ယခုနှစ် သီတင်းကျွတ်တွင် ယခင်နှစ်များထက် အိမ်ပြန်သူ ပမာဏ နည်းပါး

343

သန့်ဇင်(NP News)-အောက်တိုဘာ ၆
နယ်မြေ မငြိမ်သက်မှုများကြောင့် ယခုနှစ် သီတင်းကျွတ်တွင် ယခင်နှစ်များထက် အိမ်ပြန်သူ ပမာဏ နည်းပါးနေကြောင်း အဝေးပြေး ယာဉ်လိုင်း လက်မှတ် ရောင်းချသူ အချို့ထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ သတ်မှတ်ထားသော်လည်း သီတင်းကျွတ်ရုံးပိတ်ရက် (၄)ရက်တွင် နေရပ်ပြန်သူရန် ကြိုတင်လက်မှတ်ဝယ်သူ ယခင်နှစ်ထက်နည်း နေကြောင်း သိရသည်။
“အခုနှစ်က နည်းတယ်။ မကွေးတို့၊ စစ်ကိုင်းတို့၊ မန္တလေးတို့ဘက်ကို လက်မှတ်ဖြတ်တဲ့လူလည်း အရင်ကထက်နည်းနေသေးတာ တွေ့ရ တယ်။ အခုနှစ်က ပိုနည်း တယ်။ ရခိုင်တို့ဆိုရင်တော့ ပြောမနေနဲ့တော့။ ဘာမှမဖြစ်တဲ့နေရာတွေပဲ ပြန်ကြမှာပါ”ဟု မကွေး၊ မန္တလေးနှင့် စစ်ကိုင်း သို့ပြေးဆွဲနေသော ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့ပြင် အောင်မင်္ဂလာအဝေးပြေးကားဝန်းမှ ယာဉ်လိုင်းအချို့ထံ NP News က ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာတွင်လည်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပြင်ဦးလွင်၊ တောင်ကြီးအပါအဝင် မြို့အချို့သို့ သီတင်းကျွတ်ပိတ်ရက်အတွက် ခုံလွတ်များကျန် ရှိနေသေး ကြောင်း သိရသည်။
“အောက်တိုဘာ ၄ရက်၊ ၅ရက်၊ ၆ရက်က မန္တလေးက နံနက်ပိုင်းကားကော၊ ညပိုင်းကားကော ရပါဦးမယ်။ ပြင်ဦးလွင်နဲ့ တောင်ကြီးလည်း ရှိပါတယ်။ မန္တလေးက အခန်းကားက (၅၈၀၀၀)ကျပ်ပါ။ ရိုးရိုးက (၂၉၈၀၀)ကျပ်ပါ။ ပြင်ဦးလွင်က အထူးကားက (၄၅၀၀၀)ကျပ်ပါ။ ရိုးရိုး က (၃၃၀၀၀)ကျပ်ပါ။ တောင်ကြီးက အထူးကားက (၄၅၀၀၀)ပါ။ ရိုးရိုးကားက (၃၁၈၀၀)ပါ။ အခြားမြို့တွေအတွက်လည်းရှိပါဦးမယ်”ဟု မြန်မာပြည်အနှံ့ပြေးဆွဲသော ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့သော် ရထားဖြင့် သီတင်းကျွတ်ပိတ်ရက် နေရပ်ပြန်မည့်သူများအတွက် ကြိုတက်လက်မှတ်များအတွက် လက်မှတ်များ မကျန် တော့သည်အထိ ဖြစ်နေကြောင်း သိရှိသူတစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားကြသော အချက်အလက်များအရ သိရသည်။
