PDF များ ကာလတစ်ခုအကြာ ထိန်းချုပ်ခဲ့သော စစ်ကိုင်း-မင်းကွန်းလမ်းကို တပ်မတော်က နယ်မြေရှင်းလင်းပြီး လွတ်လပ်စွာပြန်လည် သွားလာနိုင်ပြီ

1253

သန့်ဇင်(NP News)-အောက်တိုဘာ ၆
စစ်ကိုင်းဒေသကြီးအတွင်းရှိ PDF များ ကာလတစ်ခုအကြာ ထိန်းချုပ်ခဲ့သော စစ်ကိုင်း-မင်းကွန်းလမ်းကို တပ်မတော်က နယ်မြေရှင်း လင်းပြီးနောက် လက်ရှိတွင် လွတ်လပ်စွာပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကိုင်း-မင်းကွန်းလမ်းကို ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ တပ်မတော်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၃)ရက်တွင် အပြီးသက်နယ်မြေရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကောင်တွေစစ်ကိုင်းခွင်ထဲကို ထိုးလိုမရအောင်ပတ်ထိုးနေတာ။ ဒီဟာကတော့ အပြတ်ချေမှုန်းမှာ။ မင်းကွန်းဘက်လမ်းက (၃)ရက်နေ့ တည်းက ပွင့်သွားတာ။ အခုက စစ်ကိုင်း-မင်းကွန်းက ကသွားလို့ပြီ။” လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
ယင်းနေ့၊ ညနေပိုင်းကလည်း Brave Warriors for Myanmar (BWM)ဟု မိမိတို့ဘာသာအမည်တပ်ထားသော PDF အဖွဲ့က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ရည်ရွယ်ကာ ရှော့တိုက်ဒုန်းနှင့် ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်ကိုထိမှန်ခြင်းမရှိကြောင်း သိရသည်။
“(၃)ရက်နေ့မနက် (၆)နာရီ (၁၅)မိနစ်မှာ လက်ပံရွာရဲ့မြောက်ဘက်မှာ ဆယ့်တစ်မီးငြိမ်းဘုရားဆိုတာရှိတယ်။ အဲဒီ ဆယ့်တစ်မီးငြိမ်း ဘုရား ကနေ ရှော့တိုက်ဒုန်း(၂)လုံးပစ်တာ။ အဲဒီနေရာကို ကျွန်တော်တို့က ၆ နာရီခွဲမှာ စစ်ကြောင်းထိုးတာ။ ဒီကောင်တွေက ပစ်ပြီးတော့ ပြန်ပြေးသွားတာ။ နယ်မြေရှင်းလင်းတော့ အဲဒီ PDF တွေက မရှိတော့ဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စစ်ကိုင်းမြို့နယ်အတွင်း၌ PDF များကင်းစင်ရန် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်လျှက် ရှိကြောင်း သိရသည်။
“ဒီကောင်တွေ စစ်ကိုင်းခွင်ထဲမှာ စိုးမိုးလို့မရအောင်ကို ပတ်ထိုးမှာ။ အဲဒီဘက်ကိုတော့ သေချာတာက အပြတ်ချေမှုန်းမှာပဲ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
PDF မ်ား ကာလတစ္ခုအၾကာ ထိန္းခ်ဳပ္ခဲ့ေသာ စစ္ကိုင္း-မင္းကြန္းလမ္းကို တပ္မေတာ္က နယ္ေျမရွင္းလင္းၿပီး လြတ္လပ္စြာျပန္လည္ သြားလာႏိုင္ၿပီ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၆
စစ္ကိုင္းေဒသႀကီးအတြင္းရွိ PDF မ်ား ကာလတစ္ခုအၾကာ ထိန္းခ်ဳပ္ခဲ့ေသာ စစ္ကိုင္း-မင္းကြန္းလမ္းကို တပ္မေတာ္က နယ္ေျမရွင္း လင္းၿပီးေနာက္ လက္ရွိတြင္ လြတ္လပ္စြာျပန္လည္ သြားလာႏိုင္ၿပီျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
စစ္ကိုင္း-မင္းကြန္းလမ္းကို ၿပီးခဲ့သည့္ ရက္ပိုင္းကစတင္ကာ တပ္မေတာ္က စတင္ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ (၃)ရက္တြင္ အၿပီးသက္နယ္ေျမရွင္းလင္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေကာင္ေတြစစ္ကိုင္းခြင္ထဲကို ထိုးလိုမရေအာင္ပတ္ထိုးေနတာ။ ဒီဟာကေတာ့ အျပတ္ေခ်မႈန္းမွာ။ မင္းကြန္းဘက္လမ္းက (၃)ရက္ေန႔ တည္းက ပြင့္သြားတာ။ အခုက စစ္ကိုင္း-မင္းကြန္းက ကသြားလို႔ၿပီ။” လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
ယင္းေန႔၊ ညေနပိုင္းကလည္း Brave Warriors for Myanmar (BWM)ဟု မိမိတို႔ဘာသာအမည္တပ္ထားေသာ PDF အဖြဲ႕က အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္သို႔ရည္႐ြယ္ကာ ေရွာ့တိုက္ဒုန္းႏွင့္ ပစ္ခတ္ခဲ့ေသာ္လည္း ပစ္မွတ္ကိုထိမွန္ျခင္းမရွိေၾကာင္း သိရသည္။
“(၃)ရက္ေန႔မနက္ (၆)နာရီ (၁၅)မိနစ္မွာ လက္ပံ႐ြာရဲ႕ေျမာက္ဘက္မွာ ဆယ့္တစ္မီးၿငိမ္းဘုရားဆိုတာရွိတယ္။ အဲဒီ ဆယ့္တစ္မီးၿငိမ္း ဘုရား ကေန ေရွာ့တိုက္ဒုန္း(၂)လုံးပစ္တာ။ အဲဒီေနရာကို ကြၽန္ေတာ္တို႔က ၆ နာရီခြဲမွာ စစ္ေၾကာင္းထိုးတာ။ ဒီေကာင္ေတြက ပစ္ၿပီးေတာ့ ျပန္ေျပးသြားတာ။ နယ္ေျမရွင္းလင္းေတာ့ အဲဒီ PDF ေတြက မရွိေတာ့ဘူး”ဟု ၎ကဆိုသည္။
လက္ရွိတြင္ စစ္ကိုင္းၿမိဳ႕နယ္အတြင္း၌ PDF မ်ားကင္းစင္ရန္ တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ ေဆာင္လွ်က္ ရွိေၾကာင္း သိရသည္။
“ဒီေကာင္ေတြ စစ္ကိုင္းခြင္ထဲမွာ စိုးမိုးလို႔မရေအာင္ကို ပတ္ထိုးမွာ။ အဲဒီဘက္ကိုေတာ့ ေသခ်ာတာက အျပတ္ေခ်မႈန္းမွာပဲ”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။