အစ္စရေးနဲ့ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့အမျိုးသားတစ်ဦးကို အီရန် ကွပ်မျက်

 1121

Pika (NP News) - အောက်တိုဘာ ၁

Bahman Choubi-asl အမည်ရှိ အမျိုးသားတစ်ဦးကို ကွပ်မျက်လိုက်တယ်လို့ အီရန်အစိုးရက ထုတ်ပြန် ပြောကြား ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အီရန်မှာရှိနေတဲ့ အစ္စရေးရဲ့အရေးကြီးတဲ့စပိုင်တွေထဲက တစ်ယောက်ဖြစ်တယ်လို့ လည်း အီရန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့တဲ့လတွေအတွင်း အီရန်ဟာ အစ္စရေးရဲ့မော့ဆတ်ထောက်လှမ်းရေးဝန်ဆောင်မှုနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့လူအများအပြားကို ကွပ်မျက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အီရန်အစိုးရက “အစ္စရေးရဲ့မော့ဆတ်ထောက်လှမ်းရေးဝန်ဆောင်မှုဟာ အီရန်အစိုးရအဖွဲ့အစည်းတွေရဲ့ဒေတာတွေကို ရယူဖို့ ကြိုးပမ်းနေတာပါ။ အဲဒါကြောင့်မလို့ အစ္စရေးထောက်လှမ်းရေးနဲ့ဆက်နွယ်နေတဲ့လူတွေအားလုံးကို ကွပ်မျက်ခဲ့ တာပါ” လို့ ပြောခဲ့ပါတယ်။
Bahman Choubi-asl ၏ အယူခံဝင်မှုကို အီရန်တရားရုံးက ငြင်းဆန်ပယ်ချခဲ့ပြီး အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လမှာ အစ္စရေးက အီရန်ရဲ့နျူကလီးယားဆိုင်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်နဲ့အစ္စရေးကြား တင်းမာမှုတွေ ပိုမိုမြင့်တက် လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်ကလည်း အစ္စရေးဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ပြီး အီရန်ရဲ့နျူကလီးယားနေရာသုံးခုကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အစၥေရးနဲ႔ဆက္ႏြယ္ေနတယ္လို႔ စြပ္စြဲခံထားရတဲ့အမ်ိဳးသားတစ္ဦးကို အီရန္ ကြပ္မ်က္
Pika (NP News) - ေအာက္တိုဘာ ၁
Bahman Choubi-asl အမည္ရွိ အမ်ိဳးသားတစ္ဦးကို ကြပ္မ်က္လိုက္တယ္လို႔ အီရန္အစိုးရက ထုတ္ျပန္ ေျပာၾကား ခဲ့ပါတယ္။ အဲဒီအမ်ိဳးသားဟာ အီရန္မွာရွိေနတဲ့ အစၥေရးရဲ႕အေရးႀကီးတဲ့စပိုင္ေတြထဲက တစ္ေယာက္ျဖစ္တယ္လို႔ လည္း အီရန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့တဲ့လေတြအတြင္း အီရန္ဟာ အစၥေရးရဲ႕ေမာ့ဆတ္ေထာက္လွမ္းေရးဝန္ေဆာင္မႈနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ယူဆရတဲ့လူအမ်ားအျပားကို ကြပ္မ်က္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အီရန္အစိုးရက “အစၥေရးရဲ႕ေမာ့ဆတ္ေထာက္လွမ္းေရးဝန္ေဆာင္မႈဟာ အီရန္အစိုးရအဖြဲ႕အစည္းေတြရဲ႕ေဒတာေတြကို ရယူဖို႔ ႀကိဳးပမ္းေနတာပါ။ အဲဒါေၾကာင့္မလို႔ အစၥေရးေထာက္လွမ္းေရးနဲ႔ဆက္ႏြယ္ေနတဲ့လူေတြအားလုံးကို ကြပ္မ်က္ခဲ့ တာပါ” လို႔ ေျပာခဲ့ပါတယ္။
Bahman Choubi-asl ၏ အယူခံဝင္မႈကို အီရန္တရား႐ုံးက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အက်င့္ပ်က္ျခစားမႈစြဲခ်က္ေတြနဲ႔ ေသဒဏ္ခ်မွတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇြန္လမွာ အစၥေရးက အီရန္ရဲ႕န်ဴကလီးယားဆိုင္ရာ ေနရာေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္နဲ႔အစၥေရးၾကား တင္းမာမႈေတြ ပိုမိုျမင့္တက္ လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ကလည္း အစၥေရးဘက္ကေန ပါဝင္ကူညီတိုက္ခိုက္ေပးခဲ့ၿပီး အီရန္ရဲ႕န်ဴကလီးယားေနရာသုံးခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.