လေယာဥ်ဖြင့် ခရီးသွားသူ ပမာဏမှာမူ သီတင်းကျွတ် ကာလ ဖြစ်သော်ကြောင့် ထူး၍ ပမာဏ တက်မလာသော်လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ယခင်ကပင် စီးနင်းသူ များပြားကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“ပုံမှန်ကတော့ စီးတဲ့လူများတာပေါ့။ မန္တလေး-မြစ်ကြီးနားဆို (၁၀)ရက်လောက်ကြိုဝယ်ရတယ်။ မြစ်ကြီးနား-မန္တလေးဆို (၂)ပတ်လောက် ကြို ဝယ်ရတယ်။ ပုံမှန်ပါပဲ။ ထွေထူးပြီးများသွားတယ်လို့တော့မရှိပါဘူး။ လေယာဉ်က နဂိုတည်းက အဲဒီလိုပဲမျာနေတာပဲ။ ဘာလို့ဆို ကားလမ်းတွေက ပိတ်ထားတာကိုး”ဟု ၎င်းကပြောသည်။
သို့သော်ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်တွင် နယ်မြေဒေသမတည်ငြိမ်သည့်ဒေသမှ လူငယ်များစွာသည် နေရပ်ပြန်ရန်အဆင်မပြေ မှုများလည်းရှိနေနိုင်ကြောင်း မကွေးတိုင်းမှ ရန်ကုန်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေသာ လူငယ်တစ်ဦးက ဆိုသည်။
“ပြန်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ်နေရပ်က နယ်မြေက မတည်ငြိမ်တော့ ပြန်ချင်ပေမယ့် ပြန်လို့မရဘူး”ဟု ၎င်းကဆိုသည်။

Zawgyi Version:
ယခုႏွစ္ သီတင္းကြၽတ္တြင္ ယခင္ႏွစ္မ်ားထက္ အိမ္ျပန္သူ ပမာဏ နည္းပါး
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၆
နယ္ေျမ မၿငိမ္သက္မႈမ်ားေၾကာင့္ ယခုႏွစ္ သီတင္းကြၽတ္တြင္ ယခင္ႏွစ္မ်ားထက္ အိမ္ျပန္သူ ပမာဏ နည္းပါးေနေၾကာင္း အေဝးေျပး ယာဥ္လိုင္း လက္မွတ္ ေရာင္းခ်သူ အခ်ိဳ႕ထံ The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ယခုႏွစ္ သီတင္းကြၽတ္႐ုံးပိတ္ရက္ကို ေအာက္တိုဘာ ၄ ရက္မွ ၇ ရက္အထိ သတ္မွတ္ထားေသာ္လည္း သီတင္းကြၽတ္႐ုံးပိတ္ရက္ (၄)ရက္တြင္ ေနရပ္ျပန္သူရန္ ႀကိဳတင္လက္မွတ္ဝယ္သူ ယခင္ႏွစ္ထက္နည္း ေနေၾကာင္း သိရသည္။
“အခုႏွစ္က နည္းတယ္။ မေကြးတို႔၊ စစ္ကိုင္းတို႔၊ မႏၲေလးတို႔ဘက္ကို လက္မွတ္ျဖတ္တဲ့လူလည္း အရင္ကထက္နည္းေနေသးတာ ေတြ႕ရ တယ္။ အခုႏွစ္က ပိုနည္း တယ္။ ရခိုင္တို႔ဆိုရင္ေတာ့ ေျပာမေနနဲ႔ေတာ့။ ဘာမွမျဖစ္တဲ့ေနရာေတြပဲ ျပန္ၾကမွာပါ”ဟု မေကြး၊ မႏၲေလးႏွင့္ စစ္ကိုင္း သို႔ေျပးဆြဲေနေသာ ယာဥ္လိုင္းပိုင္ရွင္တစ္ဦးက ေျပာသည္။
