္ ပိုင္ခြင့္ရရွိထားေသာ အဆိုပါ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းသည္ အျမန္လမ္း၊ မိုင္တိုင္ (၂၀)၊(၄)ဖာလုံတြင္ တည္ ရွိၿပီး ၎၏ဇုန္ (၁၀)ဇုန္ထဲတြင္ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးမ်ားမွ အထင္ကရေနရာမ်ား၊ ႐ုပ္ရွင္ေလာကသားမ်ား လိုအပ္သည့္ တိုင္းရင္းသားလူမ်ိဳးအသီးသီးတို႔၏ေနအိမ္မ်ား၊ ေခ်ာင္းမ်ားပါဝင္သည့္ ေတာအုပ္မ်ားႏွင့္ စတူဒီယိုမ်ားအပါအဝင္ ျပည္သူမ်ားအတြက္ အပန္းေျဖနားေနရန္ေနရာမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ကေလးကစားကြင္းမ်ားစသျဖင့္ ပါဝင္ေၾကာင္း သိရသည္။ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ အထက္ပါ ေနရာမွ ေျမဧက (၂၀ဝ) အက်ယ္ရွိ ေျမကြက္ကို သမၼတဦးသိန္းစိန္လက္ထက္ (၂၀ ၁၄) ခုႏွစ္က ျပန္ ၾကားေရးဝန္ႀကီး ဦးေအာင္ၾကည္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ခြင့္ျပဳေပးခဲ့ ေၾကာင္း သိရ သည္။
ခြင့္ျပဳခ်က္ရရွိၿပီးေနာက္ အဆိုပါေျမကြက္အတြင္းရွိ သစ္ပင္၊ ခ်ဳံႏြယ္ ရွင္းလင္းျခင္းႏွင့္ လမ္းပန္း ဆက္သြယ္ေရးအတြက္ ျပင္ဆင္ျခင္း မ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း NLD အစိုးရလက္ထက္ (၂၀၁၆) ခုႏွစ္ တြင္ စီမံကိန္းကိုရပ္နားျခင္းခံခဲ့ရသည္။ ယင္းေနာက္ (၁၀)ႏွစ္အၾကာ နစကအစိုးရလက္ထပ္တြင္ ႐ုပ္ရွင္ ၿမိဳ႕ေတာ္စီမံကိန္းကို ႏွစ္ (၃၀) လုပ္ပိုင္ခြင့္ျဖင့္ ျပန္လည္ခြင့္ျပဳေပးခဲ့ၿပီးေနာက္ လက္ရွိတြင္ စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ရန္ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။