ထို႔ျပင္ ေအာင္မဂၤလာအေဝးေျပးကားဝန္းမွ ယာဥ္လိုင္းအခ်ိဳ႕ထံ The Statesman ဂ်ာနယ္က ဆက္သြယ္စုံစမ္းေမးျမန္းခဲ့ရာတြင္လည္း မႏၲေလး၊ စစ္ကိုင္း၊ မေကြး၊ ျပင္ဦးလြင္၊ ေတာင္ႀကီးအပါအဝင္ ၿမိဳ႕အခ်ိဳ႕သို႔ သီတင္းကြၽတ္ပိတ္ရက္အတြက္ ခုံလြတ္မ်ားက်န္ ရွိေနေသး ေၾကာင္း သိရသည္။
“ေအာက္တိုဘာ ၄ရက္၊ ၅ရက္၊ ၆ရက္က မႏၲေလးက နံနက္ပိုင္းကားေကာ၊ ညပိုင္းကားေကာ ရပါဦးမယ္။ ျပင္ဦးလြင္နဲ႔ ေတာင္ႀကီးလည္း ရွိပါတယ္။ မႏၲေလးက အခန္းကားက (၅၈၀၀၀)က်ပ္ပါ။ ႐ိုး႐ိုးက (၂၉၈၀၀)က်ပ္ပါ။ ျပင္ဦးလြင္က အထူးကားက (၄၅၀၀၀)က်ပ္ပါ။ ႐ိုး႐ိုး က (၃၃၀၀၀)က်ပ္ပါ။ ေတာင္ႀကီးက အထူးကားက (၄၅၀၀၀)ပါ။ ႐ိုး႐ိုးကားက (၃၁၈၀၀)ပါ။ အျခားၿမိဳ႕ေတြအတြက္လည္းရွိပါဦးမယ္”ဟု ျမန္မာျပည္အႏွံ႔ေျပးဆြဲေသာ ယာဥ္လိုင္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
သို႔ေသာ္ ရထားျဖင့္ သီတင္းကြၽတ္ပိတ္ရက္ ေနရပ္ျပန္မည့္သူမ်ားအတြက္ ႀကိဳတက္လက္မွတ္မ်ားအတြက္ လက္မွတ္မ်ား မက်န္ ေတာ့သည္အထိ ျဖစ္ေနေၾကာင္း သိရွိသူတစ္ဦးက လူမႈကြန္ယက္တြင္ ေရးသားထားၾကေသာ အခ်က္အလက္မ်ားအရ သိရသည္။
ေလယာဥ္ျဖင့္ ခရီးသြားသူ ပမာဏမွာမူ သီတင္းကြၽတ္ ကာလ ျဖစ္ေသာ္ေၾကာင့္ ထူး၍ ပမာဏ တက္မလာေသာ္လည္း လမ္းပန္းဆက္သြယ္ေရး အေျခအေနအရ ယခင္ကပင္ စီးနင္းသူ မ်ားျပားေၾကာင္း ေလယာဥ္လက္မွတ္အေရာင္းကိုယ္စားလွယ္တစ္ဦးက ဆိုသည္။
“ပုံမွန္ကေတာ့ စီးတဲ့လူမ်ားတာေပါ့။ မႏၲေလး-ျမစ္ႀကီးနားဆို (၁၀)ရက္ေလာက္ႀကိဳဝယ္ရတယ္။ ျမစ္ႀကီးနား-မႏၲေလးဆို (၂)ပတ္ေလာက္ ႀကိဳ ဝယ္ရတယ္။ ပုံမွန္ပါပဲ။ ေထြထူးၿပီးမ်ားသြားတယ္လို႔ေတာ့မရွိပါဘူး။ ေလယာဥ္က နဂိုတည္းက အဲဒီလိုပဲမ်ာေနတာပဲ။ ဘာလို႔ဆို ကားလမ္းေတြက ပိတ္ထားတာကိုး”ဟု ၎ကေျပာသည္။
သို႔ေသာ္ယခုႏွစ္ သီတင္းကြၽတ္႐ုံးပိတ္ရက္တြင္ နယ္ေျမေဒသမတည္ၿငိမ္သည့္ေဒသမွ လူငယ္မ်ားစြာသည္ ေနရပ္ျပန္ရန္အဆင္မေျပ မႈမ်ားလည္းရွိေနႏိုင္ေၾကာင္း မေကြးတိုင္းမွ ရန္ကုန္ၿမိဳ႕တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသာ လူငယ္တစ္ဦးက ဆိုသည္။
“ျပန္ခ်င္တာေပါ့။ ဒါေပမဲ့ ကိုယ္ေနရပ္က နယ္ေျမက မတည္ၿငိမ္ေတာ့ ျပန္ခ်င္ေပမယ့္ ျပန္လို႔မရဘူး”ဟု ၎ကဆိုသည